သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီတိုက္ပြဲ ဖမ္းခံရသူ PDF ေတြ ႐ုပ္အေလာင္းပဲျပန္ရ


Kani Township

Zawgyi/Unicode

စစ္ကိုင္းတိုင္းေဒသႀကီး ကနီနယ္ထဲ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF ေတြ မၾကာခဏဆိုသလို တိုက္ပြဲျဖစ္ပြားေနၿပီး တိုက္ပြဲအတြင္း ဖမ္းဆီးခံရသူေတြကိုလည္း အေလာင္းပဲ ျပန္ရေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ တိုက္ပြဲျဖစ္တဲ့အနီးအနား ေဒသခံအမ်ားအျပားလည္း ထြက္ေျပးေနရသလို အကူညီေတြလည္း လိုအပ္ေနပါတယ္။ ဒါ့အျပင္ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕ ဗဟင္းေက်း႐ြာ ရဲစခန္းအနီးပစ္ခတ္မႈမွာ PDF ေခါင္းေဆာင္တဦးေသဆုံး ခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ကနီနယ္ထဲက ေတာင္ေပါက္ေက်း႐ြာ အနီးမွာ ဇူလိုင္ ၂၇ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေဒသခံ PDF အခ်ိဳ႕ေပ်ာက္ဆုံးခဲ့ရာမွာ၊ မေန႔ ၾသဂုတ္ ၁ ရက္ေန႔မွာေတာ့ ေပ်ာက္ဆုံးေနသူ ႐ုပ္အေလာင္းေတြ ျပန္ေတြ႔ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေတာင္ေပါက္ဆိုတာ ကနီရဲ႕အေနာက္ဖက္ ကနီကေန ကင္းကိုသြားတဲ့လမ္းေပ်ာက္ဆုံးသြားတဲ့သူေတြကို လိုက္ရင္းလိုက္ရင္းနဲ႔ အကုန္ပတ္ခ်ာလည္ရွာေတာ့မွ အခုလိုမ်ိဳးေတြ႔တာ မေန႔ကမွ ျပန္ေတြ႔ၾကတာ။ သရက္ေတာက ၇ ေယာက္ ကနီက ၃ ေယာက္၊ ခိုတြင္းက ၂ ေယာက္။”

ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြကို စစ္ေကာင္စီဘက္က လမ္းမွာ ၾကားျဖတ္တိုက္ခိုက္ခံရၿပီး ေဒသခံကာကြယ္ေရးအဖြဲ႔ေတြက ျပန္ဆုတ္ခ်ိန္မွာ ဖမ္းဆီးခံလိုက္ရသလို တခ်ိဳ႕က ဒဏ္ရာရရွိခဲ့ၿပီး က်န္ရွိခဲ့တာပါ။ က်န္ရွိတဲ့သူေတြကို ေနာက္ရက္ သြားရွာရာမွာေတာ့ အခုလိုအေလာင္းပဲ ျပန္ေတြ႔ခဲ့တာ ျဖစ္ပါတယ္။

ဒီအလို အစုလိုက္အၿပဳံလိုက္ လူေသအေလာင္းေတြ႔ရွိတာဟာ တတိယအႀကိမ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇူလိုင္ ၉ ရက္နဲ႔ ၁၀ ရက္မွာလည္း ကနီနယ္ထဲက ယင္းေက်း႐ြာအနီးက ေတာထဲမွာ စစ္ေဘးဒုကၡသည္ေတြကို ဖမ္းဆီးၿပီး အမ်ိဳးသမီးေတြကို ျပန္လႊတ္ေပးၿပီးေနာက္ အမ်ိဳးသား ၁၅ ေယာက္ကို စစ္ေကာင္စီဘက္က သတ္ျဖတ္ခဲ့တယ္လို႔ ျပန္လြတ္လာသူေတြက ေျပာပါတယ္။ ဒါ့အျပင္ ဇူလိုင္ ၂၆ ရက္ကနီနယ္ ထဲက ဇီပင္ကြင္းေက်း႐ြာအနီးမွာ ေဒသခံ PDF ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ဒဏ္ရာ ရရွိၿပီး ဖမ္းဆီးခံရသူေတြကို ေဒသခံေတြက သြားေရာက္ရွာေဖြရာမွာ က်င္းထဲျမႇဳပ္ထားတဲ့ အေလာင္း ၉ ေလာင္းေတြ႔ရွိခဲ့ၿပီး မျမွဳပ္ႏွံထားတဲ့ ႐ုပ္အေလာင္း ၃ ေလာင္း စုစုေပါင္း ၁၂ ေလာင္း ေတြ႔ရွိခဲ့ပါတယ္။ ဒီလို လူေသအေလာင္းေတြ အစုလိုက္အၿပဳံလိုက္ေတြ႔ရွိေနတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တိတိပပ သတင္းထုတ္ျပန္တာေတာ့မရွိေသးပါဘူး။

ကနီနယ္ထဲက ေက်း႐ြာေတြ ေတာ္ေတာ္မ်ားမ်ား ထြက္ေျပးတိမ္းေရွာင္ေနရသလို အကူအညီေတြလိုအပ္ေနတယ္လို႔ ေဒသခံ တဦးက အခုလိုေျပာပါတယ္။

“ေတာထဲေတာင္ထဲဆိုေတာ့ အစအစ အရာရာ အျခားနီးစပ္ရာ႐ြာေတြေကာ ထြက္ေျပးရတာဆိုေတာ့ ေဆးဝါးေတြလိုတယ္။ အစားအေသာက္ေတြလိုတယ္ ေစာင္ျခင္ေထာင္ကအစ လိုတယ္ တခ်ိဳ႕ေတြက ျဗဳန္းစားႀကီး ထြက္ရတဲ့သူေတြဆိုေတာ့ ခ်ိဳ႕တဲ့သူေတြသာဆို ပိုၿပီးဒုကၡေရာက္မွာ တခ်ိဳ႕ဆို မိုးကာတဲေလးေတြနဲ႔ အပင္ေတြေအာက္ အိပ္ရတယ္။ မိုးမလုံဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေတြေပါ့။”

ဒါက စစ္ကိုင္းတိုင္း ကနီနယ္ထဲကအေျခအေနပါ။ တဆက္တည္းမွာပဲ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ထဲက ဗဟင္းေက်း႐ြာ ရဲစခန္းနားမွာ ၾသဂုတ္ ၁ ရက္ မနက္ပိုင္းက စစ္ေကာင္စီတပ္ဖြဲ႔ေတြနဲ႔ PDF တပ္ဖြဲ႔ဝင္အခ်ိဳ႕ ပစ္ခတ္တာျဖစ္ပြားၿပီး ၿမိဳင္ PDF ေခါင္းေဆာင္ကို ဖိုးေဌးေသဆုံးခဲ့ပါတယ္။ ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ၿမိဳင္ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ဗဟင္းစခန္းရဲ႕ေရွ႕ကို အခုေသသြားတဲ့ PDF ေခါင္းေဆာင္က ဗဟင္းစခန္းေရွ႕က ျဖတ္ၿပီးအသြား ဗဟင္းစခန္းက ေကာင္ေတြက သူ႔ကိုေတြ႔လိုက္လု႔ိဆိုၿပီး အေနာက္ကေနလိုက္တာ သူ႔ကိုလိုက္မွန္းသိေတာ့ သူနဲ႔ပါလာတဲ့ ကေလးေတြ ထိမွာစိုးလို႔ သူကခံၿပီးပစ္တာ။ သူလည္းက်တယ္။ အဲ့စခန္းက စခန္းမႉးျဖစ္ဖို႔မ်ားတယ္။ သူလည္းက်တယ္။”

စခန္းမႉးေသဆုံးတာနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္ျပဳခ်က္မရပါဘူး။ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဗဟင္းေက်း႐ြာ ရဲစခန္းအနီးမွာ လုံၿခဳံေရးပိုတင္းက်ပ္ထားၿပီး ဗဟင္းေက်း႐ြာသားေတြလည္း ေၾကာက္လန႔္ၿပီး ထြက္ေျပးေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တဆက္တည္းမွာပဲ ဇူလိုင္ ၃၁ ရက္က ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္း ဝန္းၿခဳံ႐ြာအနီးမွာ ေဒသခံ PDF ေတြနဲ႔ စစ္ေကာင္စီနဲ႔နီးစပ္သူ ပ်ဴေစာထီးအဖြဲ႔ဝင္ေတြ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေဒသခံ PDFေတြတိုက္ခိုက္မႈေၾကာင့္ ပ်ဴေစာထီးအဖြဲ႔ဝင္ ၂၀ ခန႔္ ေသဆုံးခဲ့ တယ္လို႔ PDF ဘက္က ေျပာပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႐ြာသားေတြ တိမ္းေရွာင္ေနရၿပီး အကူအညီေတြလည္းလို အပ္ေနသလို တိုက္ပြဲေတြ ဆက္ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Unicode

ကနီတိုက်ပွဲ ဖမ်းခံရသူ PDF တွေ ရုပ်အလောင်းပဲပြန်ရ

စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ဖမ်းဆီးခံရသူတွေကိုလည်း အလောင်းပဲ ပြန်ရနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့အနီးအနား ဒေသခံအများအပြားလည်း ထွက်ပြေးနေရသလို အကူညီတွေလည်း လိုအပ်နေပါတယ်။ ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့ ဗဟင်းကျေးရွာ ရဲစခန်းအနီးပစ်ခတ်မှုမှာ PDF ခေါင်းဆောင်တဦးသေဆုံး ခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ်ထဲက တောင်ပေါက်ကျေးရွာ အနီးမှာ ဇူလိုင် ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသခံ PDF အချို့ပျောက်ဆုံးခဲ့ရာမှာ၊ မနေ့ သြဂုတ် ၁ ရက်နေ့မှာတော့ ပျောက်ဆုံးနေသူ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“တောင်ပေါက်ဆိုတာ ကနီရဲ့အနောက်ဖက် ကနီကနေ ကင်းကိုသွားတဲ့လမ်းပျောက်ဆုံးသွားတဲ့သူတွေကို လိုက်ရင်းလိုက်ရင်းနဲ့ အကုန်ပတ်ချာလည်ရှာတော့မှ အခုလိုမျိုးတွေ့တာ မနေ့ကမှ ပြန်တွေ့ကြတာ။ သရက်တောက ၇ ယောက် ကနီက ၃ ယောက်၊ ခိုတွင်းက ၂ ယောက်။”

ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို စစ်ကောင်စီဘက်က လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြန်ဆုတ်ချိန်မှာ ဖမ်းဆီးခံလိုက်ရသလို တချို့က ဒဏ်ရာရရှိခဲ့ပြီး ကျန်ရှိခဲ့တာပါ။ ကျန်ရှိတဲ့သူတွေကို နောက်ရက် သွားရှာရာမှာတော့ အခုလိုအလောင်းပဲ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီအလို အစုလိုက်အပြုံလိုက် လူသေအလောင်းတွေ့ရှိတာဟာ တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်မှာလည်း ကနီနယ်ထဲက ယင်းကျေးရွာအနီးက တောထဲမှာ စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီးပြီး အမျိုးသမီးတွေကို ပြန်လွှတ်ပေးပြီးနောက် အမျိုးသား ၁၅ ယောက်ကို စစ်ကောင်စီဘက်က သတ်ဖြတ်ခဲ့တယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။ ဒါ့အပြင် ဇူလိုင် ၂၆ ရက်ကနီနယ် ထဲက ဇီပင်ကွင်းကျေးရွာအနီးမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာ ရရှိပြီး ဖမ်းဆီးခံရသူတွေကို ဒေသခံတွေက သွားရောက်ရှာဖွေရာမှာ ကျင်းထဲမြှုပ်ထားတဲ့ အလောင်း ၉ လောင်းတွေ့ရှိခဲ့ပြီး မမြှုပ်နှံထားတဲ့ ရုပ်အလောင်း ၃ လောင်း စုစုပေါင်း ၁၂ လောင်း တွေ့ရှိခဲ့ပါတယ်။ ဒီလို လူသေအလောင်းတွေ အစုလိုက်အပြုံလိုက်တွေ့ရှိနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တိတိပပ သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

ကနီနယ်ထဲက ကျေးရွာတွေ တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေရသလို အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံ တဦးက အခုလိုပြောပါတယ်။

“တောထဲတောင်ထဲဆိုတော့ အစအစ အရာရာ အခြားနီးစပ်ရာရွာတွေကော ထွက်ပြေးရတာဆိုတော့ ဆေးဝါးတွေလိုတယ်။ အစားအသောက်တွေလိုတယ် စောင်ခြင်ထောင်ကအစ လိုတယ် တချို့တွေက ဗြုန်းစားကြီး ထွက်ရတဲ့သူတွေဆိုတော့ ချို့တဲ့သူတွေသာဆို ပိုပြီးဒုက္ခရောက်မှာ တချို့ဆို မိုးကာတဲလေးတွေနဲ့ အပင်တွေအောက် အိပ်ရတယ်။ မိုးမလုံဘူး။ အကြောင်းအမျိုးမျိုးတွေပေါ့။”

ဒါက စစ်ကိုင်းတိုင်း ကနီနယ်ထဲကအခြေအနေပါ။ တဆက်တည်းမှာပဲ မကွေးတိုင်း မြိုင်မြို့နယ်ထဲက ဗဟင်းကျေးရွာ ရဲစခန်းနားမှာ သြဂုတ် ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့ဝင်အချို့ ပစ်ခတ်တာဖြစ်ပွားပြီး မြိုင် PDF ခေါင်းဆောင်ကို ဖိုးဌေးသေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြိုင်ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဗဟင်းစခန်းရဲ့ရှေ့ကို အခုသေသွားတဲ့ PDF ခေါင်းဆောင်က ဗဟင်းစခန်းရှေ့က ဖြတ်ပြီးအသွား ဗဟင်းစခန်းက ကောင်တွေက သူ့ကိုတွေ့လိုက်လု့ိဆိုပြီး အနောက်ကနေလိုက်တာ သူ့ကိုလိုက်မှန်းသိတော့ သူနဲ့ပါလာတဲ့ ကလေးတွေ ထိမှာစိုးလို့ သူကခံပြီးပစ်တာ။ သူလည်းကျတယ်။ အဲ့စခန်းက စခန်းမှူးဖြစ်ဖို့များတယ်။ သူလည်းကျတယ်။”

စခန်းမှူးသေဆုံးတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက်မရပါဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဗဟင်းကျေးရွာ ရဲစခန်းအနီးမှာ လုံခြုံရေးပိုတင်းကျပ်ထားပြီး ဗဟင်းကျေးရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

တဆက်တည်းမှာပဲ ဇူလိုင် ၃၁ ရက်က ပေါက်မြို့နယ်တောင်ပိုင်း ဝန်းခြုံရွာအနီးမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီနဲ့နီးစပ်သူ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ PDFတွေတိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ တယ်လို့ PDF ဘက်က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရွာသားတွေ တိမ်းရှောင်နေရပြီး အကူအညီတွေလည်းလို အပ်နေသလို တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG