ကေနဒါဆုိင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Kelly Craft ဟာ ၾကာသပေတးေန႔ကပဲ ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ႀကီးအသစ္အျဖစ္ စတင္ တာဝန္ထမ္းေနပါၿပီ။ သူက - ကုလသမဂၢမွာ အေမရိကန္ရဲ႕ေခါင္းေဆာင္မႈ အားေကာင္း ေအာင္နဲ႔ လူ႔အခြင့္အေရးကိုလည္း အေလးေပးေဆာင္ရြက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူ ေက်ာက္မီးေသြးတြင္း လုပ္ငန္းပိုင္ရွင္ သန္းႂကြယ္သူေဌးနဲ႔အတူ လႉဒါန္းခဲ့ သူလည္း ျဖစ္လို႔ ဒီရာထူးေနရာကို ေပးအပ္ျခင္းခံရတာလို႔ ေဝဖန္ေနၾကတာေတြ လည္း ရွိပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာလက အနားယူသြားတဲ့ အေမရိကန္သံအမတ္ေဟာင္း Nikki Haley ရဲ႕ေနရာမွာ အစားထုိး တာဝန္ယူမယ့္ သံအမတ္သစ္အေနနဲ႔ ႏုိင္ငံတကာရဲ႕ အကဲစမ္းမႈေတြကို ရင္ဆုိင္ရဖြယ္ ရွိနတဲ့အေၾကာင္း အစံုအလင္ကို ဒီသီတင္းပတ္ အမ်ဳိးသမီး ကဏၰမွာ ေဒၚလွလွသန္းက စုစည္းတင္ျပထားပါတယ္။
Unicode
ကနေဒါဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Kelly Craft ဟာ ကြာသပတေးနေ့ကပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ်အဖြစ် စတင် တာဝန်ထမ်းနေပါပြီ။ သူက - ကုလသမဂ္ဂမှာ အမေရိကန်ရဲ့ခေါင်းဆောင်မှု အားကောင်း အောင်နဲ့ လူ့အခွင့်အရေးကိုလည်း အလေးပေးဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ကျောက်မီးသွေးတွင်း လုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေးနဲ့အတူ လှူဒါန်းခဲ့သူလည်း ဖြစ်လို့ ဒီရာထူးနေရာကို ပေးအပ်ခြင်းခံရတာလို့ ဝေဖန်နေကြတာတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အနားယူသွားတဲ့ အမေရိကန်သံအမတ်ဟောင်း Nikki Haley ရဲ့နေရာမှာ အစားထိုး တာဝန်ယူမယ့် သံအမတ်သစ်အနေနဲ့ နိုင်ငံတကာရဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ရဖွယ် ရှိနတဲ့အကြောင်း အစုံအလင်ကို ဒီသီတင်းပတ် အမျိုးသမီး ကဏ္ဏမှာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။