သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်တွင်း အရပ်သား ၃၅ ဦးထက်မနည်း အသတ်ခံရမှု ကန်သံရုံးထုတ်ပြန်

ဖရူဆိုမြို့အတွင်း အရပ်သားတွေရဲ့ကားတွေကို စစ်ကောင်စီက တိုက်ခိုက်မီးရှို့ခဲ့ပုံမြင်ကွင်း။ (၁၂-၂၄-၂၀၂၁)
ဖရူဆိုမြို့အတွင်း အရပ်သားတွေရဲ့ကားတွေကို စစ်ကောင်စီက တိုက်ခိုက်မီးရှို့ခဲ့ပုံမြင်ကွင်း။ (၁၂-၂၄-၂၀၂၁)

[[Zawgyi/Unicode]]

ကယားပြည်နယ်မှာ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက်ကျုးလွန်နေသူတွေကို အပြစ်ပေး အရေးယူနိုင်ရေး တာဝန်ခံမှုရှိအောင် ဆက်ပြီး ဖိအားပေးသွားမယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မနေ့ ဒီဇင် ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန်သံရုံးနဲ့ ကုလသမဂ္ဂတို့က ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အဖြစ် တုန်လှုပ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ပြောဆိုပေမဲ့ စစ်ကောင်စီဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် KNPP နဲ့ PDF လက်နက်ကိုင်တွေက စတင်တိုက်ခိုက်လို့ အပြန်အလှန်ပစ်ခတ်ရင်း အရပ်သားတွေ သေဆုံးခဲ့တာလို့ တုံ့ပြန်ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူးဆိုမြို့နယ် မိုဆိုးရွာအနီးမှာဖြစ်ပွားခဲ့တဲ့အရပ်သားတွေအပေါ် တိုက်ခိုက်မှုသတင်းတွေကြောင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ စာနာမှုနဲ့အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်ကလည်း မနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

ခိုင်လုံတဲ့သတင်းတွေအရ အနည်းဆုံး ကလေးငယ်တဦးအပါအဝင် လူ ၃၅ ယောက်ကို သူတို့ရဲ့ကားတွေပေါ်ကဆင်းခိုင်းပြီး သတ်ဖြတ် မီးရှို့ခဲ့တယ်လို့သိရကြောင်းနဲ့ ဒီအကြမ်းဖက် လုပ်ရပ်မှာ Save the Children က ဝန်ထမ်း ၂ ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ပြစ်မှု ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် ရုံးတင်စစ်ဆေးနိုင်အောင် ဒီဖြစ်ရပ်ကို သေသေချာချာ ပွင့်ပွင့်လင်းလင်း၊ စုံစမ်း စစ်ဆေးမှုတရပ် ချက်ချင်းစတင်ဖို့လည်း တောင်းဆိုထားလိုက်ပါတယ်။

ကယားပြည်နယ်တွင်း အရပ်သား ၃၅ ဦးထက်မနည်း အသတ်ခံရမှု ကန်သံရုံးထုတ်ပြန်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

==================

[[Unicode]]








==================

This item is part of
XS
SM
MD
LG