သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည် မဲသဝေါဒေသ တိုက်ပွဲပြင်းထန်


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) စစ်သားများ (၂၀၁၂ ဇန်နဝါရီ ၁၉ ရက်)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) စစ်သားများ (၂၀၁၂ ဇန်နဝါရီ ၁၉ ရက်)

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသဘက်နဲ့ ဟတ်ကြီးရေကာတာအနီးမှာ အစိုးရရဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေ KNU ကရင်အမျိုးသားအစည်းအရုံးကတပ်တွေ နဲ့ မြန်မာတပ်မတော်တို့ ၃ဖွဲပူးပေါင်းပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်တွေ ရှိတဲ့ မဲသဝေါဒေသကို နေစဉ် ထိုးစစ်ဆင်လက်နက် ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ မဲသဝေါဒေသဖက်မှာ ဒီကေဘီအေတပ်တွေနဲ့ မြန်မာတပ်မတော် နယ်ခြားစောင့်တပ် နဲ့ KNU ယူတပ်တွေကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒီရက်ပိုင်းတိုက်ပွဲတွေဖြစ်နေရာမှာမြန်မာတပ်မတော်နယ်ခြားစောင့်တပ်တွေနဲ့ NCA ထိုးထားတဲ့ KNU တို့ပူးပေါင်းပြီး ပစ်ခတ်မူတွေလုပ်နေတယ်လို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကလိုထူးလားတပ်မဟာက ဒုတိယစစ်ဦးချုပ် ဗိုလ်ဘိ ကပြောပါတယ်။

" NCA ထိုးတဲ့အဖွဲတွေ ပေါင်းတယ်။ တပ်လည်းပါတယ် စစ်တပ်ရယ် KNU နဲ့ BGF ရယ်သူတို့ပေါင်းပြီး ကျနော်တို့ကိုဝိုင်းတိုက်တာလေ။ တပ်မဟာ(၆)က တပ်ရင်း ၃ရင်းလာတယ် ဒီတလပိုင်း ၃ရက်နေ့ကလာတယ်။ တပ်မဟာ (၇)ကော တပ်မဟာ (၁)ကော ကျနော်တို့ကို ပေါင်းတိုက်တယ်။ သူတို့NCA ထိုးပြီး ကျနော်တို့မထိုးလားတော့မသိဘူး မဲသဝေါအရှေ့ဘက်ခြမ်း ထီးမောခီးဘက်မှာလည်းဖြစ်တယ်။ အနောက်ဘက်ခြမ်း ကလောထီး၊ကဘားထားဘက်မှာလည်းဖြစ်တယ်။ မနေ့ကကော ဒီနေ့ကောတိုက်ပွဲတွေဖြစ်နေတယ်။ ဟတ်ကြီးရေကာတာ အဲဒီနေရာဘက်ပေါ့ တိုက်ပွဲကအရှိန်လျော့ဖို့မရှိဘူး။ အရှိန်ပိုပြင်းလာလိမ့်မယ်ဘာကြောင့်လဲဆိုတော့ သူတို့တွေက တပ်တွေ ထပ်ပို့တာ ကိုး။"

တိုက်ပွဲတွေဟာ နိုဝင်ဘာလကတည်းက ဖြစ်လာပြီး ဒီဇင်ဘာလကစလို့နေစဉ်လိုလို့ပစ်ခတ်မူတွေရှိနေတယ်လို့ပြောပါတယ်။ ဇန်နဝါရီနှစ်သစ်မှာတော့ကေအန်ယူက တပ်မဟာ (၆)နဲ့ (၇) အပါအဝင် တပ ်မဟာတွေက တပ်ရင်းတွေ က ဒီကေဘီအေတွေနေထိုင်ရာကို ပိုပြီး ထိုးစစ်ဆင်တိုက်ခိုက်မူတွေ လုပ်ခဲ့တယ်လို့လည်းပြောပါတယ်။ ဒီလိုထိုးစစ်ဆင်တိုက်ခိုက်မူတွေနဲ့ ပတ်သက်လို့ကေအန်ယူဘက်ကတော့ ငြင်းဆိုထားပါတယ်။ အဲဒီနေရာဘက်မှာ ဒီကေဘီအေကိုဖြတ်လေးဖြတ်လုပ်လို့ရအောင် အဲဒီဘက်ကရွာတွေက စပါးတွေကို မီးရှို့မူတွေပါလုပ်ခဲ့တယ်လို့ ဗိုလ်ဘိကပြောပါတယ်။

"စပါးတွေအကုန်မီးရှို့သွားတယ် စပါးစက် ၂လုံးကော စပါးကတော့အကုန်မီးရှို့တယ် ကျနော်တို့စပါးမဟုတ်ဘူး ။ လူထု စပါးတွေ ကျနော်တို့နဲမဆိုင်ဘူး။ အဲဒီနေရာမှာစပါးမရှိရင် ကျနော်တို့ရိက္ခာပြတ်မယ် အဲဒီ သဘောဖြစ်မယ်ထင်တယ်။"

မြန်မာတပ်မတော်နဲ့အတူ နယ်ခြားစောင့်တပ်တွေ နဲ့DKBAအတို့ကြား မြဝတီမြို့ကနေ့ကေ့ာကရိပ်မြိုထိ ဖောက်လုပ်ထားတဲ့ အာရှလမ်းမကြီးမဖွင့်ခင် ၂၀၁၅ ခုနှစ်လောက်ကစပြီးတိုက်ပွဲတွေဖြစ်နေတာပါ။ အခုလို တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ကရင်ပြည်နယ်အတွင်းမှာလည်း မငြိမ်မသက်မူတွေဖြစ်နေပြီး ဒေသခံရွာသားတွေလည်း ပြည်တွင်းနေဒုက္ခသည်တွေအဖြစ် ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG