သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ၁၈ ဦး ဂျပန်မှာ အခြေချဖို့ ရောက်ရှိ

ပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည်အချို့။ ဇွန် ၉၊ ၂၀၀၉။
ပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည်အချို့။ ဇွန် ၉၊ ၂၀၀၉။

ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၁၈ ယောက်တို့ဟာ ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ဂျပန်နိုင်ငံကို ရောက်သွားခဲ့ပါပြီ။

မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား မိသားစု ၃ စုဟာ ဂျပန်နိုင်ငံ၊ နာရီတာလေဆိပ်ကို အင်္ဂါနေ့က ရောက်သွားခဲ့တာပါ။ ဂျပန်နိုင်ငံက ဒီအစီအစဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး လာမယ့် ၃ နှစ်အတွင်း ပြည်လည်နေရာချထားရေးအတွက် သဘောတူထားခဲ့တဲ့ ဗမာဒုက္ခသည် ၉၀ ထဲမှာ အခုရောက်သွားတဲ့ လင်မယား ၃ စုံတွဲနဲ့ သူတို့ရဲ့ ကလေး ၁၂ ယောက်တို့ဟာ ပထမအသုတ်အဖြစ် ပါဝင်ခဲ့ပါတယ်။

အာရှတိုက်အတွင်း ဒုက္ခသည်တွေ နေရာချထားမှုဟာ အခု ဂျပန်နိုင်ငံက ပထမအကြိမ်ဖြစ်ပြီး တခြား အာရှနိုင်ငံတွေ အတွက်လည်း ဂျပန်နိုင်ငံကို နမူနာယူပြီး ဒုက္ခသည်တွေကို လက်ခံလာကြဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းက ပြောခွင့်ရ အဲန်ဒရီ မက်ချ်စစ္စက ပြောပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားက ပဋိပက္ခတွေကြောင့် ထိုင်းနယ်စပ်ကို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနေတာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG