သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယား ေဒသခံကာကြယ္ေရး နဲ႔ စစ္ေကာင္စီတပ္ တိုက္ပဲြဆက္


Homemade gun of PDF

{{Zawgyi/Unicode}}

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္ ကုန္းသာရြာတဝိုက္မွာ စက္တင္ဘာ ၂၉ ရက္က ကရင္နီပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲထန္းျပင္ျဖစ္ၿပီးတဲ့ေနာက္ ဒီကေန႔ စက္တင္ဘာ ၃၀ ရက္ေန႔မွာလည္းတိုက္ပြဲ ထပ္မံျပင္းထန္ခဲ့ပါတယ္။

တိုက္ပြဲအတြင္းမွာ စစ္ေကာင္စီတပ္က ေက်းရြာဘက္မွာ လက္နက္ႀကီးနဲ႔ အဆက္မျပတ္ပစ္ခတ္လို႔ ကုန္းသာရြာက ေနအိမ္တခ်ဳိ႕ မီးေလာင္ပ်က္စီးသြားသလို ရြာ ၆ ရြာထက္မနည္း အိုးအိမ္စြန္႔ခြာ ေတာေတာင္ထဲ ထြက္ေျပးေနၾကရပါတာလို႔ေ ဒသခံေတြက VOA ကို ေျပာၾကပါတယ္။

လက္နက္ႀကီးက်လို႔ ေနအိမ္မီးေလာင္သြားတဲ့ အေျခအေနကို ကိုယ္တိုင္ျမင္ေတြ႔ခဲ့တဲ့ ကုန္းသာရြာသားတဦးက VOA ကို အခုလို ေျပာပါတယ္။

“မီးေလာင္သြားတဲ့ အေျခအေနမ်ဳိးဆိုရင္ေတာ့ မေန႔ညနဲ႔ ဒီရက္ပါဆိုရင္ေတာ့ တိတိက်က်ဆိုရင္ ၂ လံုးရွိတယ္ေပါ့ေနာ္။ ဒါလက္နက္ႀကီးက်ၿပီးေတာ့ ထိမွန္တာ။ လံုးဝျပာက်သြားတယ္။ ထိခိုက္သြားတာ ၂ လံုးရွိတယ္။ အေပၚပိုင္း ထိသြားတာတို႔၊ အိမ္ေခါင္းမိုးလန္သြားတာတို႔၊ ကာထားတဲ့ သြပ္ျပင္ေတြလြင့္သြားတာမ်ဳိးကက်ေတာ့ အနည္းဆံုး ၈ လံုးေလာက္ေတာ့ ရွိတယ္ေပါ့ေနာ္။”

ယခင္ရက္ေတြက ဒီးေမာ့ဆိုနယ္ ကုန္းသာရြာတဝိုက္မွာ တိုက္ပြဲျပင္းထန္ခဲ့ၿပီး အခုတဖန္ လြိဳင္ေကာ္နယ္ ကုန္းသာရြာနားမွာ တိုက္ပြဲထပ္မံျပင္းထန္ခဲ့တာပါ။ မေန႔က တိုက္ပြဲအတြင္းမွာ ေဒသခံ အမ်ားအျပား ပိတ္မိေနခဲ့ၿပီး ေနာက္ေန႔မွ ျပန္လည္ထြက္ေျပးႏိုင္ခဲ့ၾကပါတယ္။ စစ္တပ္က ေက်းရြာအိမ္ေတြဘက္ကို လက္နက္ႀကီးေတြ အဆက္မျပတ္ပစ္ခတ္တာလို႔ ကိုယ္တိုင္ႀကံဳေတြ႔ခဲ့ရတဲ့ ကုန္းသာရြာသားတဦးက အခုလို ဆက္ေျပာပါတယ္။

“ဘယ္လိုေျပာမလဲဆို ဒါ ငါရဲ႕ ေနာက္ဆံုးေန႔လည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္ဆိုၿပီးမွ မနည္းစိတ္အားတင္းထားရတယ္ေပါ့ေနာ္၊ လက္နက္ႀကီးေတြလည္း အိမ္ပတ္ဝန္းက်င္မွာ အဆက္မျပတ္က်ေနတယ္ကြာ၊ မနက္ ၆ နာရီခြဲေလာက္မွာ စထြက္လာတယ္။ ေတာင္ေပၚဘက္ကို ထြက္တယ္ေပါ့ေနာ္၊ ၁၁ နာရီေလာက္မွာလား မသိဘူး။ တိုက္ပြဲျပန္ျဖစ္ၾကတယ္ေပါ့ေနာ္။ အဲဒီမွာ က်ေနာ္တို႔ ဒီေတာင္ေပၚကေန အတိုင္းသား ၾကားေနရတာေပါ့ေနာ္ ဟာ… ပစ္ျပန္ၿပီေဟ့…ငါတို႔ဒီကို ေျပးလာတာ မွန္ တာပဲဆိုၿပီးမွ အခ်င္းခ်င္းေျပာေနၾကတာ။ ရြာထဲမွာဆိုလည္း ေတာ္ေတာ္ေလး တိုက္ပြဲျပင္းထန္တယ္ေပါ့ေနာ္။”

ေနာက္ထပ္ ကုန္းသာရြာသူတဦးကလည္း သူႀကံဳေတြ႔ခဲ့တဲ့ အေနအေျခကို အခုလို ေျပာျပပါတယ္။

“အျပန္အလွန္ျဖစ္ၾကတာေရာ လက္နက္ႀကီးနဲ႔ ထုတာေရာ အကုန္လံုး က်မတို႔ ရြာထဲကို အကုန္ထုတယ္ရွင္၊ ဆိုေတာ့ ေတာ္ေတာ္ကို အေျခအေနဆိုးတဲ့ ေန႔လို႔ေျပာရမွာေပါ့ေနာ္၊ ေတာ္ေတာ္ကို စိတ္ဓာတ္က်တယ္ေပါ့ေနာ္၊ ဘယ္ေလာက္ထိေတာင္ေတြးမိလဲဆိုရင္ အိမ္ေဘးပတ္ပတ္လည္ကို လက္နက္ႀကီးက်တဲ့ အခ်ိန္မွာ “ ေအာ္ ေအး ငါေသဖို႔ပဲရွိေတာ့တယ္” ဆိုတဲ့ စိတ္မ်ဳိးထိေတာင္မွ က်မတို႔တုန္တုန္ႀကီးထၿပီး ေနရတဲ့ အေနအထားေပါ့၊ တညလံုးပိတ္မိေနတယ္ေလ။ မေန႔ကတည္းကျဖစ္တဲ့ဟာ တညလံုးပိတ္မိၿပီးေတာ့ မနက္မွ အေျခအေနၾကည့္ၿပီးေတာ့ ကုိယ့္ဟာကိုယ္႐ုန္းထြက္ၿပီးေတာ့ ဒီလံုၿခံဳတဲ့ေနရာကိုအခုေတာ့ေရာက္ရွိသြားၿပီးေပါ့၊ ပ်က္စီးတဲ့ဟာေတြ ေျပာရမယ္ဆိုရင္ေတာ့ေ တာ္ေတာ္ကို မ်ားတယ္ေပါေ့နာ္ တခ်ဳိ႕အိမ္ေတြဆိုရင္ ျပာက်သြားတဲ့အထိ ျဖစ္သြားတယ္။”

ကုန္းသာရြာအနီး ေတာင္ေပၚဘက္မွာ စစ္တပ္က တပ္စြဲေနရာယူထားၿပီး လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတာလို႔ ေဒသခံေတြက VOA ကို ေျပာၾကပါတယ္။

စက္တင္ဘာ ၃၀ ရက္ ၁၁ နာရီေလာက္ ကုန္းသာရြာနားမွာ ကရင္နီပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီတုိ႔ ထပ္မံတိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံတဦးက ညေန ၅ နာရီေက်ာ္ေလာက္မွာ VOA ကို အတည္ျပဳ ေျပာဆိုပါတယ္။

“ပူးေပါင္းတပ္ဖြဲ႔ေတြေပါ့ေနာ္၊ ဒါၿမိဳ႕နယ္ ဖယ္ခံု PDFရယ္၊ မိုးၿဗဲ PDF၊ လြိဳင္ေကာ္ PDF ေပါ့ေနာ္ ေနာက္ ဒီးေမာ့ဆုိ PDF ၊ေနာက္ၿပီးေတာ့ KA ၊ KNDF အဖြဲ႔ေတြနဲ႔ ဒါတိုက္ပြဲျဖစ္ပြားတာရွိတယ္ေနာက္ထိခိုက္က်ဆံုးတာကေတာ့ က်ေနာ္တို႔ အတည္ျပဳလို႔မရဘူးေပါ့ေနာ္၊က်ေနာ္တို႔ဘက္လည္း ဒဏ္ရာရရွိထားတာ မရွိဘူး ဒီေန႔မွာေတာ့၊ အဲ့ဒါက ဒါေန႔လည္း ၁၁ နာရီေက်ာ္ေလာက္ကေနၿပီးေတာ့ ဒါတိုက္ပြဲျဖစ္ပြားတာေပါ့၊ အခု၃နာရီခြဲ ၄ နာရီေလာက္ထိ ဒါတိုက္ပြဲျဖစ္တယ္၊ အခုလက္ရွိကေတာ့ လက္နက္ႀကီး... ဟိုေဝးေဝး နာရီဝက္ ၁၅ မိနစ္ေပါ့ အဲ့လိုမ်ဳိးတစ္ႀကိမ္ေလာက္ေတာ့ကုန္းသာရြာဘက္ကို သူတို႔ပစ္ခတ္ေနတာေတာ့ ရွိတယ္ေပါ့ေနာ္။”

မေန႔က မြန္းတည့္ခ်ိန္ ၁၂ နာရီကေန ညေန ၅ နာရီအထိ လြိဳင္ေကာ္နယ္ ကုန္းသာရြာအနီးတဝိုက္မွာ ကရင္နီပူးေပါင္းအဖြဲ႔နဲ႔ စစ္ေကာင္စီတို႔တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲအတြင္း ကရင္နီပူးေပါင္းတပ္ ဘက္က ၆ေယာက္ က်ဆံုးခဲ့သလို စစ္တပ္ဘက္က အေယာက္ ၃၀ ေသဆံုးၿပီး အေယာက္ ၃၀ ေလာက္ထိခိုက္ဒဏ္ရာရတဲ့အေၾကာင္း KNDF သတင္းနဲ႔ ျပန္ၾကားေရးဌာနက ထုတ္ျပန္ထားပါတယ္။ ေဒသခံကာကြယ္ေရးတပ္က ထုတ္ျပန္ထားတဲ့ စစ္သားေတြရဲ႕ေသဆံုးစာရင္းနဲ႔ ပတ္သတ္ၿပီး VOA က သီးျခားအတည္မျပဳႏုိင္ေသးပါဘူး။

စစ္ေကာင္စီက လက္နက္အျပည့္တင္လာတဲ့ ကားတစီးကို ေဒသခံကာကြယ္ေရးတပ္က တိုက္ခိုက္မီး႐ိႈ႕ဖ်က္စီးႏုိင္ခဲ့သလို ဖယ္ခံုၿမိဳ႕ စစ္ေကာင္စီတပ္ (၄၂၂)တပ္ရင္းအနီးမွာရွိတဲ့ ေခါင္းမုိးေတာင္နဲ႔ မိုးၿဗဲ သဲေတာင္စခန္းတို႔ကိုလည္း KNDF နဲ႔ ျပည္သူ႔ ကာကြယ္ေရးတပ္ေတြက တိုက္ခိုက္ခဲ့ၿပီးစစ္ေကာင္စီေတြက တပ္ဆုပ္ထြက္ေျပးသြားေၾကာင္း ထုတ္ျပန္ခ်က္မွာေ ဖာ္ျပထားပါတယ္။

ယခုရက္ပိုင္း ကရင္နီျပည္နယ္ဘက္မွာ တိုက္ပြဲျပင္းထန္လ်က္ရွိေနၿပီးတိုက္ပြဲအတြင္း စစ္တပ္က လက္နက္ႀကီး အသံုးျပဳနဲ႔ ေက်းရြာဘက္ကို ဦးတည္ပစ္ခတ္လို႔ ေဒသခံေနအိမ္အမ်ားအျပား မီးေလာင္ပ်က္စီးခဲ့ပါတယ္။ကရင္နီနယ္တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို VOA က ဖုန္းနဲ႔ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ လက္ခံ ေျဖဆိုတာမရွိေသးပါဘူး။

-------

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာရွာတဝိုက်မှာ စက်တင်ဘာ ၂၉ ရက်က ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲထန်းပြင်ဖြစ်ပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာလည်းတိုက်ပွဲ ထပ်မံပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာဘက်မှာ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်လို့ ကုန်းသာရွာက နေအိမ်တချို့ မီးလောင်ပျက်စီးသွားသလို ရွာ ၆ ရွာထက်မနည်း အိုးအိမ်စွန့်ခွာ တောတောင်ထဲ ထွက်ပြေးနေကြရပါတာလို့ေ ဒသခံတွေက VOA ကို ပြောကြပါတယ်။

လက်နက်ကြီးကျလို့ နေအိမ်မီးလောင်သွားတဲ့ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ကုန်းသာရွာသားတဦးက VOA ကို အခုလို ပြောပါတယ်။

“မီးလောင်သွားတဲ့ အခြေအနေမျိုးဆိုရင်တော့ မနေ့ညနဲ့ ဒီရက်ပါဆိုရင်တော့ တိတိကျကျဆိုရင် ၂ လုံးရှိတယ်ပေါ့နော်။ ဒါလက်နက်ကြီးကျပြီးတော့ ထိမှန်တာ။ လုံးဝပြာကျသွားတယ်။ ထိခိုက်သွားတာ ၂ လုံးရှိတယ်။ အပေါ်ပိုင်း ထိသွားတာတို့၊ အိမ်ခေါင်းမိုးလန်သွားတာတို့၊ ကာထားတဲ့ သွပ်ပြင်တွေလွင့်သွားတာမျိုးကကျတော့ အနည်းဆုံး ၈ လုံးလောက်တော့ ရှိတယ်ပေါ့နော်။”

ယခင်ရက်တွေက ဒီးမော့ဆိုနယ် ကုန်းသာရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အခုတဖန် လွိုင်ကော်နယ် ကုန်းသာရွာနားမှာ တိုက်ပွဲထပ်မံပြင်းထန်ခဲ့တာပါ။ မနေ့က တိုက်ပွဲအတွင်းမှာ ဒေသခံ အများအပြား ပိတ်မိနေခဲ့ပြီး နောက်နေ့မှ ပြန်လည်ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ စစ်တပ်က ကျေးရွာအိမ်တွေဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကုန်းသာရွာသားတဦးက အခုလို ဆက်ပြောပါတယ်။

“ဘယ်လိုပြောမလဲဆို ဒါ ငါရဲ့ နောက်ဆုံးနေ့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးမှ မနည်းစိတ်အားတင်းထားရတယ်ပေါ့နော်၊ လက်နက်ကြီးတွေလည်း အိမ်ပတ်ဝန်းကျင်မှာ အဆက်မပြတ်ကျနေတယ်ကွာ၊ မနက် ၆ နာရီခွဲလောက်မှာ စထွက်လာတယ်။ တောင်ပေါ်ဘက်ကို ထွက်တယ်ပေါ့နော်၊ ၁၁ နာရီလောက်မှာလား မသိဘူး။ တိုက်ပွဲပြန်ဖြစ်ကြတယ်ပေါ့နော်။ အဲဒီမှာ ကျနော်တို့ ဒီတောင်ပေါ်ကနေ အတိုင်းသား ကြားနေရတာပေါ့နော် ဟာ… ပစ်ပြန်ပြီဟေ့…ငါတို့ဒီကို ပြေးလာတာ မှန် တာပဲဆိုပြီးမှ အချင်းချင်းပြောနေကြတာ။ ရွာထဲမှာဆိုလည်း တော်တော်လေး တိုက်ပွဲပြင်းထန်တယ်ပေါ့နော်။”

နောက်ထပ် ကုန်းသာရွာသူတဦးကလည်း သူကြုံတွေ့ခဲ့တဲ့ အနေအခြေကို အခုလို ပြောပြပါတယ်။

“အပြန်အလှန်ဖြစ်ကြတာရော လက်နက်ကြီးနဲ့ ထုတာရော အကုန်လုံး ကျမတို့ ရွာထဲကို အကုန်ထုတယ်ရှင်၊ ဆိုတော့ တော်တော်ကို အခြေအနေဆိုးတဲ့ နေ့လို့ပြောရမှာပေါ့နော်၊ တော်တော်ကို စိတ်ဓာတ်ကျတယ်ပေါ့နော်၊ ဘယ်လောက်ထိတောင်တွေးမိလဲဆိုရင် အိမ်ဘေးပတ်ပတ်လည်ကို လက်နက်ကြီးကျတဲ့ အချိန်မှာ “ အော် အေး ငါသေဖို့ပဲရှိတော့တယ်” ဆိုတဲ့ စိတ်မျိုးထိတောင်မှ ကျမတို့တုန်တုန်ကြီးထပြီး နေရတဲ့ အနေအထားပေါ့၊ တညလုံးပိတ်မိနေတယ်လေ။ မနေ့ကတည်းကဖြစ်တဲ့ဟာ တညလုံးပိတ်မိပြီးတော့ မနက်မှ အခြေအနေကြည့်ပြီးတော့ ကိုယ့်ဟာကိုယ်ရုန်းထွက်ပြီးတော့ ဒီလုံခြုံတဲ့နေရာကိုအခုတော့ရောက်ရှိသွားပြီးပေါ့၊ ပျက်စီးတဲ့ဟာတွေ ပြောရမယ်ဆိုရင်တော့ေ တာ်တော်ကို များတယ်ပေါေ့နာ် တချို့အိမ်တွေဆိုရင် ပြာကျသွားတဲ့အထိ ဖြစ်သွားတယ်။”

ကုန်းသာရွာအနီး တောင်ပေါ်ဘက်မှာ စစ်တပ်က တပ်စွဲနေရာယူထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက VOA ကို ပြောကြပါတယ်။

စက်တင်ဘာ ၃၀ ရက် ၁၁ နာရီလောက် ကုန်းသာရွာနားမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတဦးက ညနေ ၅ နာရီကျော်လောက်မှာ VOA ကို အတည်ပြု ပြောဆိုပါတယ်။

“ပူးပေါင်းတပ်ဖွဲ့တွေပေါ့နော်၊ ဒါမြို့နယ် ဖယ်ခုံ PDFရယ်၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF ပေါ့နော် နောက် ဒီးမော့ဆို PDF ၊နောက်ပြီးတော့ KA ၊ KNDF အဖွဲ့တွေနဲ့ ဒါတိုက်ပွဲဖြစ်ပွားတာရှိတယ်နောက်ထိခိုက်ကျဆုံးတာကတော့ ကျနော်တို့ အတည်ပြုလို့မရဘူးပေါ့နော်၊ကျနော်တို့ဘက်လည်း ဒဏ်ရာရရှိထားတာ မရှိဘူး ဒီနေ့မှာတော့၊ အဲ့ဒါက ဒါနေ့လည်း ၁၁ နာရီကျော်လောက်ကနေပြီးတော့ ဒါတိုက်ပွဲဖြစ်ပွားတာပေါ့၊ အခု၃နာရီခွဲ ၄ နာရီလောက်ထိ ဒါတိုက်ပွဲဖြစ်တယ်၊ အခုလက်ရှိကတော့ လက်နက်ကြီး... ဟိုဝေးဝေး နာရီဝက် ၁၅ မိနစ်ပေါ့ အဲ့လိုမျိုးတစ်ကြိမ်လောက်တော့ကုန်းသာရွာဘက်ကို သူတို့ပစ်ခတ်နေတာတော့ ရှိတယ်ပေါ့နော်။”

မနေ့က မွန်းတည့်ချိန် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ လွိုင်ကော်နယ် ကုန်းသာရွာအနီးတဝိုက်မှာ ကရင်နီပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ် ဘက်က ၆ယောက် ကျဆုံးခဲ့သလို စစ်တပ်ဘက်က အယောက် ၃၀ သေဆုံးပြီး အယောက် ၃၀ လောက်ထိခိုက်ဒဏ်ရာရတဲ့အကြောင်း KNDF သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒေသခံကာကွယ်ရေးတပ်က ထုတ်ပြန်ထားတဲ့ စစ်သားတွေရဲ့သေဆုံးစာရင်းနဲ့ ပတ်သတ်ပြီး VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီက လက်နက်အပြည့်တင်လာတဲ့ ကားတစီးကို ဒေသခံကာကွယ်ရေးတပ်က တိုက်ခိုက်မီးရှို့ဖျက်စီးနိုင်ခဲ့သလို ဖယ်ခုံမြို့ စစ်ကောင်စီတပ် (၄၂၂)တပ်ရင်းအနီးမှာရှိတဲ့ ခေါင်းမိုးတောင်နဲ့ မိုးဗြဲ သဲတောင်စခန်းတို့ကိုလည်း KNDF နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတွေက တပ်ဆုပ်ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်မှာေ ဖာ်ပြထားပါတယ်။

ယခုရက်ပိုင်း ကရင်နီပြည်နယ်ဘက်မှာ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီးတိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီး အသုံးပြုနဲ့ ကျေးရွာဘက်ကို ဦးတည်ပစ်ခတ်လို့ ဒေသခံနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။ကရင်နီနယ်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို VOA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG