သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kate Middleton တတိယကိုယ်ဝန်ဆောင်


ဒုတိယမြောက် အိမ်ရှေ့မင်းသား William နဲ့ဇနီး Cambridge မြို့စားကတော် Kate Middleton
ဒုတိယမြောက် အိမ်ရှေ့မင်းသား William နဲ့ဇနီး Cambridge မြို့စားကတော် Kate Middleton

ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အိမ်ရှေ့မင်းသား William နဲ့ဇနီး Cambridge မြို့စားကတော်တို့ တတိယမြောက်ရင်သွေး လွယ်ထားပြီလို့ Kensington နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီသတင်းကြောင့် ဒုတိယမြောက် Elizabeth ဘုရင်မကြီးနဲ့ ၂ ဖက်မိသားစုအားလုံး အင်မတန် ဝမ်းသာနေကြတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ကိုယ်ဝန်စဆောင်စဉ်မှာ ဖြစ်လေ့ရှိတဲ့ ပျို့အန် ကိုယ်လက်မအီမသာဖြစ်တဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားနေရတဲ့အတွက် စီစဉ်ထားတဲ့အတိုင်း လန်ဒန်မြို့ထဲက ကလေးများစင်တာတခုဆီ Cambridge မြို့စားကတော် တနင်္လာနေ့မှာ သွားနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မင်းသား William နဲ့ Kate Middleton တို့မှာ အသက် ၄ နှစ်အရွယ် မင်းသား George နဲ့ အသက် ၂ နှစ်အရွယ် မင်းသမီး Charlotte တို့ ရှိထားပြီးဖြစ်ပါတယ်။ အခုတတိယမြောက်မွေးလာမယ့်ကလေးဟာ ဗြိတိန်နိုင်ငံရဲ့ ပဉ္စမမြောက်အိမ်ရှေ့စံဖြစ်လာမှာဖြစ်ပါတယ်။

Kate Middleton တတိယကိုယ်ဝန်ဆောင်
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG