သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီ ခ်င္းတြင္းအေရွ႕ျခမ္းေဒသခံေတြ တိမ္းေရွာင္ေနၾကရ


တောတောင်ထဲထွက်ပြေးနေကြတဲ့ ကနီဒေသခံရွာသားများ

Zawgyi/Unicode

အင္တာနက္ျဖတ္ေတာက္ထားတဲ့ စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္၊ ယင္းမာပင္ၿမိဳ႕နယ္၊ ပုလဲၿမိဳ႕နယ္ေတြဘက္မွာ စစ္ေကာင္စီတပ္က အင္အားတိုးခ်ထားၿပီး လွည့္ပတ္ သြားလာေနတယ္လို႔ ေဒသခံေတြက VOA ကို ေျပာၾကပါတယ္။ ကနီၿမိဳ႕နယ္ခ်င္းတြင္းျမစ္ အေရွ႕ဖက္ျခမ္းေက်း႐ြာေတြက ေဒသခံအေတာ္မ်ားမ်ားလည္း ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေန သတင္းေပးပို႔ ထားတာကို မေအးသႏၲာေက်ာ္ေျပာျပပါမယ္။

စစ္ကိုင္းတိုင္းအတြင္းက ကနီ ယင္းမာပင္နဲ႔ ပုလဲေဒသေတြမွာ ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲေတြျဖစ္ခဲ့တဲ့ေနာက္ အေျခအေနေတြက ခုထိ တင္းမာေနဆဲပါ။ ေဒသတြင္းမွာလည္း ဖုန္းအင္တာနက္ေတြ ျဖတ္ေတာက္ခံထားရပါတယ္။

ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ အေရွ႕ဖက္ကမ္းတေၾကာက ႐ြာေတြဘက္မွာတရြာဝင္ တ႐ြာထြက္ စစ္တပ္က ညအိပ္တပ္စြဲေနလို႔ ေဒသခံေတြ ေၾကာက္လန႔္ၿပီးနီးစပ္ရာကို ေျပးထြက္တိမ္းေရွာင္ေနၾကရတယ္လို႔ ထြက္ေျပးေနတဲ့ ေဒသခံေတြက VOA ကို ေျပာပါတယ္။

“အေရွ႕ဘက္ ေျပးတဲ့လူက ေျပး၊ အေနာက္ေျပးတဲ့လူက ေျပး ႐ြာထဲ ေန႔တိုင္းပဲ ေကာင္းေကာင္းစား ေကာင္းေကာင္းမေနရပါဘူးခင္ဗ်ာ၊ ေတာေတာင္ေတြထဲ ေရွာင္တိမ္ေနရတာ အဲ့ညေနပိုင္းက်မွ (စစ္တပ္) ျပန္သြားၿပီးလား၊ ဘယ္႐ြာေရာက္ၿပီလဲ၊ ညာ႐ြာေရာက္သြားၿပီ ဆိုမွ (႐ြာသား) တခါျပန္လာရတာဗ်ိဳ႕… အခု ဒီရက္ပိုင္းဆိုရင္ အခု ၅ ရက္ ၆ ရက္ေလာက္ရွိၿပီ။ အိမ္ကို ေကာင္းေကာင္းမေနရဘူး၊ (စစ္တပ္က) တ႐ြာကို ႏွစ္ည တည ဒီလိုအိပ္ၿပီးမွ လွည့္ပတ္ၿပီး ေမႊၿပီးမွ ေနရာေ႐ႊ႕ တာ။ အဲ့လိုေၾကာင့္မို႔ ေၾကာက္ေနတာ၊ ဒါၿပီးေတာ့ သူတို႔လိုခ်င္တဲ့ ပစၥည္းေတြ ယူသြားတယ္၊ တိရိစာၦန္ေတြ ဘာေတြလည္း သတ္ျဖတ္ခ်က္စားၾကတာပါ။ ၾကက္တို႔ ဝက္တို႔။”

အက္တာနက္ျဖတ္ေတာက္ခံရၿပီးေနာက္ စစ္တပ္အင္အားတိုးခ်ထားၿပီး၊ ႐ြာနီးခ်ဳပ္ စပ္ေတြမွာ စစ္ေကာင္စီက တပ္စြဲတာေတြ ပိုလုပ္လာတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

လြန္ခဲ့တဲ့ ရက္အနည္းငယ္က စၿပီး ဝင္မနား႐ြာ၊ မိုးေကာင္းႀကီး႐ြာ၊ ကြၽဲဖိုး႐ြာ၊ အေရွ႕ဆု႐ြာ၊ အင္လယ္ေခ်ာင္း႐ြာ၊ ဝယာ႐ြာ၊ ကြၽန္းမက်ား႐ြာ၊ စိမ္ကုန္း႐ြာ၊ ေက်ာ္႐ြာ၊ ဆူးေလးကုန္း႐ြာ၊ ကနဲ႐ြာ၊ ကြၽန္းဖ်ား႐ြာ၊ မုံအို႐ြာ၊ ျပဴးတူး႐ြာေတြက ေဒသခံေတြဟာ နီးစပ္ရာကို ထြက္ေျပးေနၾကရပါတယ္။

မိုးေကာင္းႀကီး၊ အေရွ႕စု၊ ကြၽဲဖို႔႐ြာကို စစ္သားေတြ ဝင္လာခ်ိန္ ဘုန္းႀကီးေက်ာင္းမွာ တိမ္းေရွာင္ေနတဲ့ ႐ြာသား ၄၀ ေလာက္ဖမ္းဆီးခံရၿပီး ေမးျမန္းၿခိမ္းေျခာက္ ျပန္လြတ္ေပးခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။

ဒါ့အျပင္ ဒီကေန႔မွာလည္း ႐ြာသာ႐ြာ၊ နတ္ႀကီး႐ြာ၊ ဝက္ေခ်ာင္း႐ြာဘက္မွာ စစ္သား ဝင္လာလို႔ အဲ့နီးနား႐ြာေတြလည္း ထြက္ေျပးေနၾကရပါတယ္။

တိမ္းေရွာင္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ႐ြာသာ႐ြာတဦးက အခုလိုေျပာပါတယ္။

“ေတာေတြထဲ နင္းၿပီးေတာ့ က်မတို႔႐ြာေျမာက္ဘက္နားက လမ္းဆုံေတြမွာ လာလိုက္၊ ဟိုကေနလာလိုက္၊ ဒီကေနလာလိုက္ဆိုေတာ့ ႐ြာေတြကေၾကာက္ၿပီးေတာ့ ေျပးၾကတယ္ရွင့္၊ ေတာမွာ ေျမပဲႏႈတ္ၿပီးေတာ့ အလုပ္လုပ္ေနတဲ့သူေတြလည္း အကုန္႐ြာထဲကို ျပန္လာၿပီး တျခား႐ြာမွာလည္း ေျပးၾကတယ္ရွင့္၊ စစ္ေကာင္စီဘက္က လာတာကေတာ့ ဘယ္လိုေၾကာင့္ လာတယ္ဆိုတာ က်မတို႔လည္း အတိအက်ေတာ့ မသိဘူးရွင့္၊ တိုက္ပြဲအေျခအေနေတာ့ မဟုတ္ဘူးရယ္ရွင့္။ သူတို႔လာၿပီး ႐ြာထဲေတြ အဲ့လိုေမႊမွာေတြဘာေတြ ဝင္ေမႊမွာ ရယ္၊ ဖမ္းမွာရယ္ ေၾကာက္ၿပီးေတာ့ ေရွာင္ၾကတိမ္းၾကလို႔ေျပးၾက လႊားၾကတာရွင့္၊ ခ်င္းတြင္းျမစ္ရဲ႕ အေရွ႕ဘက္တေၾကာ ႐ြာေပါင္းအကုန္လုံး အားလုံးနီးပါးပဲရွင့္။”

ပုလဲၿမိဳ႕နယ္မွာလည္း စစ္တပ္အင္အားမ်ားမ်ားတိုးလာတာကို ေတြ႔ရတယ္လို႔ ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“အင္တာနက္ျဖတ္ေတာက္ၿပီးေနာက္ပိုင္း သူတို႔စစ္အင္အားတိုးခ်ထားတာ ရွိတာေပါ့ေနာ္၊ အရင္တုန္းကေတာ့ ပုလဲမွာ အေစာင့္တပ္ရွိတယ္၊ အခုေတာ့ မင္းတိုင္ပင္ဘက္မွာလည္း သူတို႔အင္အား ၇၀ ေလာက္နဲ႔ေပါ့ေနာ္ နီးစပ္ရာေက်း႐ြာေတြ ကို ေန႔တိုင္းလိုလိုသြားေနတယ္။ ပတ္တယ္၊ ၿပီးေတာ့ ႐ြာေတြထဲက ဆိုင္ကယ္တို႔ဘာေတြ တန္ဖိုးႀကီးတာေတြ ခိုးယူခဲ့ေပါ့ဗ်။ အဲ့ဒါေတြ လုပ္တယ္။ ေနာက္ပိုင္းမွာ သူတို႔ တပ္အင္အားတပ္ေခၚၿပီးေတာ့ စစ္ေၾကာင္းထိုးမယ့္ အေနအထားေတာ့ရွိတယ္ ပုလဲနယ္တေၾကာကို။”

လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က ေခၚသႏၲီ႐ြာ၊ ငေပ်ာေတာ႐ြာ၊ ကံႀကီး႐ြာဘက္ကို စစ္သားအင္အားမ်ားမ်ားနဲ႔ ဝင္လာလို႔ ေဒသခံေတြ နီးစပ္ကို ထြက္ေျပးေနၾကရပါတယ္။ ေဒသခံေတြ ႐ြာထဲမရွိခ်ိန္ ေနအိမ္ေတြကို ဝင္ေမႊၿပီး တန္ဖိုးႀကီးပစၥည္းေတြ ခိုးယူသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္သားေတြ ႐ြာကေနထြက္သြားၿပီးမွ ႐ြာသားေတြ ျပန္လာၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ PDF အဖြဲ႔ေတြရွိတယ္ဆိုတဲ့ အထင္အျမင္နဲ႔ တ႐ြာဝင္တ႐ြာထြက္ ပိုက္စိတ္ရွာေဖြတာ သာမန္အရပ္သားေတြကို PDF လို႔ စြပ္စြဲဖမ္းဆီးတာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အထူးသျဖင့္ အင္တာနက္ေတြျဖတ္ေတာက္လိုက္တာေၾကာင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြပိုလာမွာ စိုးရိမ္ရတယ္လို႔ ယင္းမာပင္ေဒသခံ တဦးက ေျပာပါတယ္။

“အင္တာနက္ေတြ ျဖတ္ေတာက္လိုက္တဲ့အခါမွာ က်ေနာ္တို႔ ဒီသတင္းစီးဆင္းမႈေတြ ကေတာ့ မရွိသေလာက္ရွိတာေပါ့၊ အဲ့ေတာ့ ဖုန္းလိုင္းေတြနဲ႔ပဲ က်ေနာ္တို႔ Information ေပါ့ ဥပမာ ဘယ္႐ြာကိုေတာ့ ဘယ္ေလာက္တက္သြားၿပီး ခန႔္မွန္ေျခအင္အားေပါ့၊ ဘယ္ေနရာမွာ ဘယ္ေလာက္တက္သြားၿပီး ခန႔္မွန္ေျခအင္အားေပါ့၊ ဒါမ်ိဳးေလးေတြေလာက္ပဲ က်ေနာ္တို႔က သိရတဲ့ အေနအထားေပါ့၊ ဥပမာသူတို႔႐ြာေတြ မီးရႈိ႕သလား၊ လူေတြကို သတ္သလား ေနာက္ၿပီးေတာ့ ဒီအျပစ္မဲ့ အမ်ိဳးသမီးေတြကို မုဒိမ္းက်င့္တာလားေပါ့ ဒါမ်ိဳးေတြလည္း က်ေနာ္တို႔ သိလို႔မရဘူး၊ သူတို႔ အဲ့ဒါေတြ လုပ္ခ်င္လို႔ အင္တာနက္လိုင္းေတြ ျဖတ္ထားတာဗ် ရွင္းရွင္းေျပာရရင္ေလး၊ ခုနက်ေနာ္ေျပာလု႔ိ အင္တာနက္ေတြ ျဖတ္ေတာက္တာဆိုတာ အၾကမ္းဖက္စစ္ေကာင္စီက လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ခ်င္လို႔ စစ္ရာွဇဝတ္မႈေတြ ခ်ိဳးေဖာက္ခ်င္လို႔ လုပ္တယ္လို႔ပဲ က်ေနာ္တို႔က ျမင္တာပဲ။”

စက္တင္ဘာ ၁၄ ရက္ ေန႔ခင္းပိုင္းကတည္းက စစ္ကိုင္းတိုင္း၊ မေကြးတိုင္းနဲ႔မႏၲေလးတိုင္းေတြထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ လိုက္တာပါ။ စစ္ကိုင္းတိုင္းမွာဆိုရင္ ယင္းမာပင္၊ ကနီ၊ ဆာလင္းႀကီး၊ ပုလဲ၊ အရာေတာ္၊ ဝက္လက္နဲ႔ ဘုတလင္ၿမိဳ႕နယ္ေတြမွာ Mobile၊ Wifi စတဲ့ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ ခံထားရပါတယ္လို႔ ေဒသခံေတြက VOA ကိုေျပာၾကပါတယ္။
======

တိုက္႐ိုက္ လင့္ခ္


Unicode

ကနီ ချင်းတွင်းအရှေ့ခြမ်းဒေသခံတွေ တိမ်းရှောင်နေကြရ

အင်တာနက်ဖြတ်တောက်ထားတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချထားပြီး လှည့်ပတ် သွားလာနေတယ်လို့ ဒေသခံတွေက VOA ကို ပြောကြပါတယ်။ ကနီမြို့နယ်ချင်းတွင်းမြစ် အရှေ့ဖက်ခြမ်းကျေးရွာတွေက ဒေသခံအတော်များများလည်း ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ ထားတာကို မအေးသန္တာကျော်ပြောပြပါမယ်။

စစ်ကိုင်းတိုင်းအတွင်းက ကနီ ယင်းမာပင်နဲ့ ပုလဲဒေသတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့တဲ့နောက် အခြေအနေတွေက ခုထိ တင်းမာနေဆဲပါ။ ဒေသတွင်းမှာလည်း ဖုန်းအင်တာနက်တွေ ဖြတ်တောက်ခံထားရပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းတကြောက ရွာတွေဘက်မှာ

တရွာဝင် တရွာထွက် စစ်တပ်က ညအိပ်တပ်စွဲနေလို့ ဒေသခံတွေ ကြောက်လန့်ပြီး

နီးစပ်ရာကို ပြေးထွက်တိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးနေတဲ့ ဒေသခံတွေက VOA ကို ပြောပါတယ်။

“အရှေ့ဘက် ပြေးတဲ့လူက ပြေး၊ အနောက်ပြေးတဲ့လူက ပြေး ရွာထဲ နေ့တိုင်းပဲ ကောင်းကောင်းစား ကောင်းကောင်းမနေရပါဘူးခင်ဗျာ၊ တောတောင်တွေထဲ ရှောင်တိမ်နေရတာ အဲ့ညနေပိုင်းကျမှ (စစ်တပ်) ပြန်သွားပြီးလား၊ ဘယ်ရွာရောက်ပြီလဲ၊ ညာရွာရောက်သွားပြီ ဆိုမှ (ရွာသား) တခါပြန်လာရတာဗျို့… အခု ဒီရက်ပိုင်းဆိုရင် အခု ၅ ရက် ၆ ရက်လောက်ရှိပြီ။ အိမ်ကို ကောင်းကောင်းမနေရဘူး၊ (စစ်တပ်က) တရွာကို နှစ်ည တည ဒီလိုအိပ်ပြီးမှ လှည့်ပတ်ပြီး မွှေပြီးမှ နေရာရွှေ့ တာ။ အဲ့လိုကြောင့်မို့ ကြောက်နေတာ၊ ဒါပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းတွေ ယူသွားတယ်၊ တိရိစ္ဆာန်တွေ ဘာတွေလည်း သတ်ဖြတ်ချက်စားကြတာပါ။ ကြက်တို့ ဝက်တို့။”

အက်တာနက်ဖြတ်တောက်ခံရပြီးနောက် စစ်တပ်အင်အားတိုးချထားပြီး၊ ရွာနီးချုပ် စပ်တွေမှာ စစ်ကောင်စီက တပ်စွဲတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က စပြီး ဝင်မနားရွာ၊ မိုးကောင်းကြီးရွာ၊ ကျွဲဖိုးရွာ၊ အရှေ့ဆုရွာ၊ အင်လယ်ချောင်းရွာ၊ ဝယာရွာ၊ ကျွန်းမကျားရွာ၊ စိမ်ကုန်းရွာ၊ ကျော်ရွာ၊ ဆူးလေးကုန်းရွာ၊ ကနဲရွာ၊ ကျွန်းဖျားရွာ၊ မုံအိုရွာ၊ ပြူးတူးရွာတွေက ဒေသခံတွေဟာ နီးစပ်ရာကို ထွက်ပြေးနေကြရပါတယ်။

မိုးကောင်းကြီး၊ အရှေ့စု၊ ကျွဲဖို့ရွာကို စစ်သားတွေ ဝင်လာချိန် ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ ရွာသား ၄၀ လောက်ဖမ်းဆီးခံရပြီး မေးမြန်းခြိမ်းခြောက် ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း ရွာသာရွာ၊ နတ်ကြီးရွာ၊ ဝက်ချောင်းရွာဘက်မှာ စစ်သား ဝင်လာလို့ အဲ့နီးနားရွာတွေလည်း ထွက်ပြေးနေကြရပါတယ်။

တိမ်းရှောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရွာသာရွာတဦးက အခုလို ပြောပါတယ်။

“တောတွေထဲ နင်းပြီးတော့ ကျမတို့ရွာမြောက်ဘက်နားက လမ်းဆုံတွေမှာ လာလိုက်၊ ဟိုကနေလာလိုက်၊ ဒီကနေလာလိုက်ဆိုတော့ ရွာတွေက ကြောက်ပြီးတော့ ပြေးကြတယ်ရှင့်၊ တောမှာ မြေပဲနှုတ်ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေလည်း အကုန်ရွာထဲကို ပြန်လာပြီး တခြားရွာမှာလည်း ပြေးကြတယ်ရှင့်၊ စစ်ကောင်စီဘက်က လာတာကတော့ ဘယ်လိုကြောင့် လာတယ်ဆိုတာ ကျမတို့လည်း အတိအကျတော့ မသိဘူးရှင့်၊ တိုက်ပွဲအခြေအနေတော့ မဟုတ်ဘူးရယ်ရှင့်။ သူတို့လာပြီး ရွာထဲတွေ အဲ့လိုမွှေမှာတွေဘာတွေ ဝင်မွှေမှာ ရယ်၊ ဖမ်းမှာရယ် ကြောက်ပြီးတော့ ရှောင်ကြတိမ်းကြလို့ ပြေးကြ လွှားကြတာရှင့်၊ ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်တကြော ရွာပေါင်း အကုန်လုံး အားလုံးနီးပါးပဲရှင့်။”

ပုလဲမြို့နယ်မှာလည်း စစ်တပ်အင်အားများများတိုးလာတာကို တွေ့ရတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း သူတို့စစ်အင်အားတိုးချထားတာ ရှိတာပေါ့နော်၊ အရင်တုန်းကတော့ ပုလဲမှာ အစောင့်တပ်ရှိတယ်၊ အခုတော့ မင်းတိုင်ပင်ဘက်မှာလည်း သူတို့အင်အား ၇၀ လောက်နဲ့ပေါ့နော် နီးစပ်ရာကျေးရွာတွေ ကို နေ့တိုင်းလိုလိုသွားနေတယ်။ ပတ်တယ်၊ ပြီးတော့ ရွာတွေထဲက ဆိုင်ကယ်တို့ဘာတွေ တန်ဖိုးကြီးတာတွေ ခိုးယူခဲ့ပေါ့ဗျ။ အဲ့ဒါတွေ လုပ်တယ်။ နောက်ပိုင်းမှာ သူတို့ တပ်အင်အားတပ်ခေါ်ပြီးတော့ စစ်ကြောင်းထိုးမယ့် အနေအထားတော့ရှိတယ် ပုလဲနယ်တကြောကို။”

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ခေါ်သန္တီရွာ၊ ငပျောတောရွာ၊ ကံကြီးရွာဘက်ကို စစ်သားအင်အားများများနဲ့ ဝင်လာလို့ ဒေသခံတွေ နီးစပ်ကို ထွက်ပြေးနေကြရပါတယ်။ ဒေသခံတွေ ရွာထဲမရှိချိန် နေအိမ်တွေကို ဝင်မွှေပြီး တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်သားတွေ ရွာကနေထွက်သွားပြီးမှ ရွာသားတွေ ပြန်လာကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ PDF အဖွဲ့တွေရှိတယ်ဆိုတဲ့ အထင်အမြင်နဲ့ တရွာဝင် တရွာထွက် ပိုက်စိတ်ရှာဖွေတာ သာမန်အရပ်သားတွေကို PDF လို့ စွပ်စွဲ ဖမ်းဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် အင်တာနက်တွေဖြတ်တောက်လိုက်တာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေပိုလာမှာ စိုးရိမ်ရတယ်လို့ ယင်းမာပင်ဒေသခံ တဦးက ပြောပါတယ်။

“အင်တာနက်တွေ ဖြတ်တောက်လိုက်တဲ့အခါမှာ ကျနော်တို့ ဒီသတင်းစီးဆင်းမှုတွေ ကတော့ မရှိသလောက်ရှိတာပေါ့၊ အဲ့တော့ ဖုန်းလိုင်းတွေနဲ့ပဲ ကျနော်တို့ Information ပေါ့ ဥပမာ ဘယ်ရွာကိုတော့ ဘယ်လောက်တက်သွားပြီး ခန့်မှန်ခြေအင်အားပေါ့၊ ဘယ်နေရာမှာ ဘယ်လောက်တက်သွားပြီး ခန့်မှန်ခြေအင်အားပေါ့၊ ဒါမျိုးလေးတွေလောက်ပဲ ကျနော်တို့က သိရတဲ့ အနေအထားပေါ့၊ ဥပမာသူတို့ရွာတွေ မီးရှို့သလား၊ လူတွေကို သတ်သလား နောက်ပြီးတော့ ဒီအပြစ်မဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာလားပေါ့ ဒါမျိုးတွေလည်း ကျနော်တို့ သိလို့မရဘူး၊

သူတို့ အဲ့ဒါတွေ လုပ်ချင်လို့ အင်တာနက်လိုင်းတွေ ဖြတ်ထားတာဗျ ရှင်းရှင်းပြောရရင်လေး၊ ခုနကျနော်ပြောလု့ိ အင်တာနက်တွေ ဖြတ်တောက်တာဆိုတာ

အကြမ်းဖက်စစ်ကောင်စီက လူ့အခွင့်အရေးကို ချိုးဖောက်ချင်လို့ စစ်ရာှဇဝတ်မှုတွေ ချိုးဖောက်ချင်လို့ လုပ်တယ်လို့ပဲ ကျနော်တို့က မြင်တာပဲ။”

စက်တင်ဘာ ၁၄ ရက် နေ့ခင်းပိုင်းကတည်းက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ မန္တလေးတိုင်းတွေထဲက မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက် လိုက်တာပါ။ စစ်ကိုင်းတိုင်းမှာဆိုရင် ယင်းမာပင်၊ ကနီ၊ ဆာလင်းကြီး၊ ပုလဲ၊ အရာတော်၊ ဝက်လက်နဲ့ ဘုတလင်မြို့နယ်တွေမှာ Mobile၊ Wifi စတဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံထားရပါတယ်လို့ ဒေသခံတွေက VOA ကို

ပြောကြပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese#မကွေး#စစ်ကိုင်းကနီ#အင်တာနက်#ယင်းမာပင်#အကြမ်းဖက်စစ်ကောင်စီ#လူ့အခွင့်အရေးချိုးဖောက်မှု

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG