သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်း လေပြင်း တဦးသေဆုံး


ကောလင်းမြို့မှာ မေ ၁၅ ရက်နေ့ လေပြင်းတိုက်ခိုက်ပြီး လူတဦးသေဆုံး (MOI)
ကောလင်းမြို့မှာ မေ ၁၅ ရက်နေ့ လေပြင်းတိုက်ခိုက်ပြီး လူတဦးသေဆုံး (MOI)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှာ မေ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ လေပြင်းတိုက်ခတ်သွားတာမှာ မြောက်အင်းရပ်ကွက်နေ အသက် ၇၇ နှစ်အရွယ် ဦးလှဖေဟာ သစ်ကိုင်းပိပြီး နေရာတင် ပွဲချင်းပြီး သေးဆုံးသွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြိုလဲပျက်စီးကျိုးကျခဲ့တဲ့ သစ်ပင်သစ်ကိုင်းတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက စုပေါင်းရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မိုးသက် လေပြင်းတိုက်ခတ်မှုတွေ ကောလင်းမြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ အခုလ အစောပိုင်းတွေမှာ ဖြစ်သွားခဲ့တဲ့အတွက် လူအသေအပျောက် ရှိခဲ့သလို အိမ်တွေ ရာနဲ့ချီ ပျက်ဆီးပြီး တခြား အဆောက်အဦး တော်များများလည်း ပျက်ဆီးခဲ့တာပါ။

လေပြင်းတိုက်ခတ်မှုတွေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တခြား မြို့နယ်တွေအပါအဝင် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာလည်း ဖြစ်သွားခဲ့တဲ့အတွက် စုစုပေါင်း လူ ၁၆ ထက်မနည်း သေဆုံးခဲ့သလို ပျက်ဆီး ဆုံးရှုံးမှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ဘေးဒုက္ခရောက်ခဲ့သူတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကူအညီတွေ လိုက်လံ ပို့ပေးနေသလို တခြား ပရဟိတအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့ အကူအညီတွေကို တပိုင်တနိုင် လုပ်ဆောင်ပေးနေကြပါတယ်။

please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG