{{ Zawgyi/Unicode}}}
ရွမ္းျပည္နယ္ မိုးၿဗဲၿမိဳ႕ေပၚ မေန႔ ေအာက္တိုဘာ ၂၄ ရက္မွာ လက္နက္ႀကီးက်ည္က်ခဲ့လို႔ အမ်ိဳးသမီးတဦးေသဆုံးၿပီး ကေလးငယ္ ၂ ေယာက္အပါအဝင္ ၅ ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ မေန႔က မိုးၿဗဲၿမိဳ႕နားမွာ စစ္ယာဥ္တန္းတခုအေပၚ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီးေနာက္ မိုးၿဗဲၿမိဳ႕ဘက္ကို စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာလို႔ မိုးၿဗဲၿမိဳ႕ခံေတြက ေျပာပါတယ္။ ခုလိုတိုက္ခိုက္ေနတဲ့အတြက္ မိုးၿဗဲတစ္ၿမိဳ႕လုံးနီးပါး အိုးအိမ္ျပစ္ ထြက္ေျပးေနၾကရတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ ကတင္ျပပါမယ္။
ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕၊ စည္ကား (၁) ရပ္ကြက္ကို ေအာက္တုိဘာ ၂၄ ရက္ တနဂၤေႏြေနေန႔က လက္နက္ႀကီးက်ည္ေတြ က်ခဲ့တဲ့အတြက္အသက္ ၄၄ ႏွစ္အရြယ္ အမ်ဳိးသမီးတဦး ေသဆံုးခဲ့ပါတယ္။ ဒါ့အျပင္ အသက္ ၉ ႏွစ္နဲ႔ ၁၃ ႏွစ္အရြယ္ ကေလးငယ္ ႏွစ္ဦးအပါအဝင္ ျပည္သူ ၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ မိုးၿဗဲၿမိဳ႕ခံတဦးက ေျပာပါတယ္။ မိုးၿဗဲၿမိဳ႕ျပင္ဘက္မွာ စစ္ယာဥ္တန္းတခုအေပၚ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ ဝို္င္းဝန္းၾကားျဖတ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ မိုးၿဗဲၿမိဳ႕နဲ႔ ႏွစ္မိုင္ေလာက္ေဝးတဲ့ ခမရ ၄၂၂ တပ္ရင္းက မိုးၿဗဲၿမိဳ႕ လူေနရပ္ကြက္ေတြအေပၚ လက္နက္ႀကီးနဲ႔ လွမ္းပစ္ခတ္တာလို႔ ၁ ဦးေသဆံုးခဲ့တယ္လို႔ ေဒသခံတေယာက္က ေျပာျပပါတယ္။
“ေသတဲ့လူတေယာက္ရွိတယ္။ အသက္ ၄၄ မ တဦးေလာက္က၊ အဲ့မွာ ေနာက္ဒဏ္ရာရတဲ့ လူက ၅ ေယာက္ေလာက္ေတာ့ရွိတယ္၊ ကေလး ၉ ႏွစ္ တေယာက္ပါမယ္၊ ၁၃ ႏွစ္ တေယာက္ပါမယ္။ အဲ့လိုမ်ဳိးရွိတယ္ဗ်၊ ဒဏ္ရာအေနအထားကက်ေတာ့ တခ်ဳိ႕ကက်ေတာ့လည္း တင္သားေတြ ထိၾကတယ္၊ တခ်ဳိ႕ကက်ေတာ့ လက္ဖ်ံတို႔ လက္ေကာက္ဝတ္တို႔ အဲ့လိုမ်ဳိးေတြ ထိၾကတယ္ေပါ့ေနာ္။”
လက္နက္ႀကီးက်ည္ေတြ က်ခဲ့လို႔ လူထိခိုက္ေသဆံုးမႈေတြ႐ွိသလို ေနအိမ္တခ်ဳိ႕လည္ ပ်က္စီးခဲ့ပါတယ္။ ဒီအေျခအေနေတြေၾကာင့္ မိုးၿဗဲတစ္ၿမိဳ႕လံုးနီးပါး အိုးအိမ္စြန္႔ခြာေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရတယ္လို႔ ကိုယ္တုိင္ထြက္ေျပးေနတဲ့ စစ္ေျပးဒုကၡသည္က အခုလို ေျပာပါတယ္။
“မိုးၿဗဲက တၿမိဳ႕လံုးနီးပါးေရွာင္ေနၾကတာေပါ့၊ ဒီနီးစပ္ရာ ဘာသာေရးအေဆာက္အအံုေတြမွာေပါ့ေနာ္၊ Church ေက်ာင္းေတြရွိမယ္။ ဘုန္းႀကီးေက်ာင္းေတြမွာရွိမယ္။ ေနာက္တခ်ဳိ႕ က လယ္ကြက္မွာ လယ္ကြင္းျပင္မွာ တဲထိုးထားတာလည္း လြန္ခဲ့တဲ့လကတည္းက ျပင္ဆင္ထားတာ ရွိတာ၊ အဲ့ဒါမေန႔ည ျဗဳန္းခနဲျဖစ္ေတာ့ လူေတြ အဲ့မွာေရာက္ကုန္ၾကတာေပါ့ေနာ္၊ ေတာ္ေတာ္ေလးကို ေရွာင္ေနၾကတာေပါ့ေနာ္၊ မေန႔ညက စစ္ေကာင္စီရဲ႕ ရမ္းသမ္းပစ္ခတ္မႈက ဒီလူေနအိမ္လည္း ေတာ္ေတာ္ထိတယ္၊ ေနာက္ၿပီး ျပည္သူျပည္သားေတြလည္း ေတာ္ေတာ္ေလးဒဏ္ရာရ ေနၾကတယ္ေပါ့ေနာ္၊ ဒီအေျခအေနထက္ဆိုးသြားမယ္ဆိုေတာ့ ေဆးဝါးက်ေတာ့လိုတယ္၊ ေဆးဝါးနဲ႔ ကုန္ေျခာက္ေတြေပါ့ေနာ္။ စားေသာက္ကုန္ေတြလည္း လိုအပ္ႏိုင္တယ္ေပါ့ေနာ္။”
ခုလုိ မုိးၿဗဲၿမိဳ႕ေပၚ စစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈမျဖစ္ခင္ ေအာက္တုိဘာ ၂၄ ရက္ မနက္အေစာပိုင္းတုန္းမွာ လြိဳင္ေကာ္ၿမိဳ႕ကေန ဖယ္ခံုၿမိဳ႕ကို တက္လာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းကို မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္ MBPDF နဲ႔ ကရင္နီအမ်ဳိးသားကာကြယ္ေရး KNDF တပ္ရင္း ၃ တို႔ ပူးေပါင္းၿပီး မိုးၿဗဲၿမိဳ႕နားမွာ ၾကားျဖတ္ပစ္ခတ္တိုက္ခိုက္ခဲ့ၾကပါတယ္။ စစ္တပ္ကားေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း MBPDF တာဝန္ရွိသူတဦးက VOA ကို ေျပာပါတယ္။
“ဖယ္ခံု PDF ကို တိုက္မယ္ဆိုတဲ့ အေနအထားမ်ဳိးနဲ႔ သူတို႔က ခ်ီတက္လာေတာ့ ဒီ မိုးၿဗဲ PDF ကေန ၾကားျဖတ္တိုက္တယ္ေပါ့ေနာ္၊ ေတာ္ေတာ္မ်ားမ်ား ဒီဒဏ္ရာရတဲ့ လူေပါ့ေနာ္၊ အေနာက္ ႏွစ္စီးေပါ့။ အေရွ႕တစီးက Vigo နဲ႔ သြားေတာ့ မပစ္လိုက္ဘူး။ မပစ္လိုက္ဆိုတာ ျပည္သူကားျဖစ္မွာ စိုးလို႔။ ေနာ က္အေရွ႕တစီးလည္း ကားငယ္ႏွစ္စီးပါတယ္။ အဲ့ဒါလည္း မပစ္ ျဖစ္ဘူးဆိုတာ ျပည္သူ ျဖစ္မွာစိုးလို႔ေလးေနာ္။ ဒါေပမယ့္ ကပ္လ်က္ပဲသြားေနတာ။ က်ေနာ္တို႔ အေနာက္ႏွစ္စီးက လံုးဝစစ္တပ္ပဲ။ စစ္တပ္ကားနဲ႔ဆိုေတာ့ က်ေနာ္တို႔အဲ့မွာ ေတာက္ေလွ်ာက္ပစ္လိုက္တာေပါ့ေနာ္၊ အဲ့ႏွစ္စီးေတာ့ အနီးကပ္ ပစ္တဲ့လူက ေတာက္ေလွ်ာက္ပစ္လိုက္ေတာ့ ေတာ္ေတာ္ေလး သူတို႔ေသဆံုးမႈေတြ မ်ားႏိုင္တယ္ေပါ့ေနာ္၊ ဒဏ္ရာရတဲ့ လူလည္း ျပန္ေသဆံုးႏိုင္တယ္ေပါ့။”
စစ္ေကာင္စီယာဥ္တန္းထဲက စစ္ကား ၂ စီးကို အနီးကပ္ပစ္ခတ္တိုက္ခိုက္ရာမွာ စစ္သားတခ်ဳိ႕ ေသဆံုးၿပီး ထိခိုက္ဒဏ္ရာရသူေတြရွိခဲ့တယ္လုိ႔လည္း သူကေျပာပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး VOA က အတည္ျပဳလို႔မရေသးသလို စစ္ေကာင္စီဘက္ကလည္း တစံုတရာ ထုတ္ျပန္တာမ်ဳိး မရွိေသးပါဘူး။
ကယားျပည္နယ္ထဲက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရအဖဲြ႔ေတြ တုိက္ပဲြေတြ မၾကာခဏျဖစ္ေနပါတယ္။ ဒါေပမဲ့ မိုးၿဗဲၿမိဳ႕နယ္ဘက္မွာေတာ့ ဇြန္လက တိုက္ပြဲေတြျဖစ္ခဲ့ၿပီးေနာက္ပိုင္းထဲက အေျခအေန တည္ၿငိမ္ေနခဲ့ၿပီး မေန႔ကမွ တိုက္ခိုက္မႈေတြ ျပန္ျဖစ္ခဲ့တာပါ။
မိုးၿဗဲၿမိဳ႕နယ္နဲ႔ မိုင္ ၂၀ ေလာက္ေဝးတဲ့ ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခံုၿမိဳ႕ေပၚမွာလည္း ဒီကေန႔မွာ လက္နက္ငယ္ ပစ္ခတ္သံေတြ ဒီေန႔ၾကားေနရတယ္လို႔ ေဒသခံတဦးက VOA ကို ေျပာပါတယ္။ တိုက္ပြဲျဖစ္လာရင္ စစ္ေကာင္စီက လက္နက္ႀကီးေတြသံုးၿပီး လူေနအိမ္ဘက္ကို ပစ္ခတ္တာမ်ဳိးလုပ္တတ္တာေၾကာင့္ စိုးရိမ္ေနတယ္လို႔လည္း သူတုိ႔ကေျပာပါတယ္။
ကယားျပည္နယ္ထဲက ဒီးေမာ့ဆိုၿမိဳ႕နယ္ မားနပေလာရပ္ကြက္ဘက္မွာလည္း ဒီေန႔ တိုက္ပြဲမ႐ွိဘဲ စစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္လို႔ ေနအိမ္တလံုးပ်က္စီးၿပီး မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးေတြ က်ခဲ့တယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္က ထုတ္ျပန္ထားပါတယ္။ ကယားျပည္နယ္တခုလံုးမွာ စစ္ေကာင္စီတပ္ေတြ အင္အားတုိးခ်ဲ႕ လႈပ္႐ွားေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ လက္႐ွိ ကယားနယ္ထဲက လိြဳင္ေကာ္၊ မိုးၿဗဲ၊ ဒီးေမာ့ဆို၊ ဖ႐ူဆို၊ ေဘာလခဲ စတဲ့ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ႐ွိေနတာေၾကာင့္ေသာင္းနဲ႔ ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန္႔ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရပါတယ္။
-------------
{{ Unicode}}}
မိုးဗြဲမြို့ပေါ် လက်နက်ကြီးကျ တဦးသေဆုံး
ရှမ်းပြည်နယ် မိုးဗြဲမြို့ပေါ် မနေ့ အောက်တိုဘာ ၂၄ ရက်မှာ လက်နက်ကြီးကျည်ကျခဲ့လို့ အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ် ၂ ယောက်အပါအဝင် ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မနေ့က မိုးဗြဲမြို့နားမှာ စစ်ယာဉ်တန်းတခုအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် မိုးဗြဲမြို့ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မိုးဗြဲမြို့ခံတွေက ပြောပါတယ်။ ခုလိုတိုက်ခိုက်နေတဲ့အတွက် မိုးဗြဲတစ်မြို့လုံးနီးပါး အိုးအိမ်ပြစ် ထွက်ပြေးနေကြရတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ကတင်ပြပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၊ စည်ကား (၁) ရပ်ကွက်ကို အောက်တိုဘာ ၂၄ ရက် တနင်္ဂနွေနေနေ့က လက်နက်ကြီးကျည်တွေ ကျခဲ့တဲ့အတွက်အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အသက် ၉ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲမြို့ခံတဦးက ပြောပါတယ်။ မိုးဗြဲမြို့ပြင်ဘက်မှာ စစ်ယာဉ်တန်းတခုအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝိုင်းဝန်းကြားဖြတ် တိုက်ခိုက်ခဲ့ပြီးနောက် မိုးဗြဲမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ခမရ ၄၂၂ တပ်ရင်းက မိုးဗြဲမြို့ လူနေရပ်ကွက်တွေအပေါ် လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်တာလို့ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။
“သေတဲ့လူတယောက်ရှိတယ်။ အသက် ၄၄ မ တဦးလောက်က၊ အဲ့မှာ နောက်ဒဏ်ရာရတဲ့ လူက ၅ ယောက်လောက်တော့ရှိတယ်၊ ကလေး ၉ နှစ် တယောက်ပါမယ်၊ ၁၃ နှစ် တယောက်ပါမယ်။ အဲ့လိုမျိုးရှိတယ်ဗျ၊ ဒဏ်ရာအနေအထားကကျတော့ တချို့ကကျတော့လည်း တင်သားတွေ ထိကြတယ်၊ တချို့ကကျတော့ လက်ဖျံတို့ လက်ကောက်ဝတ်တို့ အဲ့လိုမျိုးတွေ ထိကြတယ်ပေါ့နော်။”
လက်နက်ကြီးကျည်တွေ ကျခဲ့လို့ လူထိခိုက်သေဆုံးမှုတွေရှိသလို နေအိမ်တချို့လည် ပျက်စီးခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် မိုးဗြဲတစ်မြို့လုံးနီးပါး အိုးအိမ်စွန့်ခွာဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေတဲ့ စစ်ပြေးဒုက္ခသည်က အခုလို ပြောပါတယ်။
“မိုးဗြဲက တမြို့လုံးနီးပါးရှောင်နေကြတာပေါ့၊ ဒီနီးစပ်ရာ ဘာသာရေးအဆောက်အအုံတွေမှာပေါ့နော်၊ Church ကျောင်းတွေရှိမယ်။ ဘုန်းကြီးကျောင်းတွေမှာရှိမယ်။ နောက်တချို့ က လယ်ကွက်မှာ လယ်ကွင်းပြင်မှာ တဲထိုးထားတာလည်း လွန်ခဲ့တဲ့လကတည်းက ပြင်ဆင်ထားတာ ရှိတာ၊ အဲ့ဒါမနေ့ည ဗြုန်းခနဲဖြစ်တော့ လူတွေ အဲ့မှာရောက်ကုန်ကြတာပေါ့နော်၊ တော်တော်လေးကို ရှောင်နေကြတာပေါ့နော်၊ မနေ့ညက စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုက ဒီလူနေအိမ်လည်း တော်တော်ထိတယ်၊ နောက်ပြီး ပြည်သူပြည်သားတွေလည်း တော်တော်လေးဒဏ်ရာရ နေကြတယ်ပေါ့နော်၊ ဒီအခြေအနေထက်ဆိုးသွားမယ်ဆိုတော့ ဆေးဝါးကျတော့လိုတယ်၊ ဆေးဝါးနဲ့ ကုန်ခြောက်တွေပေါ့နော်။ စားသောက်ကုန်တွေလည်း လိုအပ်နိုင်တယ်ပေါ့နော်။”
ခုလို မိုးဗြဲမြို့ပေါ် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုမဖြစ်ခင် အောက်တိုဘာ ၂၄ ရက် မနက်အစောပိုင်းတုန်းမှာ လွိုင်ကော်မြို့ကနေ ဖယ်ခုံမြို့ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF နဲ့ ကရင်နီအမျိုးသားကာကွယ်ရေး KNDF တပ်ရင်း ၃ တို့ ပူးပေါင်းပြီး မိုးဗြဲမြို့နားမှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်ကားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MBPDF တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။
“ဖယ်ခုံ PDF ကို တိုက်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ သူတို့က ချီတက်လာတော့ ဒီ မိုးဗြဲ PDF ကနေ ကြားဖြတ်တိုက်တယ်ပေါ့နော်၊ တော်တော်များများ ဒီဒဏ်ရာရတဲ့ လူပေါ့နော်၊ အနောက် နှစ်စီးပေါ့။ အရှေ့တစီးက Vigo နဲ့ သွားတော့ မပစ်လိုက်ဘူး။ မပစ်လိုက်ဆိုတာ ပြည်သူကားဖြစ်မှာ စိုးလို့။ နော က်အရှေ့တစီးလည်း ကားငယ်နှစ်စီးပါတယ်။ အဲ့ဒါလည်း မပစ် ဖြစ်ဘူးဆိုတာ ပြည်သူ ဖြစ်မှာစိုးလို့လေးနော်။ ဒါပေမယ့် ကပ်လျက်ပဲသွားနေတာ။ ကျနော်တို့ အနောက်နှစ်စီးက လုံးဝစစ်တပ်ပဲ။ စစ်တပ်ကားနဲ့ဆိုတော့ ကျနော်တို့အဲ့မှာ တောက်လျှောက်ပစ်လိုက်တာပေါ့နော်၊ အဲ့နှစ်စီးတော့ အနီးကပ် ပစ်တဲ့လူက တောက်လျှောက်ပစ်လိုက်တော့ တော်တော်လေး သူတို့သေဆုံးမှုတွေ များနိုင်တယ်ပေါ့နော်၊ ဒဏ်ရာရတဲ့ လူလည်း ပြန်သေဆုံးနိုင်တယ်ပေါ့။”
စစ်ကောင်စီယာဉ်တန်းထဲက စစ်ကား ၂ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သားတချို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး VOA က အတည်ပြုလို့မရသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ကယားပြည်နယ်ထဲက မြို့နယ်တော်တော်များများမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေအဖွဲ့တွေ တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။ ဒါပေမဲ့ မိုးဗြဲမြို့နယ်ဘက်မှာတော့ ဇွန်လက တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက်ပိုင်းထဲက အခြေအနေ တည်ငြိမ်နေခဲ့ပြီး မနေ့ကမှ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ခဲ့တာပါ။
မိုးဗြဲမြို့နယ်နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ပေါ်မှာလည်း ဒီကနေ့မှာ လက်နက်ငယ် ပစ်ခတ်သံတွေ ဒီနေ့ကြားနေရတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။ တိုက်ပွဲဖြစ်လာရင် စစ်ကောင်စီက လက်နက်ကြီးတွေသုံးပြီး လူနေအိမ်ဘက်ကို ပစ်ခတ်တာမျိုးလုပ်တတ်တာကြောင့် စိုးရိမ်နေတယ်လို့လည်း သူတို့ကပြောပါတယ်။
ကယားပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ် မားနပလောရပ်ကွက်ဘက်မှာလည်း ဒီနေ့ တိုက်ပွဲမရှိဘဲ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်တလုံးပျက်စီးပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ကျခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။ ကယားပြည်နယ်တခုလုံးမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လက်ရှိ ကယားနယ်ထဲက လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ရှိနေတာကြောင့်သောင်းနဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
#KayahFighting #MyanmarMilitary #MyanmarViolence #VOABurmese