သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုတိုက္ပြဲေၾကာင့္ ေဒသခံေတြ လုံၿခဳံေရးအျပင္ ေဆးဝါး ရိကၡာခက္ခဲ


ကယားျပည္နယ္၊ ဒီးေမာ့ဆိုပတ္ဝန္းက်င္က တိုက္ပြဲေၾကာင့္ ေဘးလြတ္ရာတိမ္းေရွာင္ေနရတဲ့ ေဒသခံျပည္သူမ်ား။ (ဇြန္ ၁၊ ၂၀၂၁)

[[Zawgyi/Unicode]]

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲ တိုက္ပြဲေတြျပင္းထန္ခဲ့သလို စစ္ေကာင္စီတပ္က ေလေၾကာင္းကေရာ လက္နက္ႀကီးနဲ႔ပါ ပစ္ခတ္တိုက္ခိုက္ေနတာမို႔ ကုန္စည္သယ္ယူပို႔ေဆာင္ေရးေတြပါ အခက္အခဲျဖစ္ၿပီး ေဒသတြင္း စားေသာက္ကုန္ျပတ္လပ္မယ့္အေနအထားရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေျပးဒုကၡသည္ေတြလည္း စားနပ္ရိကၡာနဲ႔ ေဆးဝါးအကူအညီလိုေနတယ္လို႔ဆိုပါတယ္။ ဒီသတင္း ရန္ကုန္က ေပးပို႔ထားတာကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ ဒီဇင္ဘာ ၃၁ ရက္ကေန ဇန္နဝါရီ ၃ ရက္ေန႔ ည ၇ နာရီအထိ ကရင္နီျပည္သူ႔ကာကြယ္ေရး မဟာမိတ္ပူးေပါင္းတပ္ဖြဲ႔နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ရွိခဲ့တာပါ။ ဒီးေမာ့ဆိုနယ္ ထူလြီးဘီလာေက်း႐ြာ အနား သဲေတာင္မွာ ဖ႐ူဆိုဘက္ကေန စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္နဲ႔ ကရင္နီတပ္မေတာ္ (KA) ၊ ကရင္နီအမ်ိဳးမ်ားသားကာကြယ္ေရးတပ္ KNDF တို႔ ၾကား ဇန္နဝါရီလ ၃ ရက္ မေန႔က တိုက္ပြဲကေတာ့ မနက္ ၁၀ နာရီခြဲကေန ည ၇ နာရီထိ ၉ နာရီဝန္းက်င္အထိ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ေဒသခံေတြေျပာၾကပါတယ္။

ဒီးေမာ့ဆို တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္က ေလေၾကာင္းနဲ႔ပါ တိုက္ခိုက္ခဲ့လို႔ ဒါဟာ ႏိုင္ငံတကာ စည္းမ်ဥ္းစည္းကမ္းကို ခ်ိဳးေဖာက္လိုက္တာ ျဖစ္တယ္လို႔ KNDF ျပန္ၾကားေရးတာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။

“ဒီ ၄ ရက္မွာေတာ့ အဆိုးဆုံးကေတာ့ ေလယာဥ္နဲ႔တိုက္တဲ့ရက္ပဲေပါ့။ အဲ့ရက္မွာေတာ့ ေတာက္ေလွ်ာက္ ေလယာဥ္နဲ႔တိုက္ခဲ့ေတာ့ က်ေနာ္တို႔ဘက္လည္း အဲ့ဒီရက္ပဲ ဒဏ္ရာေတာ္ေတာ္မ်ားမ်ားရသြားတာ။ က်န္တဲ့ရက္ေတြကေတာ့ က်ေနာ္တို႔ က်ဆုံးတာ မရွိသေလာက္ပဲ။ စစ္ေကာင္စီဘက္က ဒါဟာ တပ္ရဲ႕ မူ စည္းမ်ဥ္း စည္းကမ္း၊ ဒီႏိုင္ငံတကာရဲ႕အေျခခံ law ကို ခ်ိဳးေဖာက္တာပဲေလ။ ျပည္တြင္းစစ္ မွာ ေလယာဥ္မသုံးရဘူး စသည္ျဖင့္ေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳး သေဘာတူညီခ်က္ေတြ ရွိတဲ့ဟာကို ခ်ိဳးေဖာက္တာပဲ။”

စစ္ေကာင္စီတပ္ေတြဟာ ကယားျပည္နယ္အျပင္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္ေတြက တိုက္ပြဲေတြမွာလည္း ေလေၾကာင္းသုံးတိုက္ ခိုက္မႈေတြရွိေနတာပါ။ ဒီးေမာ့ဆိုတိုက္ပြဲအတြင္းမွာေတာ့ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔ဘက္က ကရင္နီတပ္မေတာ္ တပ္ဖြဲ႔ဝင္တဦးနဲ႔ PDF ပူးေပါင္းမဟာမိတ္က တပ္ဖြဲ႔ဝင္တဦး က်ဆုံးခဲ့ၿပီး ၁၀ ဦးေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ေသဆုံးသူ အနည္းဆုံး ၃၀ အထက္မွာ ရွိေနတယ္လို႔ ေျပာပါတယ္။ ဒီေသဆုံးမႈနဲ႔ ပတ္သက္လို႔ ဗြီအိုေအက အတည္ျပဳေနဆဲပါ။

တိုက္ပြဲကာလအတြင္းမွာ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြ အသုံးျပဳပစ္ခတ္ခဲ့တယ္လို႔လည္း တိုက္ပြဲအနီးအနား ေဒသခံတဦးကေျပာပါတယ္။

“တိုက္ပြဲကေတာ့ ေတာ္ေတာ္ျပင္းထန္တယ္။ က်ေနာ္လည္း ရက္စြဲေတာ့ နည္းနည္းေမ့ေနတယ္။ အဲ့ဒါ သူတို႔လက္နက္ႀကီး ထုတာဆိုရင္ ဒီမနက္ပိုင္း ၉ နာရီဝန္းက်င္ေလာက္ကေန ဟို ည ၁၁ နာရီခြဲေက်ာ္အထိေတာင္မွ ခဏပဲ နားၿပီးေတာ့ ျပန္ျပန္ထုေနတာ ဒီတပ္ထဲကေန သူတို႔ လွမ္းလွမ္းထုေနတာ။ က်ေနာ္တို႔ ခန႔္မွန္းတာေတာ့ ဒီေငြေတာင္ဆည္အနားက ၄၂၇ တပ္ကေနထုတယ္။ ေနာက္ လြိဳင္ေကာ္ကေနလည္း လွမ္းထုတယ္။ တိုက္ပြဲ ရွိလည္းထုတယ္။ မရွိလည္း ထုတယ္။”

ဒီလို လက္နက္ႀကီးနဲ႔ေရာ ေလေၾကာင္းကပါ တိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံေက်း႐ြာသားေတြ စိုးရိမ္ေၾကာက္႐ြံ႕ေနၾကတယ္လို႔ စစ္ေဘးေရွာင္စခန္းတာဝန္ခံ တဦးက ေျပာပါတယ္။

“လက္နက္ႀကီးေတြလည္း တခါတေလရမ္းထုေနတာေပ့ါေနာ္။ ဘယ္အခ်ိန္မွာ က်ေနာ္တို႔ဘက္ကို လက္နက္ႀကီးက်မလဲဆိုတဲ့ စိုးရိမ္းစိတ္ေတြ၊ စစ္ေကာင္စီက လက္နက္ႀကီးေတြေပါ့ေနာ္။ အခုၿပီးခဲ့တဲ့တပတ္ဆိုလည္း တိုက္ေလယာဥ္လာေတာ့ အဲ့ဒါနဲ႔ ပတ္သက္ၿပီးေတာ့မွ ေတာ္ေတာ္စိုးရိမ္ပူပင္မႈေတြ ရွိၾကတာေပါ့။ အဲ့တခ်က္ အခက္အခဲျဖစ္ခ်င္ေနတာေပ့ါေနာ္။ ဒါေပမယ့္ ရိကၡာေတြေတာ့ မပ်က္ေသး၊ မပ်က္ေအာင္ေတာ့ ေတာ္ေတာ္ေလး ႐ုန္းကန္ရွာေနရတာေပါ့ေနာ္။ အဲ့လိုေလးျဖစ္ေနတယ္ေပါ့။”

တိုက္ပြဲအေျခအေနေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနရၾကပါတယ္။ စစ္ေျပးဒုကၡသည္ေတြအၾကား မက်န္းမမာသူေတြ မ်ားေနၿပီး လူ ၁,၀၀၀ မွာ ၅၀၀ ေလာက္က ေနမေကာင္းျဖစ္ေနၾကလို႔ ေဆးဝါးလည္း လိုအပ္ ေနတယ္လို႔ ေျပာပါတယ္။ တိုက္ပြဲေတြေၾကာင့္ သြားလာေရးနဲ႔ သယ္ယူပို႔ေဆာင္ေရးခက္ခဲလာၿပီး စစ္ေဘးဒုကၡသည္ေတြအတြက္ အလႉရွင္ေတြ နည္းပါးလာေနတာေၾကာင့္ အကူအညီေတြ ပိုလိုအပ္ေနတယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ သယ္ယူပို႔ေဆာင္ေရးအခက္အခဲေၾကာင့္ ကုန္ေဈးႏႈန္းေတြပါ ျမင့္တက္လာၿပီး ကုန္စည္ျပတ္လပ္မယ့္အေနအထားရွိေနတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“က်ေနာ္တို႔ သြားလာလို႔ မရေတာ့ဘူး။ ေနလို႔လည္း မရေတာ့ဘူး။ ဒီစားေသာက္ ကုန္ ကုန္းလမ္းေၾကာင္းလည္း ဒီ ဒီးေမာ့ဆိုကေန မသြားေတာ့ဘူး။ ဒီးေမာ့ဆို လုံးဝသြားလာလို႔မရတဲ့ နယ္ေျမျဖစ္သြားတာေပါ့။ ေတာ္ေတာ္ေလးခက္ခဲပါတယ္။ က်ေနာ္တို႔ ကုန္ေတြ သယ္ဖို႔လည္း ခက္ခဲတယ္။ ေနာက္ ေဈးဝယ္ဖို႔လည္း ခက္ခဲတယ္။ ေနာက္ ဟို အေဝးဘက္မွာ ေနတဲ့လူဆိုရင္ ပိုခက္ခဲတယ္။ အေရးထဲ ဒီစစ္ေၾကာင္းနဲ႔ေတြ႔ရင္ ပိုၿပီးေတာ့မွ အသက္အႏၲရာယ္ရွိေနရတဲ့ သေဘာမ်ိဳး၊ ကုန္ေဈးႏႈန္းေတြလည္း အရမ္းျမင့္ၿပီးေတာ့ ရွားတဲ့အေျခအေနမ်ိဳးျဖစ္ေနပါတယ္။”

လက္ရွိအခ်ိန္မွာေတာ့ ကယားျပည္နယ္တြင္း စစ္ေျပးဒုကၡသည္ေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈလိုအပ္ခ်က္ရွိသလို၊ အမိုးအကာ ေဆးဝါး စားနပ္ရိကၡာ အခက္အခဲလိုအပ္ခ်က္ေတြပါ ရင္ဆိုင္ေနရတယ္လို႔ ေဒသခံကူညီေရးသမားေတြက ေျပာပါတယ္။ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္အရာအႀကီးအကဲကေတာ့ ကယားျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံတြင္း ပဋိပကၡရွိေနတဲ့ ေဒသေတြမွာရွိတဲ့ လူဦးေရ သုံးသန္းဟာ အေရးေပၚအကူအညီေတြလိုအပ္ေနတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဒီးမော့ဆိုတိုက်ပွဲကြောင့် ဒေသခံတွေလုံခြုံရေးအပြင်ဆေးဝါးရိက္ခာခက်ခဲ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲ တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာမို့ ကုန်စည်သယ်ယူပို့ဆောင်ရေးတွေပါ အခက်အခဲဖြစ်ပြီး ဒေသတွင်း စားသောက်ကုန်ပြတ်လပ်မယ့်အနေအထားရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေလည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုနေတယ်လို့ဆိုပါတယ်။ ဒီသတင်း ရန်ကုန်က ပေးပို့ထားတာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်နဝါရီ ၃ ရက်နေ့ ည ၇ နာရီအထိ ကရင်နီပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ရှိခဲ့တာပါ။ ဒီးမော့ဆိုနယ် ထူလွီးဘီလာကျေးရွာ အနား သဲတောင်မှာ ဖရူဆိုဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးများသားကာကွယ်ရေးတပ် KNDF တို့ ကြား ဇန်နဝါရီလ ၃ ရက် မနေ့က တိုက်ပွဲကတော့ မနက် ၁၀ နာရီခွဲကနေ ည ၇ နာရီထိ ၉ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေပြောကြပါတယ်။

ဒီးမော့ဆို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ဒါဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

“ဒီ ၄ ရက်မှာတော့ အဆိုးဆုံးကတော့ လေယာဉ်နဲ့တိုက်တဲ့ရက်ပဲပေါ့။ အဲ့ရက်မှာတော့ တောက်လျှောက် လေယာဉ်နဲ့တိုက်ခဲ့တော့ ကျနော်တို့ဘက်လည်း အဲ့ဒီရက်ပဲ ဒဏ်ရာတော်တော်များများရသွားတာ။ ကျန်တဲ့ရက်တွေကတော့ ကျနော်တို့ ကျဆုံးတာ မရှိသလောက်ပဲ။ စစ်ကောင်စီဘက်က ဒါဟာ တပ်ရဲ့ မူ စည်းမျဉ်း စည်းကမ်း၊ ဒီနိုင်ငံတကာရဲ့အခြေခံ law ကို ချိုးဖောက်တာပဲလေ။ ပြည်တွင်းစစ် မှာ လေယာဉ်မသုံးရဘူး စသည်ဖြင့်ပေါ့နော်။ အဲ့ဒီလိုမျိုး သဘောတူညီချက်တွေ ရှိတဲ့ဟာကို ချိုးဖောက်တာပဲ။”

စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တွေက တိုက်ပွဲတွေမှာလည်း လေကြောင်းသုံးတိုက် ခိုက်မှုတွေရှိနေတာပါ။ ဒီးမော့ဆိုတိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကရင်နီတပ်မတော် တပ်ဖွဲ့ဝင်တဦးနဲ့ PDF ပူးပေါင်းမဟာမိတ်က တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ သေဆုံးသူ အနည်းဆုံး ၃၀ အထက်မှာ ရှိနေတယ်လို့ ပြောပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ ဗွီအိုအေက အတည်ပြုနေဆဲပါ။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ အသုံးပြုပစ်ခတ်ခဲ့တယ်လို့လည်း တိုက်ပွဲအနီးအနား ဒေသခံတဦးကပြောပါတယ်။

“တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်။ ကျနော်လည်း ရက်စွဲတော့ နည်းနည်းမေ့နေတယ်။ အဲ့ဒါ သူတို့လက်နက်ကြီး ထုတာဆိုရင် ဒီမနက်ပိုင်း ၉ နာရီဝန်းကျင်လောက်ကနေ ဟို ည ၁၁ နာရီခွဲကျော်အထိတောင်မှ ခဏပဲ နားပြီးတော့ ပြန်ပြန်ထုနေတာ ဒီတပ်ထဲကနေ သူတို့ လှမ်းလှမ်းထုနေတာ။ ကျနော်တို့ ခန့်မှန်းတာတော့ ဒီငွေတောင်ဆည်အနားက ၄၂၇ တပ်ကနေထုတယ်။ နောက် လွိုင်ကော်ကနေလည်း လှမ်းထုတယ်။ တိုက်ပွဲ ရှိလည်းထုတယ်။ မရှိလည်း ထုတယ်။”

ဒီလို လက်နက်ကြီးနဲ့ရော လေကြောင်းကပါ တိုက်ခိုက်မှုတွေကြောင့် ဒေသခံကျေးရွာသားတွေ စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ တဦးက ပြောပါတယ်။

“လက်နက်ကြီးတွေလည်း တခါတလေရမ်းထုနေတာပေ့ါနော်။ ဘယ်အချိန်မှာ ကျနော်တို့ဘက်ကို လက်နက်ကြီးကျမလဲဆိုတဲ့ စိုးရိမ်းစိတ်တွေ၊ စစ်ကောင်စီက လက်နက်ကြီးတွေပေါ့နော်။ အခုပြီးခဲ့တဲ့တပတ်ဆိုလည်း တိုက်လေယာဉ်လာတော့ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့မှ တော်တော်စိုးရိမ်ပူပင်မှုတွေ ရှိကြတာပေါ့။ အဲ့တချက် အခက်အခဲဖြစ်ချင်နေတာပေ့ါနော်။ ဒါပေမယ့် ရိက္ခာတွေတော့ မပျက်သေး၊ မပျက်အောင်တော့ တော်တော်လေး ရုန်းကန်ရှာနေရတာပေါ့နော်။ အဲ့လိုလေးဖြစ်နေတယ်ပေါ့။”

တိုက်ပွဲအခြေအနေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရကြပါတယ်။ စစ်ပြေးဒုက္ခသည်တွေအကြား မကျန်းမမာသူတွေ များနေပြီး လူ ၁,၀၀၀ မှာ ၅၀၀ လောက်က နေမကောင်းဖြစ်နေကြလို့ ဆေးဝါးလည်း လိုအပ် နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးခက်ခဲလာပြီး စစ်ဘေးဒုက္ခသည်တွေအတွက် အလှူရှင်တွေ နည်းပါးလာနေတာကြောင့် အကူအညီတွေ ပိုလိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ကုန်စည်ပြတ်လပ်မယ့်အနေအထားရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ကျနော်တို့ သွားလာလို့ မရတော့ဘူး။ နေလို့လည်း မရတော့ဘူး။ ဒီစားသောက် ကုန် ကုန်းလမ်းကြောင်းလည်း ဒီ ဒီးမော့ဆိုကနေ မသွားတော့ဘူး။ ဒီးမော့ဆို လုံးဝသွားလာလို့မရတဲ့ နယ်မြေဖြစ်သွားတာပေါ့။ တော်တော်လေးခက်ခဲပါတယ်။ ကျနော်တို့ ကုန်တွေ သယ်ဖို့လည်း ခက်ခဲတယ်။ နောက် ဈေးဝယ်ဖို့လည်း ခက်ခဲတယ်။ နောက် ဟို အဝေးဘက်မှာ နေတဲ့လူဆိုရင် ပိုခက်ခဲတယ်။ အရေးထဲ ဒီစစ်ကြောင်းနဲ့တွေ့ရင် ပိုပြီးတော့မှ အသက်အန္တရာယ်ရှိနေရတဲ့ သဘောမျိုး၊ ကုန်ဈေးနှုန်းတွေလည်း အရမ်းမြင့်ပြီးတော့ ရှားတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။”

လက်ရှိအချိန်မှာတော့ ကယားပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ရှိသလို၊ အမိုးအကာ ဆေးဝါး စားနပ်ရိက္ခာ အခက်အခဲလိုအပ်ချက်တွေပါ ရင်ဆိုင်နေရတယ်လို့ ဒေသခံကူညီရေးသမားတွေက ပြောပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်အရာအကြီးအကဲကတော့ ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခရှိနေတဲ့ ဒေသတွေမှာရှိတဲ့ လူဦးရေ သုံးသန်းဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

#MyanmarViolence #KayahFighting #Demoso #VOABurmese #စစ်ပြေးဒုက္ခသည် #ကုန်ဈေးနှုန်းမြင့် #ဒီးမော့ဆို #စစ်ကောင်စီ #ကယား #ကရင်နီ #ဖရူဆို #ဗွီအိုအေ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG