သုံးရလွယ်ကူစေသည့် Link များ

Trump သမ္မတလောင်း မဖြစ်ရေး၊ ပြိုင်ဘက် ၂ ယောက် ပူးပေါင်းမည်


Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz နဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich
Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz နဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich

ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး ကြိုးပမ်းနေကြသူတွေထဲ ထိပ်ဆုံးမှာရှိနေတဲ့ ဘီလျံနာသူဌေး Donald Trump သမ္မတလောင်း ဖြစ်မလာနိုင်အောင် ကျန်တဲ့ ပြိုင်ဘက် ၂ ယောက်က ပြည်နယ် ၃ ခုမှာ ပူးပေါင်းဆောင်ရွက်သွားမဲ့ အစီအစဉ်တွေကို လူသိရှင်ကြားပြောကြားခဲ့ကြပါတယ်။

Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz နဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich တို့က သူတို့ ၂ ယောက်ပေါင်းပြီး Trump သမ္မတလောင်း မဖြစ်ရေးအတွက် ဗြူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြောကြားခဲ့တာပါ။

ရှေ့နှစ်ထဲ သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့် ဘရက်အိုဘားမားရဲ့နေရာမှာ တာဝန်ယူနိုင်ဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက New Hampshire ပြည်နယ် သမ္မတလောင်းပဏာမရွေးပွဲမှာ မစ္စတာ Trump ပဲ အနိုင်ရခဲ့ပြီးတဲ့နောက် သူဟာ ပြိုင်ဘက်တွေအားလုံးကို ကျော်ပြီး ရှေ့ကဆက်ပြေးနေပါတယ်။

Cleveland မြို့မှာ ရီပတ်ဘလီကန်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပဖို့ သုံးလတောင် မလိုတော့ချိန်မှာ ပါတီတွင်း သမ္မတလောင်း အဖြစ် အရွေးခံရဖို့အတွက် လိုအပ်တဲ့ ပါတီကိုယ်စားလှယ် အရေအတွက် ၁၂၃၇ ယောက်ရဲ့ အများစုထောက်ခံမှုကိုရဖို့ အခွင့်အလမ်း ရှိနေသူက Trump တယောက်သာ ရှိနေတာပါ။ ဒီအခြေအနေဖြစ်နေပေမဲ့လဲ မစ္စတာ Cruz နဲ့ မစ္စတာ Kasich ကလည်း မဲဆွယ်လှုပ်ရှားမှုတွေကို ဆက်ပြီးလုပ်နေကြဆဲဖြစ်ပါတယ်။

တကယ်လို့ မစ္စတာ Trump သာ ပါတီသမ္မတလောင်းဖြစ်သွားမယ်ဆိုရင် လာမယ့် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က သမ္မတလောင်းဖြစ်ဖို့ကြိုးစားနေသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကပဲ သမ္မတဖြစ်သွားနိုင်တယ်လို့ ဆိုပြီး Trump ဟာ ပါတီအတွက် အန္တရာယ်ရှိတယ်လို့ မစ္စတာ Cruz နဲ့ မစ္စတာ Kasich တို့က သတိပေး ပြောဆိုနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG