သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KBC အႀကီးအကဲ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီက ခရီးသြားခြင့္ပိတ္ပင္ၿပီး ထိန္းသိမ္းထား


Dr. REV Hkalam Samson (KBC KACHIN)

[[Zawgyi/Unicode]]

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ရဲ႕အႀကီးအကဲ သိကၡာေတာ္ရဆရာ ေဒါက္တာခလမ္ ဆမ္ဆြမ္ကို ခရီးသြားလာခြင့္ပိတ္ပင္လိုက္ၿပီး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကိုေခၚယူ စစ္ေဆးေမးျမန္းေနတယ္လို႔ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC တာဝန္ရွိသူတခ်ိဳ႕ဆီက သိရွိရပါတယ္။ ဒီသတင္း ရန္ကုန္ကေပးပို႔လာတာကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ဒီကေန႔ ဒီဇင္ဘာ ၅ ရက္၊ မနက္ ၉ နာရီခန႔္က ထိုင္းႏိုင္ငံကိုေဆးသြားကုဖို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္‌ေရာက္ေနတဲ့ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီတပ္ဖြဲ႕ ဝင္ေတြက ယာယီထိန္းသိမ္းၿပီး ျမစ္ႀကီးနားကို ျပန္ပို႔ပါတယ္။ အဲဒီေနာက္မွာ စစ္ေဆးေမးျမန္းစရာရွိလို႔ဆိုၿပီး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကိုေခၚယူသြားတာျဖစ္တယ္လို႔ နီးစပ္သူတဦးက အတည္ျပဳပါတယ္။

“ႏိုင္ငံျခားေပးမထြက္တာလည္း မွန္ပါတယ္။ ေနာက္ၿပီးေတာ့ သူျမစ္ႀကီးနားေရာက္လာတာလည္း ေသခ်ာတယ္။ အခု သူတို႔ တိုင္းကိုေခၚသြားတာေပါ့ေနာ္။ ေျမာက္ပိုင္းတိုင္းစစ္ တပ္ဝန္းထဲေပါ့။ ၁ နာရီခြဲဝန္းက်င္ေလာက္ ေရာက္လာတယ္ထင္တယ္။ သူတို႔ကေလယာဥ္ကို အဲသံလြင္နဲ႔ခ်ိန္းေပးလိုက္တယ္။ ေပးလိုက္ေတာ့ သူတို႔ပဲ တခါတည္းေခၚလာတဲ့သေဘာရွိတယ္။ ေခၚသြားတာကေတာ့ ေမးျမန္းစရာရွိတယ္ဆိုၿပီး ညႇိႏႈိင္းတာလား ဘာလား အဲလိုမ်ိဳးေပါ့ ရွိတယ္ဆိုၿပီး ေခၚသြားတယ္။ ခုထိေတာ့ေရာက္မလာေသးဘူးေပါ့။ ၾကားသိသေလာက္က သူေဆးစစ္သြားဖို႔လို႔ သိထားတယ္။ တျခားေတာ့မသိဘူး။ က်ေနာ္ အဲဒါပဲ သိတယ္ဗ်။”

ေန႔လယ္ကတည္းက ျမစ္ႀကီးနားကေန တပ္ဝန္းထဲေခၚေဆာင္တာျဖစ္ၿပီး ခုညေန ၅ နာရီေက်ာ္တဲ့အထိ ျပန္လႊတ္တာမရွိေသးဘူးလို႔ သိရပါတယ္။ ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔ အတူ ေနာက္ထပ္အမ်ိဳးသား ၂ ဦးတို႔ ထိုင္းႏိုင္ငံကိုသြားေရာက္ဖို႔ မႏၲေလးေလဆိပ္မွာ ေစာင့္ဆိုင္းေနခ်ိန္ အခုလိုဖမ္းခံရတာျဖစ္ၿပီး ခရီးအတူသြားမယ့္ အမ်ိဳးသား ၂ ေယာက္အေျခအေနကို မသိရေသးပါဘူး။ ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔အတူ ပါဝင္သူ ၂ ဦးကေတာ့ KBC လူငယ္တာဝန္ခံ‌ေဟာင္းျဖစ္သူ ဂြမ္ကေရာင္ခန္ေနာ္နဲ႔ ဆရာေတာ္ ခမ္းဝါတို႔ ျဖစ္တယ္လို႔ သိရပါတယ္။ ကခ်င္သတင္းဌာနတခ်ိဳ႕ကေတာ့ သူတို႔ ခရီးဆက္ႏိုင္ခဲ့တယ္လို႔ ဆိုထားပါတယ္။ ဒါကို ဗြီအိုေအဘက္က သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

ေဒါက္တာခလမ္ဆမ္ဆြမ္တေယာက္တည္းသာ အခုလို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကို ေခၚေဆာင္ခံရတာလား၊ ေဒါက္တာခလမ္ဆမ္ဆြမ္အပါ ၃ ဦးစလုံးကို ေခၚေဆာင္သြားတာလားဆိုတာကို ဗြီအိုေအဘက္က ဆက္လက္အတည္ျပဳေနဆဲပါ။

ဒါနဲ႔ပတ္သက္လို႔ေကာ KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ကို စစ္ေကာင္စီက ဖမ္းဆီးေခၚေဆာင္သြားရတဲ့ အေၾကာင္းရင္းနဲ႔ အေျခအေနအတိအက်ကိုသိရွိႏိုင္ဖို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဘက္ကို ဗြီအိုေအက ဆက္သြယ္ေပမယ့္ ျပန္လည္ေျဖဆိုတာ မလုပ္ခဲ့ပါဘူး။

သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ဆြန္ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔ ဥကၠ႒တာဝန္ေတြယူခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ေအာက္တိုဘာလက ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ " KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ " အျဖစ္ ခန႔္အပ္ခံထားရတာျဖစ္ပါတယ္။

သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ဆြန္ဟာ လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရးလြတ္လပ္ခြင့္ဖိႏွိပ္မႈနဲ႔ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို တင္ျပခဲ့သူျဖစ္ပါတယ္။ အဲဒါအတြက္လည္း ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က အရာရွိတဦးက တရားစြဲဆိုတာကို ခံခဲ့ရၿပီး ေနာက္ပိုင္းမွာအမႈ႐ုပ္သိမ္းေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

KBC အကြီးအကဲ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ပင်ပြီး ထိန်းသိမ်းထား

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာ ဒေါက်တာခလမ် ဆမ်ဆွမ်ကို ခရီးသွားလာခွင့်ပိတ်ပင်လိုက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ယူ စစ်ဆေးမေးမြန်းနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတချို့ဆီက သိရှိရပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၅ ရက်၊ မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကိုဆေးသွားကုဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်‌ရောက်နေတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ယာယီထိန်းသိမ်းပြီး မြစ်ကြီးနားကို ပြန်ပို့ပါတယ်။ အဲဒီနောက်မှာ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ယူသွားတာဖြစ်တယ်လို့ နီးစပ်သူတဦးက အတည်ပြုပါတယ်။

“နိုင်ငံခြားပေးမထွက်တာလည်း မှန်ပါတယ်။ နောက်ပြီးတော့ သူမြစ်ကြီးနားရောက်လာတာလည်း သေချာတယ်။ အခု သူတို့ တိုင်းကိုခေါ်သွားတာပေါ့နော်။ မြောက်ပိုင်းတိုင်းစစ် တပ်ဝန်းထဲပေါ့။ ၁ နာရီခွဲဝန်းကျင်လောက် ရောက်လာတယ်ထင်တယ်။ သူတို့ကလေယာဉ်ကို အဲသံလွင်နဲ့ချိန်းပေးလိုက်တယ်။ ပေးလိုက်တော့ သူတို့ပဲ တခါတည်းခေါ်လာတဲ့သဘောရှိတယ်။ ခေါ်သွားတာကတော့ မေးမြန်းစရာရှိတယ်ဆိုပြီး ညှိနှိုင်းတာလား ဘာလား အဲလိုမျိုးပေါ့ ရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ခုထိတော့ရောက်မလာသေးဘူးပေါ့။ ကြားသိသလောက်က သူဆေးစစ်သွားဖို့လို့ သိထားတယ်။ တခြားတော့မသိဘူး။ ကျနော် အဲဒါပဲ သိတယ်ဗျ။”

နေ့လယ်ကတည်းက မြစ်ကြီးနားကနေ တပ်ဝန်းထဲခေါ်ဆောင်တာဖြစ်ပြီး ခုညနေ ၅ နာရီကျော်တဲ့အထိ ပြန်လွှတ်တာမရှိသေးဘူးလို့ သိရပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့ အတူ နောက်ထပ်အမျိုးသား ၂ ဦးတို့ ထိုင်းနိုင်ငံကိုသွားရောက်ဖို့ မန္တလေးလေဆိပ်မှာ စောင့်ဆိုင်းနေချိန် အခုလိုဖမ်းခံရတာဖြစ်ပြီး ခရီးအတူသွားမယ့် အမျိုးသား ၂ ယောက်အခြေအနေကို မသိရသေးပါဘူး။ ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့အတူ ပါဝင်သူ ၂ ဦးကတော့ KBC လူငယ်တာဝန်ခံ‌ဟောင်းဖြစ်သူ ဂွမ်ကရောင်ခန်နော်နဲ့ ဆရာတော် ခမ်းဝါတို့ ဖြစ်တယ်လို့ သိရပါတယ်။ ကချင်သတင်းဌာနတချို့ကတော့ သူတို့ ခရီးဆက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါကို ဗွီအိုအေဘက်က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒေါက်တာခလမ်ဆမ်ဆွမ်တယောက်တည်းသာ အခုလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ခေါ်ဆောင်ခံရတာလား၊ ဒေါက်တာခလမ်ဆမ်ဆွမ်အပါ ၃ ဦးစလုံးကို ခေါ်ဆောင်သွားတာလားဆိုတာကို ဗွီအိုအေဘက်က ဆက်လက်အတည်ပြုနေဆဲပါ။

ဒါနဲ့ပတ်သက်လို့ကော KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားရတဲ့ အကြောင်းရင်းနဲ့ အခြေအနေအတိအကျကိုသိရှိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့် ပြန်လည်ဖြေဆိုတာ မလုပ်ခဲ့ပါဘူး။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဋ္ဌတာဝန်တွေယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံထားရတာဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့သူဖြစ်ပါတယ်။ အဲဒါအတွက်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတဦးက တရားစွဲဆိုတာကို ခံခဲ့ရပြီး နောက်ပိုင်းမှာအမှုရုပ်သိမ်းပေးခဲ့ပါတယ်။

XS
SM
MD
LG