သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဇက္စတန္ေလေၾကာင္း ေလယာဥ္ပ်က္က်၊ ၁၂ ဦးေသဆုံး ၂၀ ေက်ာ္ အျပင္းအထန္ ဒဏ္ရာရ


ပ်က္က်ေလယာဥ္အနီး ထိခုိက္ဒဏ္ရာရသူမ်ားအား ရွာေဖြေနသည့္ ကယ္ဆယ္ေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

လူေပါင္း ၉၀ ေက်ာ္ လုိက္ပါလာတဲ့ ကာဇက္စတန္ ေလေၾကာင္းလုိင္းက ေလယာဥ္တစင္းဟာ ဒီေန႔အေစာပုိင္းမွာပဲ ပ်ံတက္ၿပီး သိပ္မၾကာခင္ ပ်က္က်ခဲ့ရာက လူ ၁၂ ေယာက္ထက္မနည္း ေသဆုံးၿပီး ၂၀ ေက်ာ္ အျပင္းအထန္ ဒဏ္ရာရခဲ့ေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

Almaty အျပည္ျပည္ဆုိင္ရာ ေလယာဥ္ကြင္းက ပ်ံတက္လာတဲ့ Bek Air ေလေၾကာင္းပုိင္ ေလယာဥ္ဟာ ကြန္ကရစ္ၿခံစည္း႐ုိးနဲ႔ ႏွစ္ထပ္ အေဆာက္အဦတခုကုိ ၀င္တုိက္ခဲ့ေၾကာင္း ကာဇက္စတန္ အရပ္ဖက္ေလေၾကာင္း ေကာ္မတီက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ေသဆုံးသူ ၁၅ ေယာက္ရွိေၾကာင္း အေစာပုိင္းမွာ ေဒသခံ အာဏာပုိင္ေတြက ေျပာဆုိခဲ့ၾကေပမယ့္ ေနာက္ပုိင္းမွာ ျပည္ထဲေရး၀န္ႀကီးဌာနက အေရအတြက္ကုိ ေလွ်ာ့ခ် ထုတ္ျပန္ခဲ့ပါတယ္။

Fokker-100 အမ်ဳိးအစား ေလယာဥ္ဟာ တခ်ိန္က Astana အျဖစ္ လူသိမ်ားခဲ့တဲ့ ၿမိဳ႕ေတာ္ Nur-Sultan ကုိ ဦးတည္ပ်ံသန္းစဥ္ ေဒသစံေတာ္ခ်ိန္ ၇ နာရီ ၂၂ မိနစ္မွာ မေတာ္တဆမႈနဲ႔ ႀကံဳခဲ့ရတာပါ။

ေလယာဥ္ပ်က္က်မႈကုိ စုံစမ္းစစ္ေဆးေနခ်ိန္မွာပဲ Bek Air ေလေၾကာင္းပုိင္ Fokker-100 အမ်ဳိးအစား ေလယာဥ္ေတြကုိ ပ်ံသန္းမႈေတြ ယာယီ ရပ္နားလုိက္ေၾကာင္းလည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

ေလယာဥ္ပ်က္က်တဲ့ ျဖစ္ႏုိင္ေျခ အေၾကာင္းရင္းနဲ႔ ပတ္သက္လုိ႔ေတာ့ လတ္တေလာ အာဏာပုိင္ေတြ ထုတ္ေဖာ္မေျပာေသးပါဘူး။

တာဘုိဂ်က္အင္ဂ်င္ ၂ လုံးတပ္ အလယ္အလတ္အရြယ္ Fokker-100 အမ်ဳိးအစား ေလယာဥ္ေတြကုိ ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီကေတာ့ ၁၉၉၆ ခုႏွစ္မွာပဲ အ႐ႈံးေပၚၿပီး ေနာက္တႏွစ္ကစလုိ႔ လုပ္ငန္းေတြကို ရပ္ဆုိင္းခဲ့ရပါတယ္။

---------------------------------

(Unicode)

ကာဇက်စတန်လေကြောင်း လေယာဉ်ပျက်ကျ၊ ၁၂ ဦးသေဆုံး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

လူပေါင်း ၉၀ ကျော် လိုက်ပါလာတဲ့ ကာဇက်စတန် လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ ဒီနေ့အစောပိုင်းမှာပဲ ပျံတက်ပြီး သိပ်မကြာခင် ပျက်ကျခဲ့ရာက လူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Almaty အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းက ပျံတက်လာတဲ့ Bek Air လေကြောင်းပိုင် လေယာဉ်ဟာ ကွန်ကရစ်ခြံစည်းရိုးနဲ့ နှစ်ထပ် အဆောက်အဦတခုကို ဝင်တိုက်ခဲ့ကြောင်း ကာဇက်စတန် အရပ်ဖက်လေကြောင်း ကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

သေဆုံးသူ ၁၅ ယောက်ရှိကြောင်း အစောပိုင်းမှာ ဒေသခံ အာဏာပိုင်တွေက ပြောဆိုခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနက အရေအတွက်ကို လျှော့ချ ထုတ်ပြန်ခဲ့ပါတယ်။

Fokker-100 အမျိုးအစား လေယာဉ်ဟာ တချိန်က Astana အဖြစ် လူသိများခဲ့တဲ့ မြို့တော် Nur-Sultan ကို ဦးတည်ပျံသန်းစဉ် ဒေသစံတော်ချိန် ၇ နာရီ ၂၂ မိနစ်မှာ မတော်တဆမှုနဲ့ ကြုံခဲ့ရတာပါ။

လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေချိန်မှာပဲ Bek Air လေကြောင်းပိုင် Fokker-100 အမျိုးအစား လေယာဉ်တွေကို ပျံသန်းမှုတွေ ယာယီ ရပ်နားလိုက်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ လတ်တလော အာဏာပိုင်တွေ ထုတ်ဖော်မပြောသေးပါဘူး။

တာဘိုဂျက်အင်ဂျင် ၂ လုံးတပ် အလယ်အလတ်အရွယ် Fokker-100 အမျိုးအစား လေယာဉ်တွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ ၁၉၉၆ ခုနှစ်မှာပဲ အရှုံးပေါ်ပြီး နောက်တနှစ်ကစလို့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG