သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kazakhstan ဆန္ဒပြ အဓိကရုဏ်း ဒါဇင်နဲ့ချီသေဆုံး


Rusos a Kazajistán alerta escalada
Rusos a Kazajistán alerta escalada

Zawgyi

Kazakhstan ဆန္ဒပြ အဓိကရုဏ်း ဒါဇင်နဲ့ချီသေဆုံး

ကြာသပတေးနေ့ ကာဇစ်စတန်နိုင်ငံ အဲလယ်မက်တီ Almaty မြို့က ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွင်းတာကြောင့် ဆန္ဒပြသူ ဒါဇင်ကျော် သေဆုံးပြီး ၂၀၀၀ ကျော် ဖန်းဆီးထိမ်းသိမ်းခံရတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင် အချို့ သတ်ဖြတ်ခံခဲ့ရပြီး ရဲ တဦး ခေါင်းဖြတ်အသတ်ခံရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း နိုင်ငံတဝှန်းက ဆန္ဒပြပွဲတွေကို ရဲနဲ့လုံခြုံရေးတပ်ဖွဲ့တွေက နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်းခြင်းမရှိတာကြောင့် ကာဇစ်စတန် သမ္မတက ရုရှားအစိုးရကို လုံခြံရေးအကူအညီပေးဖို့တောင်းဆိုခဲ့တာကြောင့် ရုရှားနိုင်ငံက စေလွှတ်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ အကူအညီတွေ ကာဇစ်စတန်နိုင်ငံကို ရောက်ရှိနေပြီး ကြာသပတေးနေ့ ဆန္ဒပြပွဲတွေနှိမ်နှင်းရာမှာ ပါခဲ့တယ်လို့ သိရပါတယ်။

အကြီးဆုံးမြို့ ဖြစ်တဲ့ အဲလပ်မက်တီမြို့ ရင်ပြင်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ကျည်ကာကားတွေပေါ်ကနေ ပစ်ခတ်ဖြိုခွဲခဲ့တာပါ။ အဲံဒီနေရာမှာ ဆန္ဒပြနေသူတွေဟာ ဘာလက်နက်မပါဘဲ ဆန္ဒပြနေကြတာလို့ ဆန္ဒပြအဖွဲ့ထဲက ကိုယ်စားလှယ်တဦးက Radio Free Europe ကို ပြောပါတယ်။ ကာဇစ်စတန်အစိုးရက မော်တော်ဆီ တမျိုးရဲ့ ဈေးနှုန်းကို ပြီးခဲ့တဲ့ ရကိပိုင်းအတွင်း ပြောင်းလဲလိုက်တာကြောင့် လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြကြတာပါ။

ဆန္ဒပြပွဲအခြေအနေတွေ စိုးလာတာကြောင့် ဗုဒ္ဓဟူးနေ့မှာ ကာဇစ်စတန်သမ္မတက အရေးပေါ်အခြေအနေ ကြေငြာပြီး၊ ပြင်းပြင်းထန်ထန် တုံ့ပြန်နှိမ်နင်း သွားမယ်လို့ တီဗီကနေ ပြောသွားခဲ့ပြီး နောက်တနေ့ မှာတော့ အခုလို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေဖြစ်လာတာ ဖြစ်ပါတယ်။ အမေရိကန်နိင်ငံခြားရေးဝန်ကြီး Antony Blinken က ကာဇစ်စတန်နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံအရေးပေါ်ကြေငြာချက်အခြေအနေ၊ နိုင်ငံရေးအကြပ်အတည်း ဖြေရှင်းရာမှာ လူ့အခွင့်အရေးတွေ၊ မီဒီယာလွပ်လပ်ခွင့်တွေကို လေးစားလိုက်နာပြီး ဖြေရှင်းဖို့ ကြာသပတေးနေ့မှာ ဖုန်းပေါ်ကနေ ပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

Kazakhstan ဆန္ဒပြ အဓိကရုဏ်း ဒါဇင်နဲ့ချီသေဆုံး
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်


Unciode

Kazakhstan ဆန်ဒပွ အဓိကရုဏျး ဒါဇငျနဲ့ခြီသဆေုံး





XS
SM
MD
LG