သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ နတ္ေခ်ာင္း႐ြာေနအိမ္တခ်ိဳ႕ မီးရႈိ႕ခံရ


နတ္ေခ်ာင္း

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း နတ္ေခ်ာင္း႐ြာမွာ ဒီကေန႔ မနက္ ေနအိမ္တခ်ိဳ႕ မီးရႈိ႕ခံရပါတယ္။ စစ္ေကာင္စီတပ္နဲ႔ ကေလးနဲ႔ခ်င္း ေဒသခံကာကြယ္ေရးပူးေပါင္းအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားအၿပီး မီးေလာင္မႈျဖစ္ခဲ့ပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔တာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း နတ္ေခ်ာင္းရြာမွာ ဒီကေန႔ ဒီဇင္ဘာ ၂၈ ရက္ မနက္ပိုင္းက ေနအိမ္တခ်ိဳ႕ မီး႐ႈိ႕ခံ ခဲ့ ရပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲ႔ြေတြျဖစ္တဲ့ ခ်င္းအမ်ဳိးသားကာကြယ္ ေရး CNDF နဲ႔ ကေလး PDF ပူးေပါင္းတပ္ေတြၾကား တနလၤာေန႔ မနက္အထိ တိုက္ပြဲျဖစ္ခဲ့တာပါ။ တိုက္ ပဲြေတြျဖစ္ၿပီး ေနာက္ခုလုိ နတ္ေခ်ာင္း႐ြာထဲက ေနအိမ္တခ်ဳိ႕ မီး႐ႈိ႕ခံရတယ္လို႔နတ္ေခ်ာင္း ရြာသားတဦးက အခုလိုေျပာပါတယ္။

“ဒီမနက္ေလ (၃) လုံးထပ္ရွိဳ႕ထားတယ္ေနာ္။ဒီမနက္အိမ္ႀကီးႀကီးေတြမီးရွိဳ႕တာဗ်။ မေန႔ကလည္း သုံး- ေလးလုံးေလာက္ပဲ၊ မီးရွိဳ႕ခံရတာ။ ဒီမနက္ေတာ့ (၃) လုံး။ အားလုံးေပါင္း (၁၂)- (၁၃) လံုးေလာက္ရွိၿပီ။ စစ္တပ္ကေပါ့။ ရြာမွာရွိတဲ့အိမ္ေတြကို စစ္တပ္ကပဲ ရွိဳ႕တာဗ်။”

VOA အေနနဲ႔ေတာ့ ဘယ္သူမီး႐ႈိ႕တယ္ဆိုတာ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

နတ္ေခ်ာင္းေက်းရြာ အထက္တန္းေက်ာင္းအနားမွာ စခန္းခ်ထားတဲ့စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ ကာကြယ္ေရးပူးေပါင္းအဖြဲ႔တို႔ ဒီဇင္ဘာ ၂၆ ရက္ေန႔ညကေန ဒီဇင္ဘာ ၂၇ တနလၤာေန႔မနက္ပိုင္းအထိ ပစ္ခတ္တိုက္ခိုက္မွဳျဖစ္ပြားစဥ္ကလည္း အိမ္ (၃) လုံးမီးရွိဳ႕ခံခဲ့ရပါတယ္။ ဒီတိုက္ပြဲမွာ စစ္ေကာင္စီဘက္ကထိခိုက္မွဳအတည္မျပဳနိုင္ေသးေပမဲ့ ပူးေပါင္းတပ္ဖြဲ႔ေတြဘက္ကေတာ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ဝင္ ၂ ဦးက်ဆုံးၿပီး ၆ ဦးေလာက္ အေသးစားထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ PDF ျပန္ၾကားေရး တာဝန္ခံကေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ PDF အဖြဲ႔ကေန တပ္မေတာ္စစ္ေၾကာင္းကို အင္အား (၁၀၀) နဲ႔လာေရာက္ ပစ္ခတ္ခဲ့လို႔ တိုက္ပြဲျဖစ္ပြါးခဲ့ၿပီး စစ္တပ္ဘက္ကလည္း ထိခိုက္မွဳရွိခဲ့တယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာခဲ့ပါတယ္။

နတ္ေခ်ာင္း႐ြာထဲမွာ စစ္တပ္က တပ္စဲြထားသလို တိုက္ပြဲေတြလည္း ျဖစ္ေနတာေၾကာင့္ နတ္ေခ်ာင္း ႐ြာသားေတြဟာ အသက္ေဘးလြတ္ေအာင္ ထြက္ေျပးေနၾကတယ္လို႔ နတ္ေခ်ာင္း ရြာသားကပဲ ဆက္ေျပာပါတယ္။

“နတ္ေခ်ာင္းရြာမွာက်န္ေနခဲ့တဲ့ဟာက သက္ႀကီးပိုင္းေတြေလာက္ပဲ နည္းနည္းေလးပဲ က်န္ေတာ့တယ္ေလ။ အဲဒါလည္း သူတို႔က အတြင္းပိုင္းထဲမွာပုန္းေနၾကတာ။ အျပင္မွာ အဲဒီလိုေတြ႔ရင္ေတြ႔သလိုပစ္သတ္တာ။ အရပ္သားက ေသဆုံးမွဳက က်ေနာ္တို႔ခန္႔မွန္းေျခ (၂၀) ေလာက္ရွိတယ္ဗ်။သူကေတြ႔ရင္ပစ္သတ္တာဗ်။ လမ္းေပၚမွာေလ။ ဖမ္းဆီးတာဘာေတြ မလုပ္ဘူး။”

ၿပီးခဲ့တဲ့ဒီဇင္ဘာ ၂၂ ရက္ေန႔တုန္းက စစ္ေကာင္စီတပ္နဲ႕ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြၾကား ပစ္ခတ္မႈေတြျဖစ္ပြား ၿပီးတဲ့ေနာက္ စစ္တပ္က လက္နက္ႀကီးနဲ႔ ပစ္ခတ္ဖ်က္ဆီးတာအျပင္ ေလယာဥ္အသုံးျပဳၿပီးပါတိုက္ခိုက္ခဲ့ပါတယ္။ ဒီလိုပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ နတ္ေခ်ာင္းရြာခံ ၂၀ ေက်ာ္ေသဆုံးခဲ့ရၿပီး ေနအိမ္ အလုံးေပါင္း ၂၀ နီးပါးပ်က္စီး ဆုံးရႈံးသြားသလို ေထာင္နဲ႔ခ်ီတဲ့ ရြာခံေတြလည္း ေဘးလြတ္ရာကိုတိမ္းေရွာင္ေနၾကရပါတယ္။ အလားတူ ကေလးၿမိဳ႕နယ္ သံဖိုေက်းရြာမွာလည္း တိုက္ပြဲျဖစ္ပြါးမွဳမရွိဘဲ တနလၤာေန႔ မနက္ပိုင္းက စစ္တပ္ကေန ေနအိမ္တခ်ိဳ႕ မီးရွိဳ႕ခဲ့တယ္လို႔ ရြာသားေတြကေျပာပါတယ္။

လက္ရွိသံဖိုေက်းရြာနဲ႔ အနီးဝန္းက်င္က စစ္တပ္စခန္းခ်ထားတဲ့ရန္ႀကီးေအာင္ေက်းရြာသားေတြလဲ ေဘးလြတ္ရာ ကိုတိမ္းေရွာင္ေနၾကရတယ္လို႔ သံဖိုေက်းရြာသားတဦးကေျပာပါတယ္။

“သူတို႔ကစစ္ေရွာင္။ အခုကမျပန္ေသးဘူး။ မျပန္ရဲေသးဘူးသူတို႔က။ခန္႔မွန္းေျခက (၂,၀၀၀) ေက်ာ္ (၃,၀၀၀) နီးပါးေတာ့ထြက္မွာ အခုတေလာ။ ရန္ႀကီးေအာင္ေတာ့ အခုေတာ့သူတို႔ကတရြာလုံးထြက္ေျပးေနတယ္။ ရန္ႀကီးေအာင္ ရြာသားေတြလည္း သူတို႔က အိမ္ေျခ (၁၀၀) ေလာက္ရွိတယ္ဗ်။ ရြာလုံးကြ်တ္ထြက္ေျပးသြားတယ္ဗ်။ ”

အိုးအိမ္ပစ္ၿပီး စစ္ေဘးလြတ္ေအာင္ထြက္ေျပးေနၾကရတဲ့ ႐ြာသားေတြဟာ ေတာထဲမွာ ျဖစ္သလိုေနထိုင္ေန ရတယ္လုိ႔လည္း သူက ေျပာပါတယ္။ ကေလးၿမိဳ႕နယ္ထဲမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြအေပၚ စစ္တပ္က အင္အားသံုး ၿဖိဳခြင္းခဲ့ၿပီးေနာက္ ေဒသခံက မတ္လကုန္ပိုင္းေလာက္ကစၿပီး ရရာလက္နက္နဲ႔ ျပန္လည္တိုက္ခိုက္ခဲ့ၾကပါတယ္။ ကေလးၿမိဳ႕နယ္မွာ အခုလို PDF အဖြဲ႔ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြရွိေနသလို စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ကန္႔ကြက္တဲ့ ဆႏၵျပပြဲေလးေတြလည္း ပံုစံအစံုနဲ႔ ဒီေန႔အထိ ေန႔စဥ္လိုဆက္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ကလေးမြို့ နတ်ချောင်းရွာနေအိမ်တချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာမှာ ဒီကနေ့ မနက် နေအိမ်တချို့ မီးရှို့ ခံရပါတယ်။ စစ်ကောင်စီတပ်နဲ့ ကလေးနဲ့ချင်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားအပြီး မီးလောင်မှုဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက နေအိမ်တချို့ မီးရှို့ခံ ခဲ့ ရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖဲ့ွတွေဖြစ်တဲ့ ချင်းအမျိုးသားကာကွယ် ရေး CNDF နဲ့ ကလေး PDF ပူးပေါင်းတပ်တွေကြား တနင်္လာနေ့ မနက်အထိ တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက် ပွဲတွေဖြစ်ပြီး နောက်ခုလို နတ်ချောင်းရွာထဲက နေအိမ်တချို့ မီးရှို့ခံရတယ်လို့နတ်ချောင်း ရွာသားတဦးက အခုလိုပြောပါတယ်။

“ဒီမနက်လေ (၃) လုံးထပ်ရှို့ထားတယ်နော်။ဒီမနက်အိမ်ကြီးကြီးတွေမီးရှို့တာဗျ။ မနေ့ကလည်း သုံး- လေးလုံးလောက်ပဲ၊ မီးရှို့ခံရတာ။ ဒီမနက်တော့ (၃) လုံး။ အားလုံးပေါင်း (၁၂)- (၁၃) လုံးလောက်ရှိပြီ။ စစ်တပ်ကပေါ့။ ရွာမှာရှိတဲ့အိမ်တွေကို စစ်တပ်ကပဲ ရှို့တာဗျ။”

VOA အနေနဲ့တော့ ဘယ်သူမီးရှို့တယ်ဆိုတာ သီးခြား အတည်မပြုနိုင်သေးပါဘူး။

နတ်ချောင်းကျေးရွာ အထက်တန်းကျောင်းအနားမှာ စခန်းချထားတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ဒီဇင်ဘာ ၂၆ ရက်နေ့ညကနေ ဒီဇင်ဘာ ၂၇ တနင်္လာနေ့မနက်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားစဉ်ကလည်း အိမ် (၃) လုံးမီးရှို့ခံခဲ့ရပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်မှုအတည်မပြုနိုင်သေးပေမဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၆ ဦးလောက် အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ PDF အဖွဲ့ကနေ တပ်မတော်စစ်ကြောင်းကို အင်အား (၁၀၀) နဲ့လာရောက် ပစ်ခတ်ခဲ့လို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

နတ်ချောင်းရွာထဲမှာ စစ်တပ်က တပ်စွဲထားသလို တိုက်ပွဲတွေလည်း ဖြစ်နေတာကြောင့် နတ်ချောင်း ရွာသားတွေဟာ အသက်ဘေးလွတ်အောင် ထွက်ပြေးနေကြတယ်လို့ နတ်ချောင်း ရွာသားကပဲ ဆက်ပြောပါတယ်။

“နတ်ချောင်းရွာမှာကျန်နေခဲ့တဲ့ဟာက သက်ကြီးပိုင်းတွေလောက်ပဲ နည်းနည်းလေးပဲ ကျန်တော့တယ်လေ။ အဲဒါလည်း သူတို့က အတွင်းပိုင်းထဲမှာပုန်းနေကြတာ။ အပြင်မှာ အဲဒီလိုတွေ့ရင်တွေ့သလိုပစ်သတ်တာ။ အရပ်သားက သေဆုံးမှုက ကျနော်တို့ခန့်မှန်းခြေ (၂၀) လောက်ရှိတယ်ဗျ။သူကတွေ့ရင်ပစ်သတ်တာဗျ။ လမ်းပေါ်မှာလေ။ ဖမ်းဆီးတာဘာတွေ မလုပ်ဘူး။”

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပစ်ခတ်မှုတွေဖြစ်ပွား ပြီးတဲ့နောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးတာအပြင် လေယာဉ်အသုံးပြုပြီးပါတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နတ်ချောင်းရွာခံ ၂၀ ကျော်သေဆုံးခဲ့ရပြီး နေအိမ် အလုံးပေါင်း ၂၀ နီးပါးပျက်စီး ဆုံးရှုံးသွားသလို ထောင်နဲ့ချီတဲ့ ရွာခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။ အလားတူ ကလေးမြို့နယ် သံဖိုကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွါးမှုမရှိဘဲ တနင်္လာနေ့ မနက်ပိုင်းက စစ်တပ်ကနေ နေအိမ်တချို့ မီးရှို့ခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။

လက်ရှိသံဖိုကျေးရွာနဲ့ အနီးဝန်းကျင်က စစ်တပ်စခန်းချထားတဲ့ရန်ကြီးအောင်ကျေးရွာသားတွေလဲ ဘေးလွတ်ရာ ကိုတိမ်းရှောင်နေကြရတယ်လို့ သံဖိုကျေးရွာသားတဦးကပြောပါတယ်။

“သူတို့ကစစ်ရှောင်။ အခုကမပြန်သေးဘူး။ မပြန်ရဲသေးဘူးသူတို့က။ခန့်မှန်းခြေက (၂,၀၀၀) ကျော် (၃,၀၀၀) နီးပါးတော့ထွက်မှာ အခုတလော။ ရန်ကြီးအောင်တော့ အခုတော့သူတို့ကတရွာလုံးထွက်ပြေးနေတယ်။ ရန်ကြီးအောင် ရွာသားတွေလည်း သူတို့က အိမ်ခြေ (၁၀၀) လောက်ရှိတယ်ဗျ။ ရွာလုံးကျွတ်ထွက်ပြေးသွားတယ်ဗျ။ ”

အိုးအိမ်ပစ်ပြီး စစ်ဘေးလွတ်အောင်ထွက်ပြေးနေကြရတဲ့ ရွာသားတွေဟာ တောထဲမှာ ဖြစ်သလိုနေထိုင်နေ ရတယ်လို့လည်း သူက ပြောပါတယ်။ ကလေးမြို့နယ်ထဲမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် စစ်တပ်က အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ဒေသခံက မတ်လကုန်ပိုင်းလောက်ကစပြီး ရရာလက်နက်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ ကလေးမြို့နယ်မှာ အခုလို PDF အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲလေးတွေလည်း ပုံစံအစုံနဲ့ ဒီနေ့အထိ နေ့စဉ်လိုဆက်ရှိနေပါတယ်။

#MyanmarViolence #VOABurmese

#ကလေးမြို့ #နတ်ချောင်းရွာ #စစ်ကောင်စီ #နေအိမ်မီးရှို့ #တိုက်ပွဲဖြစ် #ဗွီအိုအေ

=========

XS
SM
MD
LG