{{Zawgyi/Unicode}}
ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္နယ္စပ္ မိုးၿဗဲၿမိဳ႕ေပၚ PDF ကင္းစခန္းတခုကို စစ္ေကာင္စီက အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္စီးနင္းၿပီး အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ လူေနအိမ္ေတြေပၚ က်ေရာက္ၿပီး ေနအိမ္တခ်ိဳ႕ပ်က္စီးသလို တၿမိဳ႕လုံး ေဘးလြတ္ရာကို ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ ဒီသတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။
ႏိုဝင္ဘာ ၁၇ ရက္ ဒီေန႔ မနက္ ၂ နာရီခြဲေလာက္က မိုးၿဗဲၿမိဳ႕ေပၚမွာ ျပည္သူ႔လုံၿခဳံေရးအတြက္ ကင္းေစာင့္ေပးေနတဲ့ မိုးၿဗဲ PDF ကင္းစခန္းတခုကို စစ္ေကာင္စီအဖြဲ႕က အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္စီးနင္းခ်ိန္ ႏွစ္ဘက္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့တယ္လို႔ ၿမိဳ႕ခံေတြက VOAကို ေျပာပါတယ္။
စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ လူေနအိမ္တခ်ိဳ႕ပ်က္စီးမႈရွိသလို မိုးၿဗဲၿမိဳ႕ေပၚေဒသခံေတြ တၿမိဳ႕လုံး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ၿမိဳ႕ခံတဦးက အခုလို ေျပာပါတယ္။
“အၾကမ္းဖက္စစ္ေကာင္စီေတြက အဲ့မွာ ဝင္စီးနင္းတာေပါ့ေနာ္။ အျပန္အလွန္ပစ္ခက္မႈရွိတာေပါ့ အဲ့မွာ။ အဲဒီအခ်ိန္မွာပဲ မနက္အေတာတြင္းမွာပဲ ျပည္သူေတြကလည္း ေရွာင္တိမ္းေနရတာေပ့ါေနာ္။ ပစ္ခတ္ျဖစ္တဲ့ အခ်ိန္တြင္းထဲမွာပဲ နည္းနည္းလြတ္တဲ့ေနရာဆို သူတို႔ အကုန္လုံး တိမ္းေရွာင္ၾကရတာေပါ့။ လူေတြက ဒီၿမိဳ႕လုံးကြၽတ္ထြက္ေျပးတာေပါ့ေနာ္၊ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာပဲ။ ဒီလက္နက္ႀကီးက ၁၀ လုံး မကဘူး၊ ၁၀ လုံးေက်ာ္ေလာက္ရွိမယ္၊ အဲ့ဒါပစ္ခတ္တာ။ လူေနအိမ္ေတြ ထိတယ္။ အခုဒီအေျခအေနပါပဲ။ မနက္က်ေတာ့ ခမရ ၄၂၂ ကလည္း သူတို႔ လက္နက္ႀကီးနဲ႔ ပစ္လိုက္ေသးတယ္၊ ႐ြာထဲကိုေပ့ါေနာ္။”
မိုးၿဗဲၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္တာနဲ႔ စစ္ေကာင္စီတပ္ ခမရ ၄၂၂ တပ္ရင္းကေန ၿမိဳ႕ေပၚနဲ႔ ေက်း႐ြာေတြဘက္ကို လက္နက္ႀကီးေတြနဲ႔အၿမဲတမ္းပစ္ခတ္ေနတာလို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။ အခုလို လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာက္ ေနၾကရတာပါ။
ေနာက္ထပ္ မိုးၿဗဲၿမိဳ႕ခံတဦးကလည္း ၿမိဳ႕ေပၚမွာ ေနထိုင္လို႔ အဆင္မေျပတာေၾကာင့္ ေဘးလြတ္ရာကို ထြက္ေျပးလာရတာလို႔ ေျပာပါတယ္။
“ဒီမနက္က ၂ နာရီခြဲဝန္းက်င္ေလာက္ေပါ့ေနာ္၊ လက္နက္ငယ္အသံ အရင္ၾကားရတယ္ထင္တယ္။ လက္နက္ငယ္အသံ ၿပီးေတာ့မွ လက္နက္ႀကီးအသံနဲ႔ေပါ့ေနာ္။ အဲ့ခ်ိန္ အိမ္ေဘးကလူေတြေတာ့ အရင္ေျပးၾကတာေပ့ါ။ ညီမတို႔ အိမ္ကက်ေတာ့ အဲ့လိုေပါ့ေနာ္၊ အေျခအေနၾကည့္ၿပီးေတာ့ ေျပးရတာေပါ့၊ အဆင္လည္းမေျပတဲ့အခါက်ေတာ့။ မနက္ ၇ နာရီ ၈ နာရီေလာက္ခ်ိန္ကလည္း လက္နက္ႀကီး ထုေသးတယ္၊ သုံး ေလး ခ်က္ေလာက္။ အဲ့ဒီခ်ိန္မွာ ညီမတို႔လည္း စေရွာင္တာေပါ့ေနာ္။”
ျပည္သူ႔လူထုရဲ႕ လုံၿခဳံေရးအတြက္ မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (MB PDF) က မိုးၿဗဲၿမိဳ႕ေပၚမွာရွိတဲ့ မီသတ္စခန္းမွာ ေနရာယူၿပီး ကင္းေစာင့္ေပးေနတာမွာ မနက္ အေစာပိုင္းက အဲ့ကင္းစခန္းကို စစ္ေကာင္စီက ဝင္ေရာက္ ပစ္ခတ္စီးနင္းလို႔ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ခဲ့တာလို႔ မိုးၿဗဲ PDF ျပန္ၾကားေရးတာဝန္ခံက VOA ကို ေျပာပါတယ္။
“အင္အားအလုံးအရင္းနဲ႔ သူတို႔ ဝင္စီးတယ္ေပါ့ေနာ္။ ဝင္စီးတယ္။ သူတို႔ အင္အားကေတာ့ ၁၀၀ နီးပါးေလာက္ ရွိတယ္။ သူတို႔ လက္နက္အင္အားလည္း ေတာ္ေတာ္ေလးကို ေတာင့္ေတာင့္တင္းတင္း ပါလာတယ္ခင္ဗ်။ RPG ေတြ၊ လက္နက္ႀကီးေတြ၊ သူတို႔ မရွင္းဂန္း (Machine Gun) ေတြ၊ ၿပီးေတာ့ သူတို႔ရဲ႕ လက္နက္ အငယ္ေတြဆိုလည္း စုံစုံလင္လင္နဲ႔ က်ေနာ္တို႔ကို ဝင္စီးပါတယ္။ အဲ့ခါမွာ က်ေနာ္တို႔ ျပင္းျပင္းထန္ထန္ ျပန္ၿပီးခုခံခဲ့တယ္ခင္ဗ်။ ခုခံတဲ့ေနာက္မွာ က်ေနာ္တို႔ အဆင္မေျပေတာ့လို႔ အင္အားခ်င္မမွ်လို႔ ခက္ခက္ခဲခဲပဲ က်ေနာ္တို႔ ျပန္ဆုတ္ခဲ့ရတယ္ခင္ဗ်၊ ဟုတ္ကဲ့။”
ႏွစ္ဘက္အျပန္အလွန္ပစ္ခတ္မႈမွာ မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (MB PDF) ဘက္က ၃ ဦး ထိခိုက္ဒဏ္ရာရရွိတဲ့အထဲ တဦးကေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနေၾကာင္းနဲ႔ စစ္ေကာင္စီဘက္လည္း အထိအခိုက္ရွိတယ္လို႔ ေျပာပါတယ္။
စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီကေန႔မနက္ျဖစ္သြားတဲ့ မိုးၿဗဲၿမိဳ႕က တိုက္ခိုက္မႈအေျခအေနနဲ႔ပတ္သက္လို႔ တစုံတရာ ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပမယ့္ မေန႔က ကယားျပည္နယ္၊ ဖယ္ခုံၿမိဳ႕ဘက္မွာ ပစ္ခတ္မႈ ျဖစ္ခဲ့ေၾကာင္း အခုလို ေျပာပါတယ္။
"အဲ့ဒီ့ဖယ္ခုံဘက္မွာပဲ ျဖစ္ခဲ့တာေတာ့ရွိတယ္။ မေန႔ကေတာ့ သူတို႔ဆီကေနၿပီးက်ေတာ့ အဲ့ဒီ့ဖယ္ခုံဘက္မွာရွိတဲ့ လုံၿခဳံေရးတပ္ရင္း တပ္အေျချပဳတဲ့ေနရာကို လာၿပီးပစ္ခံရေတာ့ရွိတယ္။ မေန႔က ၁၀ နာရီခြဲေလာက္ကတုန္းက လာၿပီးပစ္ခတ္တာေတြရွိတယ္။ အဲ့တာကေန တခ်ိဳ႕လက္နက္တခ်ိဳ႕ ရရွိလိုက္တာရွိတယ္။ အဲဒါပါပဲဗ်။"
စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ လအနည္းငယ္အတြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြအၾကား အျပန္လွန္ ပစ္ခတ္မႈေတြ ျဖစ္ေပၚေနတာမွာ ကယားျပည္နယ္ဟာ ပစ္ခတ္တိုက္ခိုက္မႈ အမ်ားဆုံးျဖစ္ေပၚေနတဲ့ ေဒသတခုျဖစ္ပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူေတြ ေထာင္နဲ႔ခ်ီၿပီး အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရပါတယ္။
=============
{{Unicode}}
မိုးဗြဲမြို့ PDF စခန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တိုက်ခိုက်
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့ပေါ် PDF ကင်းစခန်းတခုကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူနေအိမ်တွေပေါ် ကျရောက်ပြီး နေအိမ်တချို့ပျက်စီးသလို တမြို့လုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။
နိုဝင်ဘာ ၁၇ ရက် ဒီနေ့ မနက် ၂ နာရီခွဲလောက်က မိုးဗြဲမြို့ပေါ်မှာ ပြည်သူ့လုံခြုံရေးအတွက် ကင်းစောင့်ပေးနေတဲ့ မိုးဗြဲ PDF ကင်းစခန်းတခုကို စစ်ကောင်စီအဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းချိန် နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက VOAကို ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူနေအိမ်တချို့ပျက်စီးမှုရှိသလို မိုးဗြဲမြို့ပေါ်ဒေသခံတွေ တမြို့လုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီတွေက အဲ့မှာ ဝင်စီးနင်းတာပေါ့နော်။ အပြန်အလှန်ပစ်ခက်မှုရှိတာပေါ့ အဲ့မှာ။ အဲဒီအချိန်မှာပဲ မနက်အတောတွင်းမှာပဲ ပြည်သူတွေကလည်း ရှောင်တိမ်းနေရတာပေ့ါနော်။ ပစ်ခတ်ဖြစ်တဲ့ အချိန်တွင်းထဲမှာပဲ နည်းနည်းလွတ်တဲ့နေရာဆို သူတို့ အကုန်လုံး တိမ်းရှောင်ကြရတာပေါ့။ လူတွေက ဒီမြို့လုံးကျွတ်ထွက်ပြေးတာပေါ့နော်၊ တိုက်ပွဲဖြစ်တဲ့အချိန်မှာပဲ။ ဒီလက်နက်ကြီးက ၁၀ လုံး မကဘူး၊ ၁၀ လုံးကျော်လောက်ရှိမယ်၊ အဲ့ဒါပစ်ခတ်တာ။ လူနေအိမ်တွေ ထိတယ်။ အခုဒီအခြေအနေပါပဲ။ မနက်ကျတော့ ခမရ ၄၂၂ ကလည်း သူတို့ လက်နက်ကြီးနဲ့ ပစ်လိုက်သေးတယ်၊ ရွာထဲကိုပေ့ါနော်။”
မိုးဗြဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်တာနဲ့ စစ်ကောင်စီတပ် ခမရ ၄၂၂ တပ်ရင်းကနေ မြို့ပေါ်နဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့အမြဲတမ်းပစ်ခတ်နေတာလို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောက် နေကြရတာပါ။
နောက်ထပ် မိုးဗြဲမြို့ခံတဦးကလည်း မြို့ပေါ်မှာ နေထိုင်လို့ အဆင်မပြေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးလာရတာလို့ ပြောပါတယ်။
“ဒီမနက်က ၂ နာရီခွဲဝန်းကျင်လောက်ပေါ့နော်၊ လက်နက်ငယ်အသံ အရင်ကြားရတယ်ထင်တယ်။ လက်နက်ငယ်အသံ ပြီးတော့မှ လက်နက်ကြီးအသံနဲ့ပေါ့နော်။ အဲ့ချိန် အိမ်ဘေးကလူတွေတော့ အရင်ပြေးကြတာပေ့ါ။ ညီမတို့ အိမ်ကကျတော့ အဲ့လိုပေါ့နော်၊ အခြေအနေကြည့်ပြီးတော့ ပြေးရတာပေါ့၊ အဆင်လည်းမပြေတဲ့အခါကျတော့။ မနက် ၇ နာရီ ၈ နာရီလောက်ချိန်ကလည်း လက်နက်ကြီး ထုသေးတယ်၊ သုံး လေး ချက်လောက်။ အဲ့ဒီချိန်မှာ ညီမတို့လည်း စရှောင်တာပေါ့နော်။”
ပြည်သူ့လူထုရဲ့ လုံခြုံရေးအတွက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MB PDF) က မိုးဗြဲမြို့ပေါ်မှာရှိတဲ့ မီသတ်စခန်းမှာ နေရာယူပြီး ကင်းစောင့်ပေးနေတာမှာ မနက် အစောပိုင်းက အဲ့ကင်းစခန်းကို စစ်ကောင်စီက ဝင်ရောက် ပစ်ခတ်စီးနင်းလို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ခံက VOA ကို ပြောပါတယ်။
“အင်အားအလုံးအရင်းနဲ့ သူတို့ ဝင်စီးတယ်ပေါ့နော်။ ဝင်စီးတယ်။ သူတို့ အင်အားကတော့ ၁၀၀ နီးပါးလောက် ရှိတယ်။ သူတို့ လက်နက်အင်အားလည်း တော်တော်လေးကို တောင့်တောင့်တင်းတင်း ပါလာတယ်ခင်ဗျ။ RPG တွေ၊ လက်နက်ကြီးတွေ၊ သူတို့ မရှင်းဂန်း (Machine Gun) တွေ၊ ပြီးတော့ သူတို့ရဲ့ လက်နက် အငယ်တွေဆိုလည်း စုံစုံလင်လင်နဲ့ ကျနော်တို့ကို ဝင်စီးပါတယ်။ အဲ့ခါမှာ ကျနော်တို့ ပြင်းပြင်းထန်ထန် ပြန်ပြီးခုခံခဲ့တယ်ခင်ဗျ။ ခုခံတဲ့နောက်မှာ ကျနော်တို့ အဆင်မပြေတော့လို့ အင်အားချင်မမျှလို့ ခက်ခက်ခဲခဲပဲ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်ခင်ဗျ၊ ဟုတ်ကဲ့။”
နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MB PDF) ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အထဲ တဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်းနဲ့ စစ်ကောင်စီဘက်လည်း အထိအခိုက်ရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီကနေ့မနက်ဖြစ်သွားတဲ့ မိုးဗြဲမြို့က တိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် မနေ့က ကယားပြည်နယ်၊ ဖယ်ခုံမြို့ဘက်မှာ ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း အခုလို ပြောပါတယ်။
"အဲ့ဒီ့ဖယ်ခုံဘက်မှာပဲ ဖြစ်ခဲ့တာတော့ရှိတယ်။ မနေ့ကတော့ သူတို့ဆီကနေပြီးကျတော့ အဲ့ဒီ့ဖယ်ခုံဘက်မှာရှိတဲ့ လုံခြုံရေးတပ်ရင်း တပ်အခြေပြုတဲ့နေရာကို လာပြီးပစ်ခံရတော့ရှိတယ်။ မနေ့က ၁၀ နာရီခွဲလောက်ကတုန်းက လာပြီးပစ်ခတ်တာတွေရှိတယ်။ အဲ့တာကနေ တချို့လက်နက်တချို့ ရရှိလိုက်တာရှိတယ်။ အဲဒါပါပဲဗျ။"
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လအနည်းငယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအကြား အပြန်လှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာမှာ ကယားပြည်နယ်ဟာ ပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်ပေါ်နေတဲ့ ဒေသတခုဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
#မိုးဗြဲ#စစ်ကောင်စီတပ်#ဖယ်ခုံ#အိုးအိမ်စွန့်# MBPDF
=============