သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္၊ မိုးၿဗဲမွာ တိုက္ပြဲျဖစ္ပြား


စစ္ေကာင္စီတပ္က ကုန္းသာရြာမွာတပ္စြဲၿပီး ျပန္ဆုတ္ခြါခ်ိန္ ေနအိမ္ေတြကို မီး႐ိႈ႕ခဲ့ပံု။ (ဓါတ္ပံု-ကုန္းသာ လူမႈကူညီေရးအဖြဲ႔)

Zawgyi/Unicode

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာ႐ြာတဝိုက္မွာ ဒီကေန႔ တိုက္ပြဲမရွိေပမယ့္ စစ္ေကာင္စီတပ္က လက္နက္ႀကီးနဲ႔ ေတာက္ေလွ်ာက္ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မိုးၿဗဲၿမိဳ႕နယ္ထဲမွာေတာ့ ေဒသခံကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စိတပ္အၾကား တိုက္ပြဲေတြရွိခဲ့ပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို နန္းေလာင္ဝ္ က ေျပာျပပါမယ္။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာ႐ြာတဝိုက္မွာ ကရင္နီကာကြယ္ေရး ပူးေပါင္းအဖြဲ႔နဲ႔ စစ္ေကာင္စီတို႔ ၿပီးခဲ့တဲ့ရက္ကတည္းက ေန႔စဥ္တိုက္ပြဲ ျပင္းထန္ခဲ့တာပါ။ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ကရင္နီကာကြယ္ေရးတပ္ျဖစ္တဲ့ KG-Z အဖြဲ႔က ဒီကေန႔အထိ စစ္ေကာင္စီ တပ္သား ၃ ဦး ဖမ္းမိထားတယ္လို႔ ကုန္းသာ႐ြာပရဟိတ တဦးက VOA ကို ေျပာပါတယ္။

“တိုက္ပြဲအတြင္းမွာ က်န္ခဲ့တဲ့ စစ္သားေတြကို လိုက္လံျပန္ေတာ့ ရွာေဖြၾကတယ္ေလ။ အေလာင္းေတြ ဘာေတြ လိုက္ရွာေဖြရင္းနဲ႔ ဒီကေန႔က အဲ့လိုမ်ိဳးဖမ္းဆီးရတာေတာ့ သုံးေယာက္ေပါ့ေနာ္။ ဟုတ္ ၃ ေယာက္နဲ႔ အတည္ျပဳပါတယ္။ ကုန္းသာကေန ဆုတ္ရင္း ဆုတ္ရင္းနဲ႔ သူတို႔က က်န္ခဲ့တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ အဲ့ခါက် သူတို႔က(ေဒသခံကာကြယ္ေရးအဖြဲ႔) နယ္ေျမရွင္းလင္းဖို႔... မိုင္းေတြ ဘာေတြ ရွင္းလင္းတဲ့ အခါက်ေတာ့ သူတို႔က ထပ္ၿပီးေတာ ေတြ႔မိရတာေပါ့ေနာ္၊ အဲ့လိုမ်ိဳးေတြ႔ေတာ့ ဝိုင္းၿပီးေတာ့ ဖမ္းၾက တယ္ဗ်။ ဟုတ္၊ ဒဏ္ရာအေနအထားကေတာ့ ျပင္းျပင္းေတာ့ မရွိဘူးေပါ့ေနာ္။ ဒါေပမယ့္ သူတို႔ လက္ေမာင္းေတြ ေျခေထာက္ေတြမွာ ဒဏ္ရာေတြ ေတြ႔ရတယ္ဗ် ဟုတ္။”

နယ္ေျမရွင္းလင္းရင္း လက္နက္ပစၥည္းတခ်ိဳ႕နဲ႔ စစ္သားေတြ ဖမ္းမိထားတဲ့အေၾကာင္း KG-Z အဖြဲ႔ကလည္း သတင္းထုတ္ျပန္ထားပါတယ္။

စက္တင္ဘာ ၂၉ ရက္ေန႔ ဒီကေန႔မွာေတာ့ အဲ့ဒီကုန္းသာ႐ြာတဝိုက္မွာ စစ္တပ္က လက္နက္ႀကီးနဲ႔ ေတာက္ေလွ်ာက္ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။ ဒါေပမယ့္ ဒီကေန႔ အဲဒီေဒသမွာ ထိပ္တိုက္ျဖစ္တဲ့ တိုက္ပြဲမ်ိဳးမရွိဘဲ မိုးၿဗဲဘက္မွာ အခုညေန တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“အခုလက္ရွိကေတာ့ က်ေနာ္တို႔တိုက္ပြဲမရွိဘူးေပါ့ေနာ္၊ ဒါေပမယ့္ သူတို႔က ႐ြာေတြထဲေတာ့ လက္နက္ႀကီးနဲ႔ မနက္ပိုင္းတႀကိမ္၊ ေန႔လည္ပိုင္းတႀကိမ္၊ ညေနပိုင္း ညပိုင္းေလာက္ေပါ့ ဒါေတာ့ ပုံမွန္ သူတို႔ပစ္ခတ္ေနတယ္ေပါ့ေနာ္၊ ေနာက္ကုန္းသာဆိုတဲ့အပိုင္းမွာ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ကုန္းသာရွိတယ္၊ ေနာက္ၿပီးေတာ့ မိုးၿဗဲၿမိဳ႕နယ္ရဲ႕ကုန္းသာဆိုတာ ရွိတယ္ေပါ့ေနာ္၊ အခုလက္ရွိ ဒီေန႔ အေျခအေနဆိုရင္ မိုးၿဗဲၿမိဳ႕ကုန္းသာ ႐ြာမွာေတာ့ တိုက္ပြဲအေျခအေနျဖစ္ေနတယ္ေပါ့ေနာ္၊ ဒါအခုလက္ရွိေတာ့ ႏွစ္ဘက္ပစ္ခတ္တာေတြ ရွိေနတယ္ေပါ့ေနာ္။”

ဒီးေမာ့ဆိုနယ္ဘက္ကိုတက္လာတဲ့ စစ္တပ္ရဲ႕စစ္ကူေတြကို မိုးၿဗဲၿမိဳ႕နယ္ ကုန္းသာ႐ြာမွာ မိုးၿဗဲ PDF ၊ လြိဳင္ေကာ္ PDF ၊ ဒီးေမာ့ဆို PDF တို႔ပူးေပါင္းၿပီး ၾကားျဖတ္တိုက္ခိုက္ခဲ့တာမွာ အျပန္အလွန္ပစ္ခတ္ခဲ့ၾကသလို တိုက္ပြဲျပင္းထန္ေနတယ္လို႔ ေျပာပါတယ္။ မိုးၿဗဲ၊ ကုန္းသာနဲ႔ ဝါရီေကာခူၾကား သြားလာမႈ မျပဳလုပ္ၾကဖို႔ သတိေပးထားပါတယ္။အခုသတင္းေရးေနခ်ိန္မွာ တိုက္ပြဲ ျဖစ္ပြားေနဆဲျဖစ္တာေၾကာင့္ ႏွစ္ဘက္ ထိခိုက္ဒဏ္ရာကိုေတာ့ မသိရေသးပါဘူး။

ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါခလိုက္လင္းေက်း႐ြာ ေဘာလုံးကြင္းအနီးဝိုက္မွာ စစ္တပ္ရဲ႕ ဖမ္းဆီးျခင္းခံရၿပီး လက္ျပန္ႀကိဳးတုပ္ သတ္ျဖတ္ခံထားရတဲ့ အမ်ဳိးသားအေလာင္းတေလာင္း ဒီကေန႔ စက္တင္ဘာ ၂၉ ရက္ ေန႔ခင္းပိုင္းမွာ ေတြ႔ရွိခဲ့တယ္လို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။

ဒါ့အျပင္ ေဒါခလိုက္ေက်း႐ြာမွာလည္း ပုပ္ပြေနတဲ့ အရပ္သား ၄ ဦးရဲ႕ အေလာင္းေတြကိုလည္း ေတြ႔ရွိခဲ့ပါတယ္။ ဒီအေလာင္းေတြဟာ သာမန္အရပ္သားေတြျဖစ္ေၾကာင္း ဒီးေမာ့ဆို ေဒသခံတဦးက ေျပာပါတယ္။

“အခုထပ္ေတြ႔တဲ့အေလာင္းေတြကလည္း ဘယ္သူဘယ္ဝါမွန္း မသိေတာ့ဘူးေပါ့ေနာ္။ အဲ့လိုမ်ိဳးေတြ အမ်ားႀကီးေတြ႔ရတယ္၊ ၄၊ ၅၊ ၆ေလာင္းေတာ့ ေတြ႔ရတယ္။ ပုပ္ပြေနတဲ့အေလာင္းေတြက်ေတာ့ တိုက္ပြဲအတြင္းမွာလား၊ မဟုတ္ရင္ ဒီအတိုင္းပဲ မတိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ ျပည္သူေတြ တခ်ိဳ႕သြားလာရင္းနဲ႔ စစ္ေကာင္စီေတြနဲ႔ တိုးေတာ့ ဖမ္းၿပီးေတာ့ သူတို႔ေတြပဲ.. ဒီလိုပဲ ျဖစ္သလို သတ္ျဖတ္လိုက္တာလား။ (ေသဆုံးသူေတြက) သာမာန္အရပ္သားေတြပဲဗ် ။သူတို႔ကို ၾကည့္တာေတာ့ သာမန္အရပ္သားေတြပဲ။ ဒီကာကြယ္ေရးတပ္ဖြဲ႔ဘက္က မျဖစ္ႏိုင္ဘူး။ ဝတ္တဲ့အဝတ္အစားေတြက အစ။”

ဒီးေမာ့ဆိုေဒသခံတဦးကလည္း လက္ရွိျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို အခုလို သံုးသပ္ေျပာဆိုသြားပါတယ္။

စစ္တပ္က ကုန္းသာ႐ြာမွာ တပ္စြဲေနရာယူထားစဥ္ ေက်း႐ြာရဲ႕ေနအိမ္ေတြကို ေမႊေႏွာက္ၿပီး ျပန္လည္ထြက္ခြာခ်ိန္မွာ ေနအိမ္ ၅၀ ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ကုန္းသာ႐ြာ ပရဟိတ တဦးက VOA ကို ေျပာပါတယ္။

“စစ္ေကာင္စီဘက္ကလည္း သူတို႔တိုက္ပြဲဝင္ေနတာ ျပည္သူအတြက္လို႔ ေျပာပါတယ္၊ ကာကြယ္ေရးတပ္လည္း ျပည္သူအတြက္လို႔ ေျပာပါတယ္၊ တကယ့္လို႔သာ ႏွစ္ဘက္စလုံးက ျပည္သူအတြက္ တကယ္မွန္ရင္ေတာ့ ဒီလိုမ်ိဳးရမ္းသမ္းလုပ္လာတာ မရွိသင့္ဘူးေပါ့ေနာ္၊ အခု စစ္ေကာင္စီလုပ္ေနတဲ့ ဟာေတြက ျပည္သူအတြက္လို႔သာေျပာေပမယ့္၊ ႏိုင္ငံေတာ္အတြက္ တိုက္ပြဲဝင္ေနတယ္ေျပာေပမယ့္ သူတို႔ရမ္းသမ္းလုပ္ေနတဲ့ဟာေတြ၊ အရမ္းေလွ်ာက္ပစ္ေနတဲ့ ဟာေတြ၊ မဆိုင္တဲ့သူေတြကို သူတို႔မဲေနတဲ့ ဟာေတြ လုံးဝမျဖစ္သင့္ဘူးလို႔ က်ေနာ္အေနနဲ႔ေတာ့ အဲ့လိုမ်ိဳးေျပာခ်င္ပါတယ္။”

ဒီရက္ပိုင္း ကယားျပည္နယ္ဘက္က တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို VOA က ဖုန္းနဲ႔ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ လက္ကိုင္ ေျဖဆိုတာမရွိေသးပါဘူး။

ကယားျပည္နယ္၊ မိုးၿဗဲမွာ တိုက္ပြဲျဖစ္ပြား
please wait

No media source currently available

0:00 0:03:00 0:00
တိုက္႐ိုက္ လင့္ခ္

======

Unicode

ကယား မိုးဗြဲမှာ တိုက်ပွဲဖြစ်ပွား

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာတဝိုက်မှာ ဒီကနေ့ တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးဗြဲမြို့နယ်ထဲမှာတော့ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စိတပ်အကြား တိုက်ပွဲတွေရှိခဲ့ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝင်ပြောပြပါမယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာတဝိုက်မှာ ကရင်နီကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ရက်ကတည်းက နေ့စဉ်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ကရင်နီကာကွယ်ရေးတပ်ဖြစ်တဲ့ KG-Z အဖွဲ့က ဒီကနေ့အထိ စစ်ကောင်စီ တပ်သား ၃ ဦး ဖမ်းမိထားတယ်လို့ ကုန်းသာရွာပရဟိတ တဦးက VOA ကို ပြောပါတယ်။

“တိုက်ပွဲအတွင်းမှာ ကျန်ခဲ့တဲ့ စစ်သားတွေကို လိုက်လံပြန်တော့ ရှာဖွေကြတယ်လေ။ အလောင်းတွေ ဘာတွေ လိုက်ရှာဖွေရင်းနဲ့ ဒီကနေ့က အဲ့လိုမျိုးဖမ်းဆီးရတာတော့ သုံးယောက်ပေါ့နော်။ ဟုတ် ၃ ယောက်နဲ့ အတည်ပြုပါတယ်။ ကုန်းသာကနေ ဆုတ်ရင်း ဆုတ်ရင်းနဲ့ သူတို့က ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲ့ခါကျ သူတို့က(ဒေသခံကာကွယ်ရေးအဖွဲ့) နယ်မြေရှင်းလင်းဖို့... မိုင်းတွေ ဘာတွေ ရှင်းလင်းတဲ့ အခါကျတော့ သူတို့က ထပ်ပြီးတော တွေ့မိရတာပေါ့နော်၊ အဲ့လိုမျိုးတွေ့တော့ ဝိုင်းပြီးတော့ ဖမ်းကြ တယ်ဗျ။ ဟုတ်၊ ဒဏ်ရာအနေအထားကတော့ ပြင်းပြင်းတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် သူတို့ လက်မောင်းတွေ ခြေထောက်တွေမှာ ဒဏ်ရာတွေ တွေ့ရတယ်ဗျ ဟုတ်။”

နယ်မြေရှင်းလင်းရင်း လက်နက်ပစ္စည်းတချို့နဲ့ စစ်သားတွေ ဖမ်းမိထားတဲ့အကြောင်း KG-Z အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့ ဒီကနေ့မှာတော့ အဲ့ဒီကုန်းသာရွာတဝိုက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ဒါပေမယ့် ဒီကနေ့ အဲဒီဒေသမှာ ထိပ်တိုက်ဖြစ်တဲ့ တိုက်ပွဲမျိုးမရှိဘဲ မိုးဗြဲဘက်မှာ အခုညနေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အခုလက်ရှိကတော့ ကျနော်တို့တိုက်ပွဲမရှိဘူးပေါ့နော်၊ ဒါပေမယ့် သူတို့က ရွာတွေထဲတော့ လက်နက်ကြီးနဲ့ မနက်ပိုင်းတကြိမ်၊ နေ့လည်ပိုင်းတကြိမ်၊ ညနေပိုင်း ညပိုင်းလောက်ပေါ့ ဒါတော့ ပုံမှန် သူတို့ပစ်ခတ်နေတယ်ပေါ့နော်၊ နောက်ကုန်းသာဆိုတဲ့အပိုင်းမှာ ဒီးမော့ဆိုမြို့နယ်ထဲက ကုန်းသာရှိတယ်၊ နောက်ပြီးတော့ မိုးဗြဲမြို့နယ်ရဲ့ကုန်းသာဆိုတာ ရှိတယ်ပေါ့နော်၊ အခုလက်ရှိ ဒီနေ့ အခြေအနေဆိုရင် မိုးဗြဲမြို့ကုန်းသာ ရွာမှာတော့ တိုက်ပွဲအခြေအနေဖြစ်နေတယ်ပေါ့နော်၊ ဒါအခုလက်ရှိတော့ နှစ်ဘက်ပစ်ခတ်တာတွေ ရှိနေတယ်ပေါ့နော်။”

ဒီးမော့ဆိုနယ်ဘက်ကိုတက်လာတဲ့ စစ်တပ်ရဲ့စစ်ကူတွေကို မိုးဗြဲမြို့နယ် ကုန်းသာရွာမှာ မိုးဗြဲ PDF ၊ လွိုင်ကော် PDF ၊ ဒီးမော့ဆို PDF တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသလို

တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။ မိုးဗြဲ၊ ကုန်းသာနဲ့ ဝါရီကောခူကြား သွားလာမှု မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။အခုသတင်းရေးနေချိန်မှာ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်တာကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာကိုတော့ မသိရသေးပါဘူး။

ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းကျေးရွာ ဘောလုံးကွင်းအနီးဝိုက်မှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်းတလောင်း ဒီကနေ့ စက်တင်ဘာ ၂၉ ရက် နေ့ခင်းပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။

ဒါ့အပြင် ဒေါခလိုက်ကျေးရွာမှာလည်း ပုပ်ပွနေတဲ့ အရပ်သား ၄ ဦးရဲ့ အလောင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီအလောင်းတွေဟာ သာမန်အရပ်သားတွေဖြစ်ကြောင်း ဒီးမော့ဆို ဒေသခံတဦးက ပြောပါတယ်။

“အခုထပ်တွေ့တဲ့အလောင်းတွေကလည်း ဘယ်သူဘယ်ဝါမှန်း မသိတော့ဘူးပေါ့နော်။ အဲ့လိုမျိုးတွေ အများကြီးတွေ့ရတယ်၊ ၄၊ ၅၊ ၆လောင်းတော့ တွေ့ရတယ်။ ပုပ်ပွနေတဲ့အလောင်းတွေကျတော့ တိုက်ပွဲအတွင်းမှာလား၊ မဟုတ်ရင် ဒီအတိုင်းပဲ မတိုက်ပွဲဖြစ်တဲ့အချိန်မှာ ပြည်သူတွေ တချို့သွားလာရင်းနဲ့ စစ်ကောင်စီတွေနဲ့ တိုးတော့ ဖမ်းပြီးတော့ သူတို့တွေပဲ.. ဒီလိုပဲ ဖြစ်သလို သတ်ဖြတ်လိုက်တာလား။ (သေဆုံးသူတွေက) သာမာန်အရပ်သားတွေပဲဗျ ။သူတို့ကို ကြည့်တာတော့ သာမန်အရပ်သားတွေပဲ။ ဒီကာကွယ်ရေးတပ်ဖွဲ့ဘက်က မဖြစ်နိုင်ဘူး။ ဝတ်တဲ့အဝတ်အစားတွေက အစ။”

စစ်တပ်က ကုန်းသာရွာမှာ တပ်စွဲနေရာယူထားစဉ် ကျေးရွာရဲ့နေအိမ်တွေကို မွှေနှောက်ပြီး ပြန်လည်ထွက်ခွာချိန်မှာ နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကုန်းသာရွာ ပရဟိတ တဦးက VOA ကို ပြောပါတယ်။

ဒီးမော့ဆိုဒေသခံတဦးကလည်း လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အခုလို သုံးသပ်ပြောဆိုသွားပါတယ်။

“စစ်ကောင်စီဘက်ကလည်း သူတို့တိုက်ပွဲဝင်နေတာ ပြည်သူအတွက်လို့ ပြောပါတယ်၊ ကာကွယ်ရေးတပ်လည်း ပြည်သူအတွက်လို့ ပြောပါတယ်၊ တကယ့်လို့သာ နှစ်ဘက်စလုံးက ပြည်သူအတွက် တကယ်မှန်ရင်တော့ ဒီလိုမျိုးရမ်းသမ်းလုပ်လာတာ မရှိသင့်ဘူးပေါ့နော်၊ အခု စစ်ကောင်စီလုပ်နေတဲ့ ဟာတွေက ပြည်သူအတွက်လို့သာပြောပေမယ့်၊ နိုင်ငံတော်အတွက် တိုက်ပွဲဝင်နေတယ်ပြောပေမယ့် သူတို့ရမ်းသမ်းလုပ်နေတဲ့

ဟာတွေ၊ အရမ်းလျှောက်ပစ်နေတဲ့ ဟာတွေ၊ မဆိုင်တဲ့သူတွေကို သူတို့မဲနေတဲ့ ဟာတွေ လုံးဝမဖြစ်သင့်ဘူးလို့ ကျနော်အနေနဲ့တော့ အဲ့လိုမျိုးပြောချင်ပါတယ်။”

ဒီရက်ပိုင်း ကယားပြည်နယ်ဘက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ကိုင် ဖြေဆိုတာမရှိသေးပါဘူး။

#MyanmarMilitary #MyanmarViolence #KayahFighting #VOABurmese#ကယား#မိုးဗြဲ#စစ်ကောင်စီ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG