သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KBC အႀကီးအကဲ ဖမ္းဆီးခံရမႈ အေၾကာင္းရင္း မသိရ 


hka lam sam son (Credit -KBC Kachin )

[[Zawgyi/Unicode]]

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ရဲ႕အႀကီးအကဲ သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီက ထိန္းသိမ္းထားတာ တရက္ၾကာသြားေပမဲ့ ခုအခ်ိန္အထိ အဆက္အသြယ္မရေသးသလို ဘာေၾကာင့္ ဖမ္းဆီးခံရသလဲဆိုတာ ဘာမွမသိရေသးဘူးလို႔ KBC တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က စုံစမ္းေမးျမန္း သတင္းေပးပို႔ထားတာ ကိုေအာင္ေအာင္ က တင္ျပေပးထားပါတယ္။

မေန႔က ဒီဇင္ဘာ ၅ ရက္ မနက္ ၉ နာရီခန႔္က ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္‌မွာေရာက္ေနတဲ့ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြက ယာယီထိန္းသိမ္းၿပီး ျမစ္ႀကီးနားကို ျပန္ပို႔ခဲ့တာပါ။ အဲဒီေနာက္ စစ္ေဆး ေမးျမန္းစရာရွိလို႔ဆိုၿပီး ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို ေခၚယူသြားပါတယ္။ ေခၚယူစစ္ေဆးမႈနဲ႔ပတ္သက္လို႔ သက္ဆိုင္ရာကို စုံစမ္းေမးျမန္းေပမဲ့ ဘယ္သူမွ ျပန္ေျဖတာမရွိသလို စစ္ေဆးေမးျမန္းမႈေတြ လုပ္ေနတာ တရက္ျပည့္သြားေပမဲ့ ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔ ဘာ အဆက္အသြယ္မွ မရေသးဘူးလို႔ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္ KBC တာဝန္ရွိသူတဦးကေျပာျပပါတယ္။

“ေလာေလာဆယ္ ဘာမွထူးျခားတာမရွိေသးဘူး။ က်ေနာ္တို႔ လွမ္းေမးတာေတာ့ ရွိတယ္။ ဒါေပမဲ့ ဘာမွ ေတြ႔ဆုံေမးျမန္းျပန္ေျဖတာ မရွိေသးဘူး။”

မေန႔က ေဒါက္တာခလမ္ဆမ္ဆြမ္နဲ႔အတူ ေနာက္ထပ္အမ်ိဳးသား ၂ ဦးတို႔ ထိုင္းႏိုင္ငံကိုသြားဖို႔ မႏၲေလးေလဆိပ္မွာ ေစာင့္ဆိုင္းေနခ်ိန္ အခုလိုဖမ္းခံရတာ ျဖစ္ပါတယ္။ ခရီးအတူသြားမယ့္ အမ်ိဳးသား ၂ ေယာက္အေျခအေနကိုလည္း ခုခ်ိန္ထိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔အတူရွိေနခဲ့သူ ၂ ဦးကေတာ့ KBC လူငယ္တာဝန္ခံ‌ေဟာင္း ဂြမ္ကေရာင္ ခန္ေနာ္နဲ႔ ဆရာေတာ္ ခမ္းဝါတို႔ ျဖစ္တယ္လို႔ သိရပါတယ္။ ကခ်င္သတင္းဌာနတခ်ိဳ႕ကေတာ့ သူတို႔ ခရီးဆက္ႏိုင္ခဲ့တယ္လို႔ ဆိုထားပါတယ္။

KBC ရဲ႕ အထူးအႀကံေပး ပုဂၢိဳလ္ကို စစ္ေကာင္စီက ဖမ္းဆီးေခၚေဆာင္သြားရတဲ့ အေၾကာင္းအရင္းနဲ႔ အေျခအေန အတိအက်ကို သိရွိႏိုင္ဖို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ေမးျမန္းေတာ့ ဘာေၾကာင့္ ေခၚယူေမးျမန္းသလဲဆိုတာကို ရွင္းရွင္းလင္းလင္း မေျဖခဲ့ပါဘူး။

“ကခ်င္ျပည္နယ္မွာပဲရွိတယ္လို႔ က်ေနာ္တို႔ေျပာႏိုင္ပါတယ္။”

သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ဆြမ္ ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမးခ်ဳပ္နဲ႔ ဥကၠ႒တာဝန္ေတြကို ယူခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ " KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္" အျဖစ္ ခန႔္အပ္ခံထားရပါတယ္။

သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ဆြမ္ဟာ လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရးလြတ္လပ္ခြင့္ဖိႏွိပ္မႈနဲ႔ ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို တင္ျပခဲ့သူျဖစ္ပါတယ္။ အဲဒါအတြက္လည္း ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က အရာရွိတဦးက တရားစြဲဆိုတာကို ခံခဲ့ရၿပီး ေနာက္ပိုင္းမွာ အမႈ ႐ုပ္သိမ္းေပးခဲ့ပါတယ္။

KBC အႀကီးအကဲ ဖမ္းဆီးခံရမႈ အေၾကာင္းရင္း မသိရ.mp3
please wait

No media source currently available

0:00 0:02:24 0:00
တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

KBC အကြီးအကဲ ဖမ်းဆီးခံရမှု အကြောင်းရင်း မသိရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ထိန်းသိမ်းထားတာ တရက်ကြာသွားပေမဲ့ ခုအချိန်အထိ အဆက်အသွယ်မရသေးသလို ဘာကြောင့် ဖမ်းဆီးခံရသလဲဆိုတာ ဘာမှမသိရသေးဘူးလို့ KBC တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားတာ ကိုအောင်အောင် က တင်ပြပေးထားပါတယ်။

မနေ့က ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်‌မှာရောက်နေတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယာယီထိန်းသိမ်းပြီး မြစ်ကြီးနားကို ပြန်ပို့ခဲ့တာပါ။ အဲဒီနောက် စစ်ဆေး မေးမြန်းစရာရှိလို့ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခေါ်ယူသွားပါတယ်။ ခေါ်ယူစစ်ဆေးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာကို စုံစမ်းမေးမြန်းပေမဲ့ ဘယ်သူမှ ပြန်ဖြေတာမရှိသလို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတာ တရက်ပြည့်သွားပေမဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့ ဘာ အဆက်အသွယ်မှ မရသေးဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC တာဝန်ရှိသူတဦးကပြောပြပါတယ်။

“လောလောဆယ် ဘာမှထူးခြားတာမရှိသေးဘူး။ ကျနော်တို့ လှမ်းမေးတာတော့ ရှိတယ်။ ဒါပေမဲ့ ဘာမှ တွေ့ဆုံမေးမြန်းပြန်ဖြေတာ မရှိသေးဘူး။”

မနေ့က ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့အတူ နောက်ထပ်အမျိုးသား ၂ ဦးတို့ ထိုင်းနိုင်ငံကိုသွားဖို့ မန္တလေးလေဆိပ်မှာ စောင့်ဆိုင်းနေချိန် အခုလိုဖမ်းခံရတာ ဖြစ်ပါတယ်။ ခရီးအတူသွားမယ့် အမျိုးသား ၂ ယောက်အခြေအနေကိုလည်း ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့အတူရှိနေခဲ့သူ ၂ ဦးကတော့ KBC လူငယ်တာဝန်ခံ‌ဟောင်း ဂွမ်ကရောင် ခန်နော်နဲ့ ဆရာတော် ခမ်းဝါတို့ ဖြစ်တယ်လို့ သိရပါတယ်။ ကချင်သတင်းဌာနတချို့ကတော့ သူတို့ ခရီးဆက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

KBC ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားရတဲ့ အကြောင်းအရင်းနဲ့ အခြေအနေ အတိအကျကို သိရှိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းတော့ ဘာကြောင့် ခေါ်ယူမေးမြန်းသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မဖြေခဲ့ပါဘူး။

“ကချင်ပြည်နယ်မှာပဲရှိတယ်လို့ ကျနော်တို့ပြောနိုင်ပါတယ်။”

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ် ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမးချုပ်နဲ့ ဥက္ကဋ္ဌတာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်" အဖြစ် ခန့်အပ်ခံထားရပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့သူဖြစ်ပါတယ်။ အဲဒါအတွက်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတဦးက တရားစွဲဆိုတာကို ခံခဲ့ရပြီး နောက်ပိုင်းမှာ အမှု ရုပ်သိမ်းပေးခဲ့ပါတယ်။

XS
SM
MD
LG