သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ဝ၁၇ စာပေ နိုဘဲလ်ဆု စာရေးဆရာ Kazuo Ishiguro ရရှိ


 စာရေးဆရာ Kazuo Ishiguro
စာရေးဆရာ Kazuo Ishiguro

၂၀၁၇ ခုနှစ် အတွက် စာပေ နိုဘဲလ်ဆုရှင် အဖြစ် ဂျပန်နိုင်ငံဖွား ဗြိတိန် စာရေးဆရာ Kazuo Ishiguro ကို ရွေးချယ်ကြောင်း နိုဘဲလ်ဆုရွေးချယ်ရေး အသင်းကြီးက ဒီကနေ့ ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ အသက် ၆၂ နှစ် အရွယ် စာပေ နိုဘဲလ်ဆုရှင် Kazuo Ishiguro က အသက် ၅ နှစ်အရွယ်ကတည်းက ဗြိတိန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

လူတွေရဲ့ အတွင်းစိတ်မှာ ကိန်းအောင်းနေတဲ့ ခံစားချက်တွေကို စာပေအဖြစ် ဖော်ထုတ်ရေးသားနိုင်တဲ့ အတွက် အခုလို ချီးမြှင့်ရခြင်း ဖြစ်တယ်လို့ နိုလ်ဘဲဆု ရွေးချယ်ရေး အသင်းကြီးက ကြေညာပါတယ်။

စာပေဆိုင်ရာ နိုဘဲလ်ဆုအတွက်တော့ ဒေါ်လာ ၁ သန်းနဲ့ ၁ သိန်း ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ စာပေဆိုင်ရာ နိုဘဲလ်ဆုကို ၁၉၀၁ ခုနှစ်က စတင်ပေးအပ်ခဲ့တာမှာ စာပေပညာရှင်ပေါင်း ၁၁၄ ဦး ကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၄ ဦး ပါဝင်ပါတယ်။၂၀၁၇ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကိုတော့ မနက်ဖြန် သောကြာနေ့မှာ ကြေညာဖို့ ရှိပြီး စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကိုတော့ လာမယ့် တနလာၤနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

၂၀၀၇ စာပေနိုဗယ်ဆု စာရေးဆရာ Kazuo Ishiguro ရရှိ
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG