သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားျပည္နယ္ စစ္ေရွာင္ ၄ ဦး အစာေရစာျပတ္လတ္မႈေၾကာင့္ ေသဆံုး


ကယားျပည္နယ္၊ ဒီးေမာဆိုေဒသဘက္က စစ္ေဘးေရွာင္စခန္းတြင္းျမင္ကြင္း။

{{Zawgyi/Unicode}}

ကယားျပည္နယ္ ေဘာလခဲ၊ ဖ႐ူဆိုနဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ေတြမွာ ေအာက္တိုဘာ ၂၁ ရက္ ညေနက KA၊ KNDF ပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲ ေလးႀကိမ္ျဖစ္ပြားခဲ့တယ္လို႔ KNDF က ေျပာဆိုလိုက္ပါတယ္။ တို္က္ပြဲအေျခအေနေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး အစာေရစာျပတ္မႈေၾကာင့္ ေသဆံုးသူ ၄ ဦး ရွိတယ္ လို႔ ေဒသခံတဦးက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေအာက္တိုဘာ ၂၁ ရက္ ညေန ၂ နာရီခြဲေလာက္က ေဘာလခဲၿမိဳ႕နယ္၊ နန္းဖဲရြာနားမွာ တႀကိမ္၊ က်ဳိ႕ပင္ကုန္းရြာတဝိုက္ စစ္ေကာင္စီယာဥ္တန္းကို ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) နဲ႔ ကရင္နီတပ္မေတာ္ (KA) ပူးေပါင္းအဖြဲ႔တို႔ မိုင္းဆြဲတိုက္ခိုက္ၿပီး တိုက္ပြဲျဖစ္ခဲ့တယ္လို႔ KNDF ျပန္ၾကားေရးတာဝန္ရွိသူတဦးက VOA ကိုေျပာပါတယ္။

ဒါ့အျပင္ ဖ႐ူဆိုၿမိဳ႕နယ္ ထားလဲေက်းရြာအနီးမွာလည္း တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ည ၇ နာရီေလာက္မွာေတာ့ ဒီးေမာ့ဆိုၿမိဳ႕မ ရဲစခန္းအေနာက္ဘက္ ဘုန္းႀကီးေက်ာင္းနားမွာ တိုက္ပြဲတႀကိမ္ထပ္ျဖစ္ၿပီး မေန႔က တရက္တည္းမွာ စုစုေပါင္း တိုက္ပြဲ သံုးႀကိမ္ျဖစ္ပြားခဲ့တာလို႔ KNDF ျပန္ၾကားေရးတာဝန္ရွိသူတဦးက အခုလို ေျပာပါတယ္။

“နန္းဖဲမေရာက္ခင္နားမွာ တေခါက္၊ စစ္ေကာင္စီကို KA နဲ႔ KNDF ပူးေပါင္းတပ္က မိုင္းဆြဲ တိုက္ခိုက္တာရွိတယ္။ ပထမတႀကိမ္၊ ေနာက္တႀကိမ္က က်ဳိ႕ပင္ကုန္းခြဲေနရာမွာ မိုင္ဆြဲတိုက္ခုိက္ ေနာက္တႀကိမ္ရွိတယ္၊ ေနာက္တႀကိမ္ ကေတာ့ ထားလဲမွာ တိုက္ပြဲထပ္ျဖစ္တယ္။ ေနာက္ ည ၇ နာရီေလာက္ေရာက္ေတာ့ ရဲစခန္းမွာလည္းKNDF နဲ႔ KA နဲ႔ ေပါင္းၿပီးေတာ့ တုိက္ပြဲထပ္ျဖစ္တာ ရွိတာေပါ့ေလ။တိုက္ပြဲေလးႀကိမ္ေပါ့၊ စစ္ေကာင္စီက ဒ႐ုန္းလြႊတ္ရာကေနစတာဗ်ာ။ တိုက္ပြဲကေလ၊ ေထာက္လွမ္းေရးဒ႐ုန္းေတြ လႊတ္ၿပီးေတာ့ တပ္ဖဲြ႔ေတြက အဲ့ဒီဒ႐ုန္းကို ပစ္ရာကေန လက္ႀကီးေတြနဲ႔အျပန္အလွန္ထုၾကတာဗ်။”

စစ္ေကာင္စီဘက္က ဒ႐ုန္းလႊတ္တင္ ေထာက္လွမ္းရာကေန ဒီးေမာ့ဆိုၿမိဳ႕ ရဲစခန္းအေနာက္ဘက္ ဘုန္းႀကီးေက်ာင္းနားမွာ တိုက္ပြဲျဖစ္စတာလို႔ ေျပာပါတယ္။

မေန႔က တိုက္ခိုက္မႈမွာ စစ္ေကာင္စီဘက္က ၂၈ ဦးေသဆံုးၿပီး ၃၀ ေက်ာ္ ဒဏ္ရာရရွိသလို စစ္ကား ၃ စီး ပ်က္စီးသြားတယ္လို႔ KNDF ျပန္ၾကားေရးတာဝန္ရွိသူက ေျပာပါတယ္။ ဒီေသဆံုးမႈနဲ႔ ပတ္သက္ၿပီး VOA က သီးျခားအတည္လို႔ မရေသးပါဘူး။ စစ္ေကာင္စီဘက္ကလည္း တစံုတရား သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ဒီးေမာ့ဆိုနယ္မွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔တို႔ဟာ မၾကာခဏ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြ ႀကိဳတင္ေရွာင္တိမ္းထားၾကလို႔ မေန႔ညက တိုက္ပြဲမွာ ေဒသခံေတြ အထိအခိုက္မရွိဘူးလို႔ ဒီးေမာ့ဆိုေဒသခံတဦးက ေျပာပါတယ္။ တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္ေကာင္စီက လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ရမ္းသမ္းပစ္ခတ္ေနတာေၾကာင့္ ေနအိမ္ထိခိုက္ ပ်က္စီးမႈရွိေပမယ့္ အပ်က္အစီးစာရင္းကိုေတာ့ မသိရေသးလို႔ ဒီးေမာ့ဆိုေဒသခံတဦးက ေျပာပါတယ္။

“တိုက္ပြဲကေတာ့ မျပင္းပါဘူး၊ သူတို႔ ဒီတိုင္းပဲ ၾကားသေလာက္ေတာ့ စစ္ေကာင္စီက လက္နက္ႀကီး လက္နက္ငယ္ေတြ ရမ္းသမ္းပစ္လိုက္တာထင္တယ္၊ ေဒသေတြက နဂိုကတည္းက ေရွာင္တိမ္းထားတယ္ဆိုေတာ့ ဘာမွ ထိခုိက္တာ မရွိဘူး၊ ေရွာင္ထားၿပီးသားဆိုေတာ့၊ အပ်က္အစီးေတြက မသိဘူးေပါ့ေနာ္။ အိမ္ေတြ ဘာေတြက်ထိလားဆိုေတာ့ အခုခ်ိန္ထိ မသိရေသးဘူး။”

ကယားျပည္နယ္မွာ တိုက္ပြဲျဖစ္ပြားမႈအေျခအေနနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကေတာ့ တစံုတရာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ ေဘာလခဲနယ္ နန္းဖဲရြာနားက တိုက္ပြဲေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကိုပုန္းေရွာင္ေနရတယ္လို႔ နန္းဖဲရြာခံတဦးက ေျပာပါတယ္။

“ထြက္ေျပးေတာ့ ေျပးၾကတာပဲ၊ က်မတို႔ကအစ အကုန္လံုးေျပးရတယ္၊ ထြက္ေျပးတာေတာ့ တပတ္ ႏွစ္ပတ္ေတာ့ ရွိသြားၿပီ။ အဲဒီေန႔က ျဖစ္တဲ့အခိ်န္ေျပးၾကတာပဲ။ လက္နက္ႀကီးထုတာမ်ားတယ္၊ ႏွစ္ဘက္ပစ္ခတ္ၿပီးေတာ့ စစ္ေကာင္စီကေတာ့ ထုတာမ်ားတာေပါ့။ သူတို႔က လက္နက္ႀကီးနဲ႔ အားကိုးတာေပါ့။”

လံုၿခံဳးေရးအရ နာမည္မေဖာ္လိုတဲ့ ေဘာလခဲၿမိဳ႕ခံတဦးကေတာ့ ေဘာလခဲနယ္တဝိုက္မွာ မၾကာမၾကာ တိုက္ပြဲျဖစ္ ပြားေနတာမို႔ ထားခေလာလဲရြာ၊ နန္းဖဲရြာ၊ ပုလဲလယ္ရြာ၊ ေသာ္ခူရြာ၊ နီနခါးရြာ စတဲ့ ေက်းရြာ ၁၀ ရြာေလာက္က ေဒသခံေတြ ထြက္ေျပးေနၾကရတယ္လို႔ ေျပာပါတယ္။ တိုက္ပြဲအေျခအေနၿငိမ္ရင္ ေဒသခံေတြရြာကို ျပန္လာလိုက္၊ ျပန္ေျပးလိုက္နဲ႔ ဒုကၡအမ်ဳိးမ်ဳိးႀကံဳေနရတာလို႔ ေဒသခံက ေျပာပါတယ္။

“အကုန္လံုးက ရြာေရွာင္ေနတာ ရြာေပါင္း ၁၀ ရြာေလာက္ရွိမယ္ ထင္တယ္၊ အဲ့တစ္ေက်ာလံုးက ေရွာင္တယ္၊ ေရွာင္ တာကေတာ့ ၾကာေနပါၿပီ။ ၄ လပိုင္းကတည္းက ေရွာင္တယ္၊ ေရွာင္လိုက္ တိုက္ပြဲကၿငိမ္လိုက္၊ လူထုက ျပန္ကပ္လိုက္။ ေတာ္ၾကာက်ရင္ လမ္းေပၚျပန္ျဖစ္လိုက္၊ ျပန္ေျပးလိုက္။ လူေတြ အနားမရေသးဘူး။ ေျပးလႊားရင္းနဲ႔ ေသတဲ့လူေတာ့ အမ်ားႀကီး။ တိုက္ပြဲမဟုတ္ဘဲနဲ႔ ေျပးလႊားရင္းနဲ႔ ဒုကၡမ်ားၿပီးေတာ့မွ အစားေရစာငတ္ၿပီး အဲ့ဒီဘက္မွာ ငတ္မြတ္ေခါင္းပါး မ်ားတယ္။”

ဒီလို ေျပးလႊား ေရွာင္ပုန္းရင္ ေဒသခံေတြ အစားေရစာငတ္ျပတ္မႈေၾကာင့္ ပုလဲလယ္ရြာ၊ ေသာ္ခူရြာက ျပည္သူ ၄ ဦး ေသဆံုးသြားတယ္လို႔ ေဒသခံက ေျပာပါတယ္။ စစ္တပ္က စားနပ္ရိကၡာသယ္ခြင့္မျပဳဘဲ စစ္ေဆးတင္ၾကပ္ေနတာလို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ကယားနယ္ဘက္မွာ အင္အားတိုးခ်ထားၿပီး တိုက္ပြဲမရွိလည္း လက္နက္ႀကီးေတြ အဆမတန္ အသုံးျပဳ ေက်းရြာဘက္ကို ပစ္ခတ္လို႔ ေဒသခံ အိမ္မွာ မေနရဲဘဲ အိုးအိမ္စြန္႔ခြာ ေဘးလြတ္ရာကိုထြက္ေျပးရတာလို႔ ေဒသခံေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ကယားပြည်နယ် စစ်ရှောင် ၄ ဦး အစာရေစာပြတ်လတ်မှုကြောင့် သေဆုံး

ကယားပြည်နယ် ဘောလခဲ၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ အောက်တိုဘာ ၂၁ ရက် ညနေက KA၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNDF က ပြောဆိုလိုက်ပါတယ်။ တိုက်ပွဲအခြေအနေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အစာရေစာပြတ်မှုကြောင့် သေဆုံးသူ ၄ ဦး ရှိတယ် လို့ ဒေသခံတဦးက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၂၁ ရက် ညနေ ၂ နာရီခွဲလောက်က ဘောလခဲမြို့နယ်၊ နန်းဖဲရွာနားမှာ တကြိမ်၊ ကျို့ပင်ကုန်းရွာတဝိုက် စစ်ကောင်စီယာဉ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) ပူးပေါင်းအဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးက VOA ကိုပြောပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇ နာရီလောက်မှာတော့ ဒီးမော့ဆိုမြို့မ ရဲစခန်းအနောက်ဘက် ဘုန်းကြီးကျောင်းနားမှာ တိုက်ပွဲတကြိမ်ထပ်ဖြစ်ပြီး မနေ့က တရက်တည်းမှာ

စုစုပေါင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တာလို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“နန်းဖဲမရောက်ခင်နားမှာ တခေါက်၊ စစ်ကောင်စီကို KA နဲ့ KNDF ပူးပေါင်းတပ်က မိုင်းဆွဲ တိုက်ခိုက်တာရှိတယ်။ ပထမတကြိမ်၊ နောက်တကြိမ်က ကျို့ပင်ကုန်းခွဲနေရာမှာ မိုင်ဆွဲတိုက်ခိုက် နောက်တကြိမ်ရှိတယ်၊ နောက်တကြိမ် ကတော့ ထားလဲမှာ တိုက်ပွဲထပ်ဖြစ်တယ်။ နောက် ည ၇ နာရီလောက်ရောက်တော့ ရဲစခန်းမှာလည်းKNDF နဲ့ KA နဲ့ ပေါင်းပြီးတော့ တိုက်ပွဲထပ်ဖြစ်တာ ရှိတာပေါ့လေ။တိုက်ပွဲလေးကြိမ်ပေါ့၊ စစ်ကောင်စီက ဒရုန်းလွှတ်ရာကနေစတာဗျာ။ တိုက်ပွဲကလေ၊ ထောက်လှမ်းရေးဒရုန်းတွေ လွှတ်ပြီးတော့ တပ်ဖွဲ့တွေက အဲ့ဒီဒရုန်းကို ပစ်ရာကနေ လက်ကြီးတွေနဲ့အပြန်အလှန်ထုကြတာဗျ။”

စစ်ကောင်စီဘက်က ဒရုန်းလွှတ်တင် ထောက်လှမ်းရာကနေ ဒီးမော့ဆိုမြို့ ရဲစခန်းအနောက်ဘက် ဘုန်းကြီးကျောင်းနားမှာ တိုက်ပွဲဖြစ်စတာလို့ ပြောပါတယ်။

မနေ့က တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂၈ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိသလို စစ်ကား ၃ စီး ပျက်စီးသွားတယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး VOA က

သီးခြားအတည်လို့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း တစုံတရား သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီးမော့ဆိုနယ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ဟာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ကြိုတင်ရှောင်တိမ်းထားကြလို့ မနေ့ညက တိုက်ပွဲမှာ ဒေသခံတွေ အထိအခိုက်မရှိဘူးလို့ ဒီးမော့ဆိုဒေသခံတဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေအိမ်ထိခိုက် ပျက်စီးမှုရှိပေမယ့် အပျက်အစီးစာရင်းကိုတော့ မသိရသေးလို့ ဒီးမော့ဆိုဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ မပြင်းပါဘူး၊ သူတို့ ဒီတိုင်းပဲ ကြားသလောက်တော့ စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေ ရမ်းသမ်းပစ်လိုက်တာထင်တယ်၊ ဒေသတွေက နဂိုကတည်းက ရှောင်တိမ်းထားတယ်ဆိုတော့ ဘာမှ ထိခိုက်တာ မရှိဘူး၊ ရှောင်ထားပြီးသားဆိုတော့၊ အပျက်အစီးတွေက မသိဘူးပေါ့နော်။ အိမ်တွေ ဘာတွေကျထိလားဆိုတော့ အခုချိန်ထိ မသိရသေးဘူး။”

ကယားပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဘောလခဲနယ် နန်းဖဲရွာနားက တိုက်ပွဲကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို

ပုန်းရှောင်နေရတယ်လို့ နန်းဖဲရွာခံတဦးက ပြောပါတယ်။

“ထွက်ပြေးတော့ ပြေးကြတာပဲ၊ ကျမတို့ကအစ အကုန်လုံးပြေးရတယ်၊ ထွက်ပြေးတာတော့ တပတ် နှစ်ပတ်တော့ ရှိသွားပြီ။ အဲဒီနေ့က ဖြစ်တဲ့အချိန်ပြေးကြတာပဲ။ လက်နက်ကြီးထုတာများတယ်၊ နှစ်ဘက်ပစ်ခတ်ပြီးတော့ စစ်ကောင်စီကတော့ ထုတာများတာပေါ့။ သူတို့က လက်နက်ကြီးနဲ့ အားကိုးတာပေါ့။”

လုံခြုံးရေးအရ နာမည်မဖော်လိုတဲ့ ဘောလခဲမြို့ခံတဦးကတော့ ဘောလခဲနယ်တဝိုက်မှာ မကြာမကြာ တိုက်ပွဲဖြစ် ပွားနေတာမို့ ထားခလောလဲရွာ၊ နန်းဖဲရွာ၊ ပုလဲလယ်ရွာ၊ သော်ခူရွာ၊ နီနခါးရွာ စတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။ တိုက်ပွဲအခြေအနေငြိမ်ရင် ဒေသခံတွေရွာကို ပြန်လာလိုက်၊ ပြန်ပြေးလိုက်နဲ့ ဒုက္ခအမျိုးမျိုးကြုံနေရတာလို့ ဒေသခံက ပြောပါတယ်။

“အကုန်လုံးက ရွာရှောင်နေတာ ရွာပေါင်း ၁၀ ရွာလောက်ရှိမယ် ထင်တယ်၊ အဲ့တစ်ကျောလုံးက ရှောင်တယ်၊ ရှောင် တာကတော့ ကြာနေပါပြီ။ ၄ လပိုင်းကတည်းက ရှောင်တယ်၊ ရှောင်လိုက် တိုက်ပွဲကငြိမ်လိုက်၊ လူထုက ပြန်ကပ်လိုက်။ တော်ကြာကျရင် လမ်းပေါ်ပြန်ဖြစ်လိုက်၊ ပြန်ပြေးလိုက်။ လူတွေ အနားမရသေးဘူး။ ပြေးလွှားရင်းနဲ့ သေတဲ့လူတော့ အများကြီး။ တိုက်ပွဲမဟုတ်ဘဲနဲ့ ပြေးလွှားရင်းနဲ့ ဒုက္ခများပြီးတော့မှ အစားရေစာငတ်ပြီး အဲ့ဒီဘက်မှာ ငတ်မွတ်ခေါင်းပါး များတယ်။”

ဒီလို ပြေးလွှား ရှောင်ပုန်းရင် ဒေသခံတွေ အစားရေစာငတ်ပြတ်မှုကြောင့် ပုလဲလယ်ရွာ၊ သော်ခူရွာက ပြည်သူ ၄ ဦး သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်တပ်က စားနပ်ရိက္ခာသယ်ခွင့်မပြုဘဲ စစ်ဆေးတင်ကြပ်နေတာလို့ ဒေသခံတွေက VOA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကယားနယ်ဘက်မှာ အင်အားတိုးချထားပြီး တိုက်ပွဲမရှိလည်း လက်နက်ကြီးတွေ အဆမတန် အသုံးပြု ကျေးရွာဘက်ကို ပစ်ခတ်လို့ ဒေသခံ အိမ်မှာ မနေရဲဘဲ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို

ထွက်ပြေးရတာလို့ ဒေသခံတွေက ပြောကြပါတယ်။

#ကယား၊ဘော်လခဲ#စစ်ဘေးရှောင်#စစ်ကောင်စီ#အိုးအိမ်စွန့်#သော်ခူရွာ#KNDF# KA#ဒရုန်း#လက်နက်ကြီး#နန်းဖဲရွာ#ပုလဲလယ်ရွာ#နီနခါးရွာ

===========

XS
SM
MD
LG