သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္နဲ႔အတူ ခိုင္မာစြာ ဆက္လက္ရပ္တည္သြားမယ္ (ကန္ ဒုသမၼတ)


အေမရိကန္ဒုသမၼတ Kamala Harris (ဝဲ) နဲ႔ဖိလစ္ပိုင္သမၼတ Ferdinand 'Bongbong' Marcos Jr တို႔ ဖိလစ္ပိုင္ႏိုင္ငံ၊ ၿမိဳ႕ေတာ္မနီလာက Malacanang နန္းေတာ္မွာ ေတြ႔ဆံုစဥ္။ (ႏိုဝဘင္ဘာ ၂၁၊၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္အေနနဲ႔ ဖိလစ္ပိုင္ႏိုင္ငံအတြက္ ခိုင္ခိုင္မာမာ ရပ္တည္ ေထာက္ခံေပးသြားမယ္လို႔ ဖိလစ္ပိုင္ႏိုင္ငံမွာ ေရာက္ေနတဲ့ ဒုသမၼတ Kamala Harris က ဖိလစ္ပိုင္သမၼတနဲ႔ ဒီကေန႔ ေတြ႕ဆုံခ်ိန္မွာ ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ဒုသမၼတ Harris ဟာ ေဒသတြင္း တ႐ုတ္တို႔ရဲ႕ ၾသဇာႀကီးထြားလာေနမႈကို တန္ျပန္လုပ္ေဆာင္ေရးနဲ႔ ဖိလစ္ပိုင္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ အေျခအေနေတြေၾကာင့္ ႏွစ္ႏိုင္ငံအၾကားက ဆက္ဆံေရး ျပန္လည္ ေျပလည္ေအာင္ ေဆာင္႐ြက္ဖို႔တို႔အတြက္ ရည္႐ြယ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံကို သြားေရာက္ေနတာ ျဖစ္ပါတယ္။ ဒုသမၼတ Harris ဟာ ဖိလစ္ပိုင္သမၼတ Ferdinand Marcos Jr. ဇြန္လမွာ အာဏာရလာၿပီးတဲ့ေနာက္ပိုင္း ပထမဆုံးလာေရာက္တဲ့ အဆင့္အျမင့္ဆုံး အေမရိကန္ ေခါင္းေဆာင္တဦးလည္း ျဖစ္ပါတယ္။ မဟာမိတ္ေတြအျဖစ္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ တည္ရွိခဲ့တဲ့ အေမရိကန္နဲ႔ ဖိလစ္ပိုင္ဆက္ဆံေရးဟာ တ႐ုတ္နဲ႔ ပိုမိုနီးစပ္တဲ့ သမၼတေဟာင္း Rodrigo Duterte လက္ထက္မွာ အဆင္မေျပ ျဖစ္ခဲ့ၿပီးေနာက္ အခု ဒုသမၼတ Kamala Harris သြားေရာက္တာလည္း ျဖစ္ပါတယ္။

ဒုသမၼတ Harris ဟာ ဒီခရီးစဥ္အတြင္း ဖိလစ္ပိုင္ ဒုသမၼတလည္းျဖစ္၊ အရင္သမၼတေဟာင္း Rodrigo Duterte ရဲ႕ သမီးလည္းျဖစ္သူ Sara Duterte နဲ႔လည္း ေတြ႔ဆုံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ဖိလစ်ပိုင်နဲ့အတူ ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမယ် (ကန် ဒုသမ္မတ)

အမေရိကန်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ခိုင်ခိုင်မာမာ ရပ်တည် ထောက်ခံပေးသွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေတဲ့ ဒုသမ္မတ Kamala Harris က ဖိလစ်ပိုင်သမ္မတနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်ဒုသမ္မတ Harris ဟာ ဒေသတွင်း တရုတ်တို့ရဲ့ သြဇာကြီးထွားလာနေမှုကို တန်ပြန်လုပ်ဆောင်ရေးနဲ့ ဖိလစ်ပိုင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံအကြားက ဆက်ဆံရေး ပြန်လည် ပြေလည်အောင် ဆောင်ရွက်ဖို့တို့အတွက် ရည်ရွယ်ပြီး ဖိလစ်ပိုင်နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။ ဒုသမ္မတ Harris ဟာ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ဇွန်လမှာ အာဏာရလာပြီးတဲ့နောက်ပိုင်း ပထမဆုံးလာရောက်တဲ့ အဆင့်အမြင့်ဆုံး အမေရိကန် ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ မဟာမိတ်တွေအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်ဆက်ဆံရေးဟာ တရုတ်နဲ့ ပိုမိုနီးစပ်တဲ့ သမ္မတဟောင်း Rodrigo Duterte လက်ထက်မှာ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် အခု ဒုသမ္မတ Kamala Harris သွားရောက်တာလည်း ဖြစ်ပါတယ်။

ဒုသမ္မတ Harris ဟာ ဒီခရီးစဉ်အတွင်း ဖိလစ်ပိုင် ဒုသမ္မတလည်းဖြစ်၊ အရင်သမ္မတဟောင်း Rodrigo Duterte ရဲ့ သမီးလည်းဖြစ်သူ Sara Duterte နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG