သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေကို ကြိုသတိမပေးဘဲ ပစ်သတ်ဖို့ ကာဇက်သမ္မတ အမိန့်ပေးခဲ့ 


ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev
ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev

[[Zawgyi/Unicode]]

ကာဇက်စတန်နိုင်ငံသမ္မတက ဆန္ဒပြသူတွေကို ကြိုသတိမပေးဘဲ ပစ်သတ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို သူကိုယ်တိုင်အမိန့်ပေးခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev က ဆန္ဒပြသူတွေကို ရာဇဝတ်သားတွေနဲ့ လူသတ်သမားတွေလို့ သမုတ်လိုက်ပြီး ဒီလူတွေနဲ့ညှိနှိုင်းနေရင် 'ညံ့ဖျင်းရာကျမှာပေါ့' လို့ ပြောပြီးတော့ ဒီနေ့ ရုပ်မြင်သံကြားကနေ အဲဒီလို ပြင်းပြင်းထန်ထန် ပြောလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတွင်းလုံခြုံရေးအတွက် ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေကို ယာယီအနေနဲ့ အကူအညီတောင်းပြီး တပ်ဖြန့်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီမနက်မှာပဲ အကြီးဆုံးမြို့ Almaty မှာ သေနတ်သံတွေ ကြားခဲ့ရပါသေးတယ်။ အာရှအလယ်ပိုင်း၊ ကာဇက်စတန် နိုင်ငံထဲမှာ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့အပြီး တပတ်အတွင်းမှာပဲ ဖွဲ့စည်းပုံဥပဒေ စိုးမိုးရေးကို အကျယ်အပြန့် ပြန်ဖော်ဆောင်နိုင်ခဲ့ပြီလို့လည်း ကာဇက်စတန်သမ္မတက ဒီနေ့မနက် ကြေညာချက်ထုတ်ခဲ့ပါသေးတယ်။

အဲဒီကြေညာချက်ထဲမှာပဲ အာဏာပိုင်တွေအနေနဲ့ အခြေအနေကို ထိန်းထားနိုင်ပြီ၊ ဒါပေမဲ့ အကြမ်းဖက်သမားတွေကတော့ လက်နက်နဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေသေးတယ်၊ သူတို့ကိုအပြတ်ရှင်းနိုင်ဖို့ အကြမ်းဖက်မူတိုက်ဖျက်ရေး ဆက်လုပ်သွားရမယ်လို့ ဖော်ပြခဲ့ပါတယ်။

ကာဇက် ပြည်ထဲရေးဝန်ကြီးဌာနကလည်း လက်နက်ကိုင်သောင်းကျန်းသူ ၂၆ ဦးကို ခြေမှုန်းပစ်လိုက်ပြီး လူပေါင်း ၃,၀၀၀ ကျော်ကိုလည်း ထိန်းသိမ်းထားတယ်၊ ရဲနဲ့ ပြည်စောင့်တပ်တွေဘက်ကလည်း ၁၈ ဦးအထိ ကျဆုံးခဲ့ရတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]

ဆန်ဒပွသူတှကေို ကွိုသတိမပေးဘဲ ပဈသတျဖို့ ကာဇကျသမ်မတ အမိန့ျပေးခဲ့







==================

XS
SM
MD
LG