သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအန်ယူနယ်မြေ ကားမှောက်မှု ကရင်လူငယ် ၄ ဦးပွဲချင်းသေဆုံး


လူငယ်တွေ စီးလာတဲ့ လိုင်းကားမတော်တဆဖြစ် (Photo - KNU/DOI )
လူငယ်တွေ စီးလာတဲ့ လိုင်းကားမတော်တဆဖြစ် (Photo - KNU/DOI )

ဧရာဝတီတိုင်းကနေ ကေအန်ယူ နယ်မြေကို လာရောက်လေ့လာကြတဲ့ လူငယ်တွေ စီးလာတဲ့ လိုင်းကား ဟာ မတ်လ ၂၆ရက်နေ့ က ကေအန်ယူ တပ်မဟာ (၇) နယ်မြေရှိ တောင်ကုန်းအဆင်းလမ်းမှာ တိမ်းမှောက်တာကြောင့် အမျိုးသမီး တဦး အပါအဝင်လူငယ် ၄ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူငယ်၆ဦး ထက်မနည်းဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကားတစ်စီးတည်း အတူလိုက်ပါစီးလာတဲ့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်အရပ်ဖက် အဖွဲအစည်းက လူငယ်တွေ လည်း ပါဝင်တယ် ။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်လူငယ်ကွန်ယက်အဖွဲ့တွေ အချင်းချင်းချိတ်ဆက်ပြီး ကေအန်ယူ နယ်မြေထဲကို လေ့လာရေးလာကြတဲ့ ဧရာဝတီတိုင်းက လူငယ်အများစု စီးလာတဲ့ကားဟာ ကေအန်ယူ တပ်မဟာ ၇ နယ်မြေထဲမှာ တိမ်းမှောက်ခဲ့တာကြောင့် ကရင်လူငယ်တွေ ပွဲချင်းပြီး ၄ဦး သေဆုံးခဲ့ကြောင်း ကရင်သတင်းစဉ်ရဲ့ အယ်ဒီတာချုပ် နန်းဖောဂေက ပြောပြပါတယ် ။

“ဧရာဝတီတိုင်းကနေ ပြီးတော့ ကျောင်းပိတ်ချိန်မှာ ကေအန်ယူ နယ်မြေထဲကိုလာပြီး လေ့လာကြတဲ့ လူငယ်လေးတွေပေါ့။ အဲဒီမှာ ဒီကနေ လမ်းတဝက်ကနေ သူတို့ ကိုသွားကြိုတဲ့ ကေအန်ယူက လူငယ်လေးတွေလည်းပါတဲ့ကားပေါ့။ အားလုံး ၁၉ယောက်ပါတယ်။ ကားက တပ်မဟာ ၇ နယ်မြေထဲမှာပဲ ကားက ဘရိတ်ပေါက်ကပြီး လမ်းကလည်း ကုန်းဆင်းဖြစ်နေတော့ ပွဲချင်းပြီး ၄ဦး သေသွားတယ် ကျန်တဲ့ သူတွေထဲက ထိခိုက်ဒဏ်ရာရတာ အပြင်းအထန်ဒဏ်ရာရတာတွေလည်းရှိတယ်”

သေဆုံးသွားတဲ့သူတွေထဲမှာ ဧရာဝတီတိုင်းကလူငယ်တွေအပြင် ကရင်အရပ်ဖက် အဖွဲအစည်းက လူငယ်တွေလည်းပါဝင်ပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးဌာနချုပ်မှာ ထားပြီး သဂြုႋဟ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“ အသက်အပိုင်းအခြားအရ သွားကြိုတဲ့သူတွေထဲမှာ အသက် ၂၀ကျော် ၃၀၀န်းကျင်တွေ ၊ လာတဲ့ သူတွေထဲမှာလည်း အသက် ၁၉လောက်လဲပါတာတွေ့ရတယ်။တချို့ကတော့ လူနာစာရင်းထဲမှာ တွေရတယ် ပွဲချင်းပြီး သေတဲ့သူတွေကတော့ လောလောဆည် သိသလောက်က ကေအန်အယ်လ်အေ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဌာနချုပ်မှာထားတယ်။ အဲဒီသေတဲ့သူတွေထဲမှာ အမျိုးသမီးတဦး အမျိုးသား ၃ဦးပါတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကိုတော့ ထိုင်းဘက်ခြမ်း ကယ်ဆယ်ရေးအဖွဲတွေကလာရောက်ကယ်ဆယ်ခဲ့ပြီးထိုင်းဘက်ခြမ်းမှာ လာရောက်ကုသပေးနေတယ်လို့တော့ သိရတယ်”

ကားတိမ်းမှောက်တဲ့နေရာဟာ ထိုင်းမြန်မာနယ်စပ် တပ်ခရိုင် ၊ ထဆောင်ရန် မြို့နယ် ၊ မဲစလစ်နွိုင့် ကျေးရွာ ရဲ့တဖက်ခြမ်းမှာ ဖြစ်တာကြောင့် ထိုင်းလူမူကယ်ဆယ်ရေးအဖွဲတွေက ဒဏ်ရာရတဲ့ ကျေင်းသားကျောင်းသူတေ ွလူငယ်တွေကို ထိုင်းနိုင်ငံထဲက ထဆောင်ရမ်း မြို့နယ်ဆေးရုံမှာ ပိုဆောင်ထားတယ်လို့ဆိုပါတယ်။

အခင်ဖြစ်ပွားခဲ့တဲ့နေရာ ကို ကေအန်ယူက တာဝန်ရှိသူတွေ ထိုင်းဘက်ကတော့ ထဆောင်ရမ်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ရထစ် ဖိုထရင် နဲ့အတူ ထိုင်းကျေးရွာအာဏာပိုင်တွေ ထိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ထိုင်းနယ်ခြားစောင့်တပ် ၃၅၀၆ တပ်ရင်းက တပ်ဖွဲ့ဝင်တွေပါ လာရောက် ကူညီပေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG