သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ စစ္ေကာင္စီဥကၠ႒ ယာဥ္တန္း မိုင္းခြဲတိုက္ခိုက္ခံရ


landmine- (ဓာတ္ပံု- Karen News/ယခင္ပံုေဟာင္း)


{{Zawgyi/Unicode}}

ကရင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ေစာျမင့္ဦးလိုက္ပါလာတဲ့ ယာဥ္တန္းဟာ ဖားအံ-လႈိင္းဘြဲလမ္းမွာ မိုင္းခြဲတိုက္ ခိုက္ခံရေပမဲ့ ေသဆုံး ဒဏ္ရာရသူ မရွိဘူးလို႔ စစ္ေကာင္စီက ေျပာပါတယ္။ လက္ရွိ စစ္ေရးတင္းမာေနတဲ့ လႈိင္းဘြဲၿမိဳ႕နယ္ဘက္က ေဒသခံေတြကေတာ့ လုံၿခဳံေရးစိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္းရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

လႈိင္းဘြဲၿမိဳ႕က ေအာက္ဆီဂ်င္စက္႐ုံ ဖြင့္ပြဲအခမ္းအနားအၿပီး ဖားအံၿမိဳ႕ဘက္ကို ျပန္လာတဲ့ ကရင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ေစာျမင့္ဦး လိုက္ပါလာတဲ့ယာဥ္တန္းဟာ ႏိုဝင္ဘာ ၂၁ ရက္ တနဂၤေႏြေန႔မနက္ပိုင္းက မိုင္းခြဲတိုက္ခိုက္ခံခဲ့ရပါတယ္။ ဖားအံ-လႈိင္းဘြဲလမ္းမွာ တိုက္ခိုက္ခံရမႈအတြင္း ယာဥ္တခ်ိဳ႕ထိခိုက္မႈရွိခဲ့ေပမယ့္ လူေသဆုံးမႈမရွိဘူးလို႔စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

"ကရင္ဥကၠ႒ ဦးေစာျမင့္ဦး။ သူကေတာ့ လႈိင္းဘြဲ႕ၿမိဳ႕က ေအာက္စီဂ်င္ဖြင့္ပြဲအခန္းအနားကိုတက္ေရာက္တယ္။ တက္ေရာက္ၿပီးေတာ့ျပန္လာတယ္။ျပန္လာတဲ့အခ်ိန္မွာေတာ့လႈိင္းဘြဲရဲ႕ အေနာက္ေတာင္ဘက္ မီတာ (၅,၀၀၀) ေလာက္မွာ ေတာ့ ရီမုမိုင္းတလုံး ေဖာက္ခြဲခံခဲ့ရတာရွိတယ္။ ေဖာက္ခြဲခံရတာရွိတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔လူ ထိခိုက္မႈေတာ့မရွိပါဘူး။ ယာဥ္တန္းထဲမွာပါတဲ့ကားကေတာ့ မိုင္းစအနည္းငယ္ ထိမွန္တာရွိပါတယ္။"

ေရပူ (ေမာကို) လမ္းခြဲေနရာမွာ ျပည္နယ္ဝန္ႀကီးခ်ဳပ္စီးလာတဲ့ ယာဥ္တန္းတိုက္ခိုက္ခံရမႈမွာ အနည္းအက်ဥ္းသာ ထိခိုက္ခဲ့တယ္လို႔ လႈိင္းဘြဲေဒသခံ ေစာေမာင္သန္းကလည္း ေျပာပါတယ္။

"ေရပူမွာလား။ ဆြဲမိုင္းနဲ႔ အဆြဲခံလိုက္ရတယ္။ လႈိင္းဘြဲနဲ႔ဘားအံၾကားမွာေပါ့။ ကားေတြကေမာင္းေနတာဆိုေတာ့ သူကခြဲလိုက္တာ အစေလးပဲ နဲနဲပါးပါးထိတယ္။"

ဒီတိုက္ခိုက္မႈ ဘယ္သူ႔လက္ခ်က္လဲဆိုတာေတာ့ အခုအခ်ိန္အထိ မသိရေသးပါဘူး။ အခုလိုတိုက္ခိုက္ခံရတဲ့ ေနရာဟာ စစ္တပ္နဲ႔ ပူးေပါင္းၿပီး စစ္ဆင္ေရးလုပ္ေနတဲ့ နယ္ျခားေစာင့္ BGF အဖြဲ႕ေတြ လႈပ္ရွားတဲ့ေနရာျဖစ္ပါတယ္။ ကရင္ျပည္နယ္ လႈိင္းဘြဲၿမိဳ႕နယ္နဲ႔ ဖားပြန္ၿမိဳ႕နယ္အစပ္ဘက္မွာေတာ့ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးတပ္မဟာ ၅ အဖြဲ႕နဲ႔ ျမန္မာစစ္တပ္တို႔ၾကား စစ္ရးတင္းမာေနပါတယ္။

အခုလို ပြင့္လင္းရာသီမ်ိဳးမွာ စစ္တပ္က လႈိင္းဘြဲ႕ကေန ဖားပြန္အထိ တပ္စားနပ္ရိကၡာေတြသယ္ပို႔ေနတာေၾကာင့္ တိုက္ပြဲေတြ ႀကိဳၾကား ႀကိဳၾကားျဖစ္ေလ့ရွိတယ္လို႔ ေစာသန္းေမာင္ကေျပာပါတယ္။

"ကမေမာင္းနဲ႔ဖားပြန္ၾကားမွာျဖစ္တယ္။ ဖားပြန္ဘက္ရိကၡာပို႔ရမွာကိုး။ ႏွစ္တိုင္းပို႔ေနက်ေလ။ အခုမွစပို႔ဖို႔အတြက္ သူတို႔ကလုံၿခဳံေရး ယူတယ္ေပါ့- စစ္တပ္က။ ဖားပြန္မွာလည္း တပ္ရင္း (၄) ရင္း ရွိတာကိုး။"

စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း ဖားပြန္ၿမိဳ႕နယ္ဘက္မွာ စစ္တပ္ယာဥ္တန္းကို အခုရက္ပိုင္း မိုင္းခြဲတိုက္ခိုက္ခံရမႈ ရွိခဲ့တယ္လို႔ ေျပာပါတယ္။

"ဖားပြန္ဘက္မွာေတာ့ ေခါပုတ္ဘက္မွာေတာ့ မိုင္းခြဲတဲ့ျဖစ္စဥ္ရွိခဲ့တယ္။"

ခုလို စစ္ေရး မတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ လႈိင္းဘြဲ႕ၿမိဳ႕နယ္နဲ႔ဖားပြန္ၿမိဳ႕နယ္ဘက္ မွာ ေဒသအတြင္းလုံၿခဳံေရးအေျခအေနစိုးရိမ္ေနရတယ္လို႔ ဖားပြန္ေဒသခံတဦးကေျပာပါတယ္။

"အခုကလဲ ေတာထဲမွာဆိုရင္မိုင္း၊ အတြင္းပိုင္းကလည္း အစိုးရ။ ေတာ္ေတာ္ခက္ခဲၾကတယ္။ အျပင္ကိုထြက္လို႔မရဲဘူး။ သစ္ခုတ္ ဝါးခုတ္အကုန္ ဘယ္မွာထင္းသြားလုပ္စားရမလဲ။ သြားလို႔လည္း ဘယ္မွာမွမရဲဘူး။"

ကရင္ျပည္နယ္ ဖားပြန္ၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္ရိကၡာပို႔ဖို႔အတြက္ ကားလမ္းေဖာက္လုပ္ေရးကိစၥနဲ႔ပက္သက္ၿပီး ၂၀၁၈ခုႏွစ္ မတ္လက စလို႔ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးတပ္မဟာ ၅ အဖြဲ႕နဲ႔ စစ္ေရးပဋိပကၡျဖစ္ပြါးလာခဲ့တာ ျဖစ္ပါတယ္။ ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ေဒသခံ႐ြာသားေသာင္းခ်ီဟာ ထိုင္း ျမန္မာနယ္စပ္ေဒသေတြအပါအဝင္ ေဘးလြတ္ရာေနရာေတြမွာ တိမ္းေရွာင္ ခိုလႈံေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဖားအံ-လှိုင်းဘွဲလမ်းမှာ မိုင်းခွဲတိုက် ခိုက်ခံရပေမဲ့ သေဆုံး ဒဏ်ရာရသူ မရှိဘူးလို့ စစ်ကောင်စီက ပြောပါတယ်။ လက်ရှိ စစ်ရေးတင်းမာနေတဲ့ လှိုင်းဘွဲမြို့နယ်ဘက်က ဒေသခံတွေကတော့ လုံခြုံရေးစိုးရိမ်နေကြပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

လှိုင်းဘွဲမြို့က အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားအပြီး ဖားအံမြို့ဘက်ကို ပြန်လာတဲ့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး လိုက်ပါလာတဲ့ယာဉ်တန်းဟာ နိုဝင်ဘာ ၂၁ ရက် တနင်္ဂနွေနေ့မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဖားအံ-လှိုင်းဘွဲလမ်းမှာ တိုက်ခိုက်ခံရမှုအတွင်း ယာဉ်တချို့ထိခိုက်မှုရှိခဲ့ပေမယ့် လူသေဆုံးမှုမရှိဘူးလို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

"ကရင်ဥက္ကဋ္ဌ ဦးစောမြင့်ဦး။ သူကတော့ လှိုင်းဘွဲ့မြို့က အောက်စီဂျင်ဖွင့်ပွဲအခန်းအနားကိုတက်ရောက်တယ်။ တက်ရောက်ပြီးတော့ပြန်လာတယ်။ပြန်လာတဲ့အချိန်မှာတော့လှိုင်းဘွဲရဲ့ အနောက်တောင်ဘက် မီတာ (၅,၀၀၀) လောက်မှာ တော့ ရီမုမိုင်းတလုံး ဖောက်ခွဲခံခဲ့ရတာရှိတယ်။ ဖောက်ခွဲခံရတာရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့လူ ထိခိုက်မှုတော့မရှိပါဘူး။ ယာဉ်တန်းထဲမှာပါတဲ့ကားကတော့ မိုင်းစအနည်းငယ် ထိမှန်တာရှိပါတယ်။"

ရေပူ (မောကို) လမ်းခွဲနေရာမှာ ပြည်နယ်ဝန်ကြီးချုပ်စီးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ အနည်းအကျဉ်းသာ ထိခိုက်ခဲ့တယ်လို့ လှိုင်းဘွဲဒေသခံ စောမောင်သန်းကလည်း ပြောပါတယ်။

"ရေပူမှာလား။ ဆွဲမိုင်းနဲ့ အဆွဲခံလိုက်ရတယ်။ လှိုင်းဘွဲနဲ့ဘားအံကြားမှာပေါ့။ ကားတွေကမောင်းနေတာဆိုတော့ သူကခွဲလိုက်တာ အစလေးပဲ နဲနဲပါးပါးထိတယ်။"

ဒီတိုက်ခိုက်မှု ဘယ်သူ့လက်ချက်လဲဆိုတာတော့ အခုအချိန်အထိ မသိရသေးပါဘူး။ အခုလိုတိုက်ခိုက်ခံရတဲ့ နေရာဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်နေတဲ့ နယ်ခြားစောင့် BGF အဖွဲ့တွေ လှုပ်ရှားတဲ့နေရာဖြစ်ပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နဲ့ ဖားပွန်မြို့နယ်အစပ်ဘက်မှာတော့ KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၅ အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရးတင်းမာနေပါတယ်။

အခုလို ပွင့်လင်းရာသီမျိုးမှာ စစ်တပ်က လှိုင်းဘွဲ့ကနေ ဖားပွန်အထိ တပ်စားနပ်ရိက္ခာတွေသယ်ပို့နေတာကြောင့် တိုက်ပွဲတွေ ကြိုကြား ကြိုကြားဖြစ်လေ့ရှိတယ်လို့ စောသန်းမောင်ကပြောပါတယ်။

"ကမမောင်းနဲ့ဖားပွန်ကြားမှာဖြစ်တယ်။ ဖားပွန်ဘက်ရိက္ခာပို့ရမှာကိုး။ နှစ်တိုင်းပို့နေကျလေ။ အခုမှစပို့ဖို့အတွက် သူတို့ကလုံခြုံရေး ယူတယ်ပေါ့- စစ်တပ်က။ ဖားပွန်မှာလည်း တပ်ရင်း (၄) ရင်း ရှိတာကိုး။"

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဖားပွန်မြို့နယ်ဘက်မှာ စစ်တပ်ယာဉ်တန်းကို အခုရက်ပိုင်း မိုင်းခွဲတိုက်ခိုက်ခံရမှု ရှိခဲ့တယ်လို့ ပြောပါတယ်။

"ဖားပွန်ဘက်မှာတော့ ခေါပုတ်ဘက်မှာတော့ မိုင်းခွဲတဲ့ဖြစ်စဉ်ရှိခဲ့တယ်။"

ခုလို စစ်ရေး မတည်မငြိမ်ဖြစ်နေတာကြောင့် လှိုင်းဘွဲ့မြို့နယ်နဲ့ဖားပွန်မြို့နယ်ဘက် မှာ ဒေသအတွင်းလုံခြုံရေးအခြေအနေစိုးရိမ်နေရတယ်လို့ ဖားပွန်ဒေသခံတဦးကပြောပါတယ်။

"အခုကလဲ တောထဲမှာဆိုရင်မိုင်း၊ အတွင်းပိုင်းကလည်း အစိုးရ။ တော်တော်ခက်ခဲကြတယ်။ အပြင်ကိုထွက်လို့မရဲဘူး။ သစ်ခုတ် ဝါးခုတ်အကုန် ဘယ်မှာထင်းသွားလုပ်စားရမလဲ။ သွားလို့လည်း ဘယ်မှာမှမရဲဘူး။"

ကရင်ပြည်နယ် ဖားပွန်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်ရိက္ခာပို့ဖို့အတွက် ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ပက်သက်ပြီး ၂၀၁၈ခုနှစ် မတ်လက စလို့ KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၅ အဖွဲ့နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးလာခဲ့တာ ဖြစ်ပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသားသောင်းချီဟာ ထိုင်း မြန်မာနယ်စပ်ဒေသတွေအပါအဝင် ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင် ခိုလှုံနေကြရပါတယ်။

#MyanmarMilitary #KarenFighting #MyanmarViolence #VOABurmese
#ဖားပွန်#လှိုင်းဘွဲ့#မိုင်းဆွဲတိုက်ခိုက် #စောမြင့်ဦး

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG