သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကာဇက္စတန္ ဆႏၵျပပြဲ ၁၆၄ ဦးထက္မနည္း အသတ္ခံရ


ကာဇက္စတန္က န္႔ကြက္ဆႏၵျပမႈၿဖိဳခြဲအၿပီး ဆႏၵျပသူတဦးကို ဖမ္းဆီးေနစဥ္။ (ဇန္နဝါရီ ၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့အပတ္ ကန႔္ကြက္ဆႏၵျပပြဲေတြမွာ အသတ္ခံလိုက္ရတဲ့သူ ၁၆၄ ေယာက္ထဲမွာ အသက္ ၄ ႏွစ္အ႐ြယ္ မိန္းခေလးငယ္တေယာက္လည္း ပါဝင္တယ္လို႔ ကာဇက္စတန္ တာဝန္ရွိသူေတြက ေျပာပါတယ္။လူ ၅,၈၀၀ ကို ဖမ္းဆီးထားတယ္လို႔လည္း အာဏာပိုင္ေတြက ေျပာပါတယ္။

ဆႏၵျပပြဲေတြကို တားဆီးဖို႔အတြက္ ႀကိဳတင္သတိေပးဖို႔မလိုဘဲ ဆႏၵျပသူေတြကို ပစ္ခတ္ႏိုင္တဲ့ပစ္မိန႔္ကို သမၼတ Kassym-Jomart Tokayev က ေပးခဲ့ပါတယ္။

“ကာဇက္စတန္မွာ ၿငိမ္ဝပ္ပိျပားေအာင္ ထိန္းသိမ္းႏိုင္တဲ့ ႏိုင္ငံေတာ္အဖြဲ႔အစည္းေတြ ကို ကာကြယ္ႏိုင္တဲ့ စြမ္းရည္ရွိပါတယ္။ ဒါေပမဲ့ ၿငိမ္းခ်မ္းစြာဆႏၵျပေနၾကတဲ့သူေတြရဲ႕ အခြင့္အေရးေတြကို ေလးစားတဲ့နည္းလမ္းနဲ႔ ကာကြယ္ရမွာပါ။ ဆႏၵျပသူေတြ ရတက္ မေအးျဖစ္ေနတဲ့ စီးပြါးေရး ႏိုင္ငံေရးအေၾကာင္းေတြကိုလည္း ကိုင္တြယ္ရမွာပါ။” လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေအဘီစီ တီဗြီနဲ႔ တနဂၤေႏြေန႔ က ေတြ႔ဆုံရာမွာ ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ ဆႏၵျပပြဲေတြကို ႏွိမ္နင္းဖို႔အတြက္ ႐ုရွားသမၼတဗလာဒီမာပူတင္ကို ကာဇက္စတန္ သမၼတက အကူအညီေတာင္းခံလိုက္ပါတယ္။ ႐ုရွားနဲ႔ယခင္ ဆိုဗီယက္ ျပည္ေထာင္စုထဲက ႏိုင္ငံအခ်ိဳ႕ စစ္ေရးပူးေပါင္းမႈအတြက္ ဖြဲ႔စည္းထားတဲ့ လုံၿခဳံေရးဆိုင္ရာ ေပါင္းစု အဖြဲ႔အစည္း CSTO က တပ္ေတြကို ကာဇက္စတန္ထဲ ပို႔လိုက္ပါတယ္။

ကာဇက္စတန္သမၼတ Tokayev ဟာ သူ႔အာဏာတည္ၿမဲေရးနဲ႔ သူ႔ရဲ႕လူတစု အက်ိဳးစီးပြါးအတြက္ ကာဇက္စတန္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ေရာင္းစားခဲ့တယ္လို႔ ဝါရွင္တန္မွာရွိတဲ့ အမ်ိဳးသားကာကြယ္ေရး တကၠသိုလ္က ပါေမာကၡ Erica Marat က နယူးေယာက္တိုင္းမ္း သတင္းစာႀကီးကို ေျပာၾကာပါတယ္။

ကာဇက္စတန္ ဆႏၵျပပြဲ ၁၆၄ ဦးထက္မနည္း အသတ္ခံရ
please wait

No media source currently available

0:00 0:00:48 0:00
တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

ကာဇက်စတန် ဆန္ဒပြပွဲ ၁၆၄ ဦးထက်မနည်း အသတ်ခံရ

ပြီးခဲ့တဲ့အပတ် ကန့်ကွက်ဆန္ဒပြပွဲတွေမှာ အသတ်ခံလိုက်ရတဲ့သူ ၁၆၄ ယောက်ထဲမှာ အသက် ၄ နှစ်အရွယ် မိန်းခလေးငယ်တယောက်လည်း ပါဝင်တယ်လို့ ကာဇက်စတန် တာဝန်ရှိသူတွေက ပြောပါတယ်။လူ ၅,၈၀၀ ကို ဖမ်းဆီးထားတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေကို တားဆီးဖို့အတွက် ကြိုတင်သတိပေးဖို့မလိုဘဲ ဆန္ဒပြသူတွေကို ပစ်ခတ်နိုင်တဲ့ပစ်မိန့်ကို သမ္မတ Kassym-Jomart Tokayev က ပေးခဲ့ပါတယ်။

“ကာဇက်စတန်မှာ ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းနိုင်တဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေ ကို ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့သူတွေရဲ့ အခွင့်အရေးတွေကို လေးစားတဲ့နည်းလမ်းနဲ့ ကာကွယ်ရမှာပါ။ ဆန္ဒပြသူတွေ ရတက် မအေးဖြစ်နေတဲ့ စီးပွါးရေး နိုင်ငံရေးအကြောင်းတွေကိုလည်း ကိုင်တွယ်ရမှာပါ။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အေဘီစီ တီဗွီနဲ့ တနင်္ဂနွေနေ့ က တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် ရုရှားသမ္မတဗလာဒီမာပူတင်ကို ကာဇက်စတန် သမ္မတက အကူအညီတောင်းခံလိုက်ပါတယ်။ ရုရှားနဲ့ယခင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံအချို့ စစ်ရေးပူးပေါင်းမှုအတွက် ဖွဲ့စည်းထားတဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစု အဖွဲ့အစည်း CSTO က တပ်တွေကို ကာဇက်စတန်ထဲ ပို့လိုက်ပါတယ်။

ကာဇက်စတန်သမ္မတ Tokayev ဟာ သူ့အာဏာတည်မြဲရေးနဲ့ သူ့ရဲ့လူတစု အကျိုးစီးပွါးအတွက် ကာဇက်စတန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ရောင်းစားခဲ့တယ်လို့ ဝါရှင်တန်မှာရှိတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ်က ပါမောက္ခ Erica Marat က နယူးယောက်တိုင်းမ်း သတင်းစာကြီးကို ပြောကြာပါတယ်။

#KazakhstanProtests #Kazakstan #VOABurmese

#ကာဇက်စတန် #ဆန္ဒပြမှု #ပစ်ခတ်မိန့် #ရုရှား#ဗွီအိုအေ #KassymJomartTokayev

========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG