သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယပိုင် ကက်ရ်ှမီးယား ရဲစခန်း တိုက်ခိုက်ခံရ


အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသက ရဲစခန်းကို ခွဲထွက်ရေးလက်နက်ကိုင်တွေလို့ သံသယရှိသူတွေ က စီးနင်းတိုက်ခိုက်ပြီးနောက် လုံခြုံရေးများ ရောက်ရှိလာစဉ်။ (စက်တင်ဘာ ၂၆၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသက ရဲစခန်းကို ခွဲထွက်ရေးလက်နက်ကိုင်တွေလို့ သံသယရှိသူတွေ က စီးနင်းတိုက်ခိုက်ပြီးနောက် လုံခြုံရေးများ ရောက်ရှိလာစဉ်။ (စက်တင်ဘာ ၂၆၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက ရဲစခန်းတစ်ခုကို ခွဲထွက်ရေးလက်နက်ကိုင်တွေလို့ သံသယရှိသူတွေ က စီးနင်းတိုက်ခိုက်ပြီး လူရှစ်ယောက်ထက် မနည်းကို ပစ်သတ်ခဲ့တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လမ်းကြောင်းလွဲသွားအောင် ရည်ရွယ်တဲ့ တိုက်ခိုက်မှုတွေဆိုပြီး ဒေသ ဆိုင်ရာအစိုးရက ပြောနေတဲ့ တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

Hiranagar မြို့က ရဲစခန်းကို တိုက်ခိုက်သူတွေက သေနတ်နဲ့ တရစပ် ဝင်ပစ်ပြီးတော့ ထွက်ပြေးဖို့အတွက် ထရပ်ကားတစ်စီး ကို လုယူသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူ လေးဦးထက်မနည်းဟာ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

Hiranagar မြို့ဟာ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသရဲ့မြို့တော် Srinagar ရဲ့တောင်ဘက် ၁၂၄ မိုင်ကျော်အကွာမှာ ရှိတာပါ။
တိုက်ခိုက်သူတွေ ဟာ အနီးနားက တပ်စခန်း တစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။


နယူးယောက်မြို့တော်မှာ အခုသီတင်းပတ် ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပမှာ အိန္ဒိယနဲ့ ပါကစ္စတန် ဝန်ကြီးချုပ်တွေ တွေ့ဆုံ ဆွေးနွေးပွဲမတိုင်ခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းပြောင်းအောင် ရည်ရွယ်ပြီး အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ Jammu နဲ့ ကက်ရှ်မီးယားဒေသ ဝန်ကြီးချုပ် Omar Abdullah ကပြောပါတယ်။
XS
SM
MD
LG