သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ဒုသမၼတ အာရွခရီးမွာ ျမန္မာ့အေရးေဆြးေႏြးဖို႔ရွိ 


အေမရိကန္ ဒုသမၼတ Kamala Harris

[[Zawgyi/Unicode]]

အေမရိကန္ဒုသမၼတ Kamala Harris ရဲ႕ ဒီသီတင္းပတ္ အာရွခရီးစဥ္မွာ ျမန္မာႏိုင္ငံ့အေရးကိစၥအျပင္ ေဒသတြင္းလုံၿခဳံေရး၊ စီးပြားေရးနဲ႔ ရာသီဥတုေဖါက္ျပန္‌ ေျပာင္းလဲမႈ အၾကပ္အတည္းကိစၥေတြကို ေဆြးေႏြးမယ့္အေၾကာင္း အေမရိကန္အစိုးရ ထိပ္တန္းအရာရွိတဦးရဲ႕ေျပာဆိုခ်က္ကိုကိုးကားၿပီး ႐ိုက္တာ သတင္းမွာ ေဖၚျပထားပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ စေနေန႔က်င္းပမယ့္ အာရွပစိဖိတ္ေဒသ စီးပြားေရးပူေပါင္းေဆာင္႐ြက္မႈ APEC ထိပ္သီးညီလာခံကို ဒုသမၼတ Kamala Harris တက္ေရာက္မွာျဖစ္ၿပီး အာရွခရီးစဥ္အတြင္း ထိုင္းနဲ႔ဖိလစ္ပိုင္ႏွစ္ႏိုင္ငံကို ဒုသမၼတ Kamala Harris သြားေရာက္မွာျဖစ္ပါတယ္။ ဒုသမၼတ Harris ဟာ စေနေန႔မွာထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha နဲ႔ ေတြ႕ဆုံမယ္လို႔ေမွ်ာ္လင့္ရၿပီး တနလၤာေန႔မွာေတာ့ ဖိလစ္ပိုင္ သမၼတ Ferdinand Marcos Jr. နဲ႔ ေတြ႕ဆုံမယ့္အေၾကာင္း အေမရိကန္အစိုးရအရာရွိက ေျပာဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ အာရွပစိဖိတ္ေဒသအတြက္ ပိုမိုေကာင္းမြန္တဲ့ စီးပြားေရး လက္တြဲဘက္ျဖစ္တယ္ဆိုတာကို ေဒသတြင္းနိင္ငံေတြကို အဓိက နားခ်တိုက္တြန္းမယ့္အေၾကာင္း CNN သတင္းဌာနက ေရးပါတယ္။ ထိုင္းႏိုင္ငံမွာ က်င္းပမယ့္ APEC ညီလာခံမွာ တ႐ုတ္သမၼတ Xi Jinping နဲ႔ အဖြဲ႕ဝင္ ၂၁ ႏိုင္ငံက ႏိုင္ငံေခါင္းေဆာင္ေတြ၊ ဝန္ႀကီးေတြ၊ အစိုးရအရာရွိေတြ တက္ေရာက္ပါလိမ့္မယ္။

ေရွ႕ႏွစ္ ၂၀၂၃ ခုႏွစ္ က်င္းပမယ့္ APEC အစည္းအေဝးကို အေမရိကန္ျပည္ေထာင္စုက အိမ္ရွင္အျဖစ္ က်င္းပမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ကန်ဒုသမ္မတ အာရှခရီးမှာ မြန်မာ့အရေးဆွေးနွေးဖို့ရှိ

အမေရိကန်ဒုသမ္မတ Kamala Harris ရဲ့ ဒီသီတင်းပတ် အာရှခရီးစဉ်မှာ မြန်မာနိုင်ငံ့အရေးကိစ္စအပြင် ဒေသတွင်းလုံခြုံရေး၊ စီးပွားရေးနဲ့ ရာသီဥတုဖေါက်ပြန်‌ပြောင်းလဲမှု အကြပ်အတည်းကိစ္စတွေကို ဆွေးနွေးမယ့်အကြောင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတဦးရဲ့ပြောဆိုချက်ကိုကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စနေနေ့ကျင်းပမယ့် အာရှပစိဖိတ်ဒေသ စီးပွားရေးပူပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကို ဒုသမ္မတ Kamala Harris တက်ရောက်မှာဖြစ်ပြီး အာရှခရီးစဉ်အတွင်း ထိုင်းနဲ့ဖိလစ်ပိုင်နှစ်နိုင်ငံကို ဒုသမ္မတ Kamala Harris သွားရောက်မှာဖြစ်ပါတယ်။ ဒုသမ္မတ Harris ဟာ စနေနေ့မှာထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ တွေ့ဆုံမယ်လို့မျှော်လင့်ရပြီး တနင်္လာနေ့မှာတော့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. နဲ့ တွေ့ဆုံမယ့်အကြောင်း အမေရိကန်အစိုးရအရာရှိက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အာရှပစိဖိတ်ဒေသအတွက် ပိုမိုကောင်းမွန်တဲ့ စီးပွားရေး လက်တွဲဘက်ဖြစ်တယ်ဆိုတာကို ဒေသတွင်းနိင်ငံတွေကို အဓိက နားချတိုက်တွန်းမယ့်အကြောင်း CNN သတင်းဌာနက ရေးပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် APEC ညီလာခံမှာ တရုတ်သမ္မတ Xi Jinping နဲ့ အဖွဲ့ဝင် ၂၁ နိုင်ငံက နိုင်ငံခေါင်းဆောင်တွေ၊ ဝန်ကြီးတွေ၊ အစိုးရအရာရှိတွေ တက်ရောက်ပါလိမ့်မယ်။

ရှေ့နှစ် ၂၀၂၃ ခုနှစ် ကျင်းပမယ့် APEC အစည်းအဝေးကို အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

XS
SM
MD
LG