သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေမာၻဇတိုင္းသတင္းအယ္ဒီတာခ်ဳပ္ဖမ္းဆီးခံရ


Myanmar

(zawgyi/unicode)

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕အေျခစိုက္ ကေမာၻဇတိုင္း(KBZ Tai) သတင္းဌာနရဲ႕အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇယ်ကို စစ္ေကာင္စီလုံၿခဳံေရးအာဏာပိုင္ေတြက မေန႔ ဒီဇင္ဘာလ ၂၅ ရက္ မနက္ပိုင္းက ဖမ္းဆီးခဲ့ပါတယ္။ ဘယ္ကိုဖမ္းဆီးသြားသလဲဆိုတာကိုေတာ့ အခုအခ်ိန္အထိ မိသားစုဝင္ေတြက မသိရေသးပါဘူး။ ရန္ကုန္က ေမးျမန္းသတင္းေပးပို႔ထားပါတယ္။

စစ္တပ္နဲ႔ရဲ ပူးေပါင္းအဖြဲ႕ေတြက ဦးေက်ာ္ေဇယ်ကို ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ မွာရွိတဲ့ သူ႔ရဲ႕မိဘေတြအိမ္မွာ မေန႔မနက္ပိုင္း ၃ နာရီေက်ာ္က ဖမ္းဆီးသြားခဲ့တာျဖစ္တယ္လို႔ သူနဲ႔နီးစပ္သူကအတည္ျပဳ ေျပာျပပါတယ္။

“သူ႔ကို မေန႔ကတည္းက သူေရွာင္ေနတဲ့ ႐ြာတ႐ြာကေန ဖမ္းသြားပါတယ္။ ႀကိဳ႕ ပင္ေကာက္နားက႐ြာေပါ့။ မေန႔မနက္ ၃ နာရီေလာက္ကလာေခၚၿပီးေတာ့ ႀကိဳ႕ ပင္ေကာက္ ရဲစခန္းမွာစစ္တာ။ ေန႔လယ္ ၂ နာရီေလာက္၊ အုတ္ဖိုၿမိဳ႕က စရဖကို ေခၚသြားတယ္လို႔သိရတယ္။ ခုက အုတ္ဖို စရဖထဲမွာပဲ စစ္ေၾကာေရးလုပ္ေနတယ္လို႔သိရတယ္။ အာဏာသိမ္းကတည္းက သတင္းမီဒီယာသမားဆိုၿပီး သူ႔ကိုလိုခ်င္ေနတာပါ။ သူ႔ကို စိုးရိမ္ပါတယ္။ စစ္ေၾကာေရးမွာ ေျခလြန္လက္လြန္ေတြျဖစ္ကုန္မွာကို အေတာ္ေလးစိုးရိမ္ေနပါတယ္။’’

သူ႔ကို ႀကိဳပင္ေကာက္ရဲစခန္းကေန အုတ္ဖိုၿမိဳ႕နယ္ စစ္ဘက္ေရးရာလုံၿခဳံေရး စရဖက လက္လႊဲယူစစ္ေဆးေနတယ္ဆိုေပမယ့္လည္း ဒါကို သီးျခားအတည္မျပဳႏိုင္သလို မိသားစုဝင္ေတြလည္း ခုအခ်ိန္အထိ ဆက္သြယ္လို႔မရေသးပါဘူး။ ဦးေက်ာ္ေဇယ်ဟာ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္က လိုက္လံ ဖမ္းဆီးေနတာေၾကာင့္ ၂၀၂၁ ခုႏွစ္၊ မတ္လကတည္းက ေတာင္ႀကီးၿမိဳ႕ကေန တိမ္းေရွာင္ေနရသူျဖစ္ပါတယ္။

ကေမာၻဇတိုင္းသတင္းဌာနက တာဝန္ခံအယ္ဒီတာ အမ်ိဳးသမီးအပါအဝင္ ၄ ဦး ကိုေတာ့ ၂၀၂၁ ခုႏွစ္၊ မတ္လကတည္းက စစ္ေကာင္စီကဖမ္းဆီးၿပီး ပုပ္မ ၅၀၅-ကနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္စီခ်မွတ္ခဲ့ပါတယ္။ အဲဒီ ၄ ဦးကေတာ့ အမႈအတြက္ အယူခံႏိုင္ခဲ့ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့လပိုင္းကမွ ျပန္လြတ္လာၾကၿပီးျဖစ္ပါတယ္။ အဲဒီ အဖမ္းခံရတဲ့ ၄ ဦးထဲက တာဝန္ခံအယ္ဒီတာအမ်ိဳးသမီးဟာ ခုဖမ္းခံရတဲ့ ကေမာၻဇတိုင္း(KBZ Tai) သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇယ်ရဲ႕အမ်ိဳးသမီးျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ကမာ႐ြတ္သတင္းမီဒီယာကိုပူးတြဲတည္ေထာင္သူ ကိုဟံသာညိန္းကို အီလက္ထေရာနစ္ပုဒ္မ ၃၃ ေထာင္ဒဏ္ ၅ ႏွစ္ ထပ္မံအမိန႔္ခ်ပါတယ္။ သူ႔ကိုေတာ့ ပုဒ္မ ၅၀၅(က)နဲ႔ ေထာင္ဒဏ္ႏွစ္ႏွစ္ မူလက ခ်မွတ္ထားတာပါ။

ျမန္မာမွာ စစ္အာဏာသိမ္းမႈ ၂ ႏွစ္ထဲဝင္လာခ်ိန္မွာ စစ္တပ္က သတင္းသမားေတြအေပၚ ဖိႏွိပ္မႈေတြဟာ ပိုျမင့္တက္လာေနၿပီး ႏွစ္ရွည္ေထာင္ခ်ႏိုင္တဲ့ ပုဒ္မေတြနဲ႔ တရားစြဲဆိုတာ၊ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္တာေတြ လုပ္လ်က္ရွိပါတယ္။ လက္ရွိမွာ ျမန္မာအက်ဥ္းေထာင္ေတြထဲ အက်ဥ္းခ်၊ ဖမ္းဆီး ခံထားရတဲ့ သတင္းသမား ၄၀ ထက္မနည္းရွိေနတယ္လို႔ ျပည္တြင္းသတင္းေထာက္ေတြ စုစည္းထားတဲ့စာရင္းေတြကေဖာ္ျပထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ သတင္းေထာက္ေတြကို သတင္းလုပ္ငန္းေတြေၾကာင့္ ဖမ္းဆီးတာမ်ိဳးမရွိဘဲ ဥပေဒခ်ိဳးေဖာက္တာေၾကာင့္ ဖမ္းဆီးတာျဖစ္တယ္လို႔ပဲ တုံ႔ျပန္ခဲ့ပါတယ္။

ကေမာၻဇတိုင္းသတင္းအယ္ဒီတာခ်ဳပ္ ဖမ္းဆီးခံရ.mp3
please wait

No media source currently available

0:00 0:02:26 0:00
တိုက္႐ိုက္ လင့္ခ္

(unicode)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်း(KBZ Tai) သတင်းဌာနရဲ့အယ်ဒီတာချုပ် ဦးကျော်ဇေယျကို စစ်ကောင်စီလုံခြုံရေးအာဏာပိုင်တွေက မနေ့ ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။ ဘယ်ကိုဖမ်းဆီးသွားသလဲဆိုတာကိုတော့ အခုအချိန်အထိ မိသားစုဝင်တွေက မသိရသေးပါဘူး။ ရန်ကုန်က မေးမြန်းသတင်းပေးပို့ထားပါတယ်။

စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တွေက ဦးကျော်ဇေယျကို ပဲခူးတိုင်း၊ ကြို့ပင်ကောက် မှာရှိတဲ့ သူ့ရဲ့မိဘတွေအိမ်မှာ မနေ့မနက်ပိုင်း ၃ နာရီကျော်က ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သူနဲ့နီးစပ်သူကအတည်ပြု ပြောပြပါတယ်။

“သူ့ကို မနေ့ကတည်းက သူရှောင်နေတဲ့ ရွာတရွာကနေ ဖမ်းသွားပါတယ်။ ကြို့ ပင်ကောက်နားကရွာပေါ့။ မနေ့မနက် ၃ နာရီလောက်ကလာခေါ်ပြီးတော့ ကြို့ ပင်ကောက် ရဲစခန်းမှာစစ်တာ။ နေ့လယ် ၂ နာရီလောက်၊ အုတ်ဖိုမြို့က စရဖကို ခေါ်သွားတယ်လို့သိရတယ်။ ခုက အုတ်ဖို စရဖထဲမှာပဲ စစ်ကြောရေးလုပ်နေတယ်လို့သိရတယ်။ အာဏာသိမ်းကတည်းက သတင်းမီဒီယာသမားဆိုပြီး သူ့ကိုလိုချင်နေတာပါ။ သူ့ကို စိုးရိမ်ပါတယ်။ စစ်ကြောရေးမှာ ခြေလွန်လက်လွန်တွေဖြစ်ကုန်မှာကို အတော်လေးစိုးရိမ်နေပါတယ်။’’

သူ့ကို ကြိုပင်ကောက်ရဲစခန်းကနေ အုတ်ဖိုမြို့နယ် စစ်ဘက်ရေးရာလုံခြုံရေး စရဖက လက်လွှဲယူစစ်ဆေးနေတယ်ဆိုပေမယ့်လည်း ဒါကို သီးခြားအတည်မပြုနိုင်သလို မိသားစုဝင်တွေလည်း ခုအချိန်အထိ ဆက်သွယ်လို့မရသေးပါဘူး။ ဦးကျော်ဇေယျဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က လိုက်လံ ဖမ်းဆီးနေတာကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက တောင်ကြီးမြို့ကနေ တိမ်းရှောင်နေရသူဖြစ်ပါတယ်။

ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာ အမျိုးသမီးအပါအဝင် ၄ ဦး ကိုတော့ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက စစ်ကောင်စီကဖမ်းဆီးပြီး ပုပ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။ အဲဒီ ၄ ဦးကတော့ အမှုအတွက် အယူခံနိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လပိုင်းကမှ ပြန်လွတ်လာကြပြီးဖြစ်ပါတယ်။ အဲဒီ အဖမ်းခံရတဲ့ ၄ ဦးထဲက တာဝန်ခံအယ်ဒီတာအမျိုးသမီးဟာ ခုဖမ်းခံရတဲ့ ကမ္ဘောဇတိုင်း(KBZ Tai) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျရဲ့အမျိုးသမီးဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကမာရွတ်သတင်းမီဒီယာကိုပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို အီလက်ထရောနစ်ပုဒ်မ ၃၃ ထောင်ဒဏ် ၅ နှစ် ထပ်မံအမိန့်ချပါတယ်။ သူ့ကိုတော့ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်နှစ်နှစ် မူလက ချမှတ်ထားတာပါ။

မြန်မာမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ထဲဝင်လာချိန်မှာ စစ်တပ်က သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေဟာ ပိုမြင့်တက်လာနေပြီး နှစ်ရှည်ထောင်ချနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာတွေ လုပ်လျက်ရှိပါတယ်။ လက်ရှိမှာ မြန်မာအကျဉ်းထောင်တွေထဲ အကျဉ်းချ၊ ဖမ်းဆီး ခံထားရတဲ့ သတင်းသမား ၄၀ ထက်မနည်းရှိနေတယ်လို့ ပြည်တွင်းသတင်းထောက်တွေ စုစည်းထားတဲ့စာရင်းတွေကဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းထောက်တွေကို သတင်းလုပ်ငန်းတွေကြောင့် ဖမ်းဆီးတာမျိုးမရှိဘဲ ဥပဒေချိုးဖောက်တာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ပဲ တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG