သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာ ပြည်ထဲရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျ သေဆုံး


ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ အနီး တနင်္ဂနွေနေ့ စောစောပိုင်းက ရဟတ်ယာဉ်တစီး ပျက်ကျသွားခဲ့ရာမှာ အနည်းဆုံးလူ ၆ ဦး သေဆုံးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ကင်ညာပြည်ထဲရေးဝန်ကြီး ဂျော့ဆီယက် တိုတီ လည်း ပါဝင်ကြောင်း ကင်ညာအစိုးရ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့က ပြောဆိုပါတယ်။

ရဟတ်ယာဉ်ဟာ တောင်ကုန်းတွေထူထပ်တဲ့ နေရာမှာပျက်ကျခဲ့ပြီး ဝန်ကြီးရဲ့ ကိုယ်ရေးလက်ထောက် တဦးနဲ့ သက်တော်စောင့် တဦးတို့လည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျော့ဆီယက် တိုတီ ဟာ ဒုတိယ သမ္မတဟောင်းတဦး ဖြစ်တဲ့အပြင် လာမယ့်နှစ် မတ်လမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကြရင် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။

တခြားသေဆုံးရာမှာ ပါဝင်သူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ မသိရပါဘူး။ မျက်မြင်သက်သေတွေ အဆိုအရတော့ ခန္ဓာကိုယ်တွေဟာ ဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် မီးလောင်ကျွမ်းထားတယ်လို့ ပြောပါတယ်။

ဘာကြောင့် အခုလို ရဟတ်ယာဉ် ပျက်ကျရတယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG