သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘားအံမြို့နယ်အတွင်း BGF စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNU တိုက်ပွဲဖြစ်


ကရင်ပြည်နယ်တွင်း တနေရာတွင်တွေ့ရသည့် KNU တပ်ဖွဲ့ဝင်တချို့။ (၁၂ ဖေဖော်ဝါရီ ၂၀၁၃)
ကရင်ပြည်နယ်တွင်း တနေရာတွင်တွေ့ရသည့် KNU တပ်ဖွဲ့ဝင်တချို့။ (၁၂ ဖေဖော်ဝါရီ ၂၀၁၃)

{{Zawgyi/Unicode}}

ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်မှာ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) တပ်ဖွဲ့ဝင်တွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာစစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။ ဒီမနက်မှာလည်း BGF စစ်ယာဉ်တန်းကို KNU ဘက်ကတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ဆိုပါတယ်။ KNU တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) တပ်ဖွဲ့ဝင်တွေကနေ နိုဝင်ဘာလ ၁၇ ရက်နေ့ ဒီမနက်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျော်ပစ်ခီးနဲ့ ဘောသဗြုကျေးရွာအကြား ကရင်နယ်ခြားစောင့်တပ် BGF ကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဗွီအိုအေကိုပြောပါတယ်။

"ဘားအံမြို့နယ်ထဲကဖြစ်တာ ဟုတ်တယ်။ တိုက်ပွဲဖြစ်တာတော့ ကျနော်တို့ KNU တပ်မဟာ (၁) တပ်ရင်း (၁) နဲ့တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းမှာပဲ ကားတန်းတိုက် တာမှာ ကား (၂)စီးပျက်တယ်လို့ကျွန်တော်တို့ ကြားရတယ်။ ထိခိုက်ဒဏ်ရာရတာတော့ အတိအကျ မသိရသေးဘူး။”

မနက် ၁ နာရီကျော်ခန့်မှာ ဖလံတောင်ဘက်က ဆင်းလာတဲ့ BGF အဖွဲ့က ကားလေးစီးကို KNLA တပ်မဟာ (၁)၊ တပ်ရင်း (၁) ဘက်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ညဘက်မှာလည်း ဘောသဗြုကျေးရွာဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုအနည်းငယ်ဖြစ်ပွါးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာလည်း ဘားအံမြို့နယ် ဖလံတောင်ကျေးရွာနား မဲသနချောင်းမှာ KNLA တပ်မ (၁) နဲ့ BGF မြန်မာစစ် ကောင်စီစစ်တပ်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ပဒိုစောစိုးမြင့်ကပြောပါတယ်။

"ဖလံတောင်တိုက်ပွဲဖြစ်တာဟုတ်တယ်။ စစ်ကောင်စီနဲ့ ဒီ BGF ပေါင်းပြီး ပစ်တာပေါ့နော်။ အဲဒီတိုက်ပွဲအခြေအနေကတော့ စစ်ကောင်စီက (၂) ယောက်ကျတယ်။ (၃) ယောက်ဒဏ်ရာရတယ်။”

ကရင်နယ်ခြားစောင့်တပ် BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကတော့ ဘားအံမြို့နယ်ဘက်တိုက်ပွဲ အခြေအနေကိုမသိရသေးဘူးလို့ ပြောပါတယ်။

"ကျနော်လည်း ဘာမှမသိရဘူးအကို။ ဒီနေ့ ဒီမှာ ဘုန်းကြီးကျောင်းမှာ ကထိန်လုပ်နေတော့ အခြေအနေလေးတွေ ဘာမှ မမေးရဘူး။ ''

တခြား BGF အရာရှိတဦးကတော့ အခြေအနေကိုမသိရသေးပေမဲ့ တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပြောပါတယ်။

"အဲဒီဘက်ခြမ်းတော့ အမြဲတမ်းတော့ဖြစ်နေတာဘဲ။ ဖြစ်တယ်ဆိုတော့ ဒီ KNU-KNLA အဖွဲ့နဲ့ ကျနော်တို့စစ်ကောင်စီ အဖွဲ့တွေရော တခါတလေ ကျနော်တို့ နယ်ခြားအဖွဲ့တွေရော အကုန်လုံးကဖြစ်ကြတာပဲ။ အဲဒီဘက်က။''

အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မိုးဘောကျေးရွာ နတ်စင်နဲ့ ဘုန်းတော်ကြီးကျောင်းအနီး ကွင်းပြင်တို့မှာ စစ်ကောင်စီတပ်ဘက်နဲ့ KNLA တပ်မဟာ (၁) တပ်ရင်း (၃) တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ KNU သထုံခရိုင်ဘက်ကပြောပါတယ်။

ဘားအံမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်အတွင်းဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဘက်ကထိခိုက်မှုရှိတယ်လို့ KNU ဘက်က ပြောပေမဲ့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲဖြစ်ပွါးတာမရှိဘူးလို့ ငြင်းဆိုပါတယ်။

"မရှိပါဘူးဗျ။ အဲဒီ ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ဘက်မှာ။ ''

ဒါပေမဲ့ ကရင်ပြည်နယ် ဖားပွန်မြို့နယ်ထဲမှာတော့ KNU တပ်မဟာ (၅) ဘက်က မိုင်းခွဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

"တပ်မဟာ (၅) ကထောင်ထားတဲ့မိုင်းတွေ တွေ့ရှိတာရရှိတယ်။ နောက်ပြီးတော့ ဖားပွန်ဘက်မှာတော့... ခေါပုတ်ဘက်မှာလည်း အဲဒီလိုမျိုး မိုင်းခွဲ ဖြစ်စဉ်တွေရှိခဲ့တယ်။''

လက်ရှိ KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်ဘက်မှာ KNU အဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်ေေနေဆဲဖြစ်သလို တပ်ဟာ (၆) ဒူးပလာယာခရိုင် တပ်မဟာ (၃) ညောင်လေး ပင်ခရိုင်ဘက်မှာတော့ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွါးနေပါတယ်။

တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရဆဲအခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}





















=============

XS
SM
MD
LG