သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာမှာသုံးနေတဲ့ ရေထုတ်စက်


Kenya
Kenya

ကင်ညာနိုင်ငံမှာ ပူပြင်းခြောက်သွေ့ပြီး အသက်ရှူမဝဖြစ်နေတဲ့ ဒေသခံတွေအတွက် ရေရအောင်လုပ်ပေးနေတဲ့ကုမ္ပဏီသစ်က Majik Water ကုမ္ပဏီပါ။ အီလက်ထရောနစ် စစ်ထုတ်စက်ကိုသုံးပြီး လေထဲက အစိုဓါတ်ကိုဖမ်းယူတဲ့ အိန္ဒိယလုပ်စက်နဲ့ထုတ်လုပ်တဲ့ သူ့နည်းပညာက ဒီမိုးခေါင်ရေရှားဒေသအတွက် တနေ့ကို ရေ လီတာ ၅၀၀ လောက်အထိ ဖြန့်ဖြူးပေးနိုင်ပါတယ်။ နိုင်ရိုဘီက Victoria Amunga ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကင်ညာမှာသုံးနေတဲ့ ရေထုတ်စက်
please wait

No media source currently available

0:00 0:03:44 0:00

ကင်ညာက မိုးခေါင်ရေရှားရပ်ဝန်းမှာနေသူတွေအဖို့ ရေသန့်ရဖို့ အတော်ခက်ခဲပါတယ်။ ဥတုရာသီပြောင်းလဲမှုအပြင် မိုးခေါင်တဲ့ဒဏ်ကိုပါ ပိုခံစားလာရတဲ့အတွက် မြစ်ချောင်း၊ အင်းအိုင်တွေ ရေပိုခန်းလာပြီး ဒေသခံတွေ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာနေတာပါ။

Majik Water ကုမ္ပဏီအတွက် ဒေသခံတွေလိုအပ်တဲ့ရေ လုံလုံလောက်လောက်ရဖို့ ဒီစက်နဲ့ထုတ်ပေးနေရတာကလည်း စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။

အိန္ဒိယ WaTech ကုမ္ပဏီထုတ် ဒီစက်က စက်မှုသုံးပန်ကာနဲ့ လေထဲက ရေငွေ့အစိုဓါတ်ကို ဆွဲယူပေးပါတယ်။ ဒီရေငွေ့တွေကို ရေအဖြစ် အအေးပေးဓါတ်ငွေ့သုံးပြီး ခဲအောင်မလုပ်ခင်မှာ ဆီလီကာအရည်နဲ့ ဖမ်းထားလိုက်တာပါ။ သူ့စက်က တနေ့ကို ရေ လီတာ ၅၀၀ ထုတ်ပေးနိုင်တယ်လို့ Majik Water ကုမ္ပဏီတည်ထောင်သူ Beth ကိုအိဂျီ Koigi ကပြောပါတယ်။

''ခြောက်သွေ့တဲ့ရာသီတွေ ပိုပုံမှန်ဖြစ်လာတဲ့အတွက် ဒေသခံတွေ ရေရဖို့၊ သမရိုးကျ ရေအရင်းအမြစ်ကိုချည်း အားကိုးမနေရအောင် ရည်ရွယ်ပြီးလုပ်ခဲ့တာပါ။ ဒါကြောင့် ရေတွင်းတွေ မြစ်ချောင်းတွေ ရေတွေခန်းကုန်တဲ့နေရာတွေမှာ ဒေသခံတွေအတွက် သောက်ရေသန့် အခက်အခဲမရှိရနိုင်ပါတယ်။”

တကယ်လိုအပ်နေတဲ့ ချို့တဲ့သူတွေကို ရေဖြန့်ဖြူးပေးဖို့ ရေထုတ်စက် အနည်းဆုံး အလုံးအစိတ်လောက်အတွက် လူသားစာနာမှုအဖွဲ့တွေက လှူဒါန်းထောက်ပံ့ကြပါတယ်။ ဒုကျောင်းအုပ်ကြီး Chris Musonye ကတော့ သူ့ကျောင်းမှာ ရေထုတ်စက်ရှိနေတာဟာ သူ့ကျောင်းသားတွေ တကိုယ်ရေသန့်ရှင်းရေးအတွက်ရော ဆရာတွေအတွက်ပါ တိုးတက်မှုရှိလာစေတယ်လို့ ပြောပါတယ်။

''အခုဆိုကျောင်းမှာ ရေရနေပြီဆိုတော့၊ အရင်ကလို အချိန်ကုန်ခံပြီး ရေရဖို့ ဟိုရှာဒီရှာ လုပ်စရာ မလိုတော့ဘူး။ ဒါကြောင့် ကျောင်းရဲ့ စွမ်းဆောင်နိုင်မှုလည်း ပိုပြီး တိုးတက်လာတယ်လေ။”

ကမ္ဘာတလွှားမှာ ရေသန့်ရဖို့ ခက်ခဲပြီး တကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် တနှစ်ကို လူပေါင်း ၁.၄ သန်း သေဆုံးရသလို ၇၄ သန်းလောက်ကတော့ သက်တမ်း ပိုတိုသွားတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂၀၂၃ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကင်ညာ သဘာဝဝန်းကျင်အရေးဆောင်ရွက်သူ Daniel ဝမ်ဂျူကီ Wanjuki ကတော့ ဥတုရာသီ ပြောင်းလဲမှုကြောင့် ရေရှားပါးလာနေချိန်မျိုးမှာ Majik Water ကုမ္ပဏီက ဒီလိုစက်မျိုး တီထွင်နိုင်တာဟာ သိပ်ကိုအရေးပါတယ်လို့ ပြောပါတယ်။

''ဒါဟာ တကယ်လက်တွေ့ကျပါတယ်။ ပြဿနာက ဒီစက်မျိုးသုံးတတ်ဖို့ပဲ။ ဒါက ရေခဲသေတ္တာကို တညလုံးဖွင့်ထားမှ မနက်ကျ ကိုယ်သောက်ဖို့ လုံလောက်တဲ့ရေ ရတဲ့သဘော ဖြစ်တဲ့အတွက် ဒါဟာ လက်တွေ့ကျတဲ့ နည်းပညာဖြစ်ပြီး အများသုံးလာအောင် လုပ်ပေးဖို့ လိုပါတယ်။”

ကင်ညာရေရရှိရေးဌာနကတော့ ဒီလိုရေထုတ်ပေးတဲ့ ကုမ္ပဏီတွေအတွက် အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသတွေမှာဆို ရံပုံငွေထောက်ပံ့ပေးပါတယ်။

ကင်ညာအစိုးရ ရေရရှိရေး WSTF အမှုဆောင်အရာရှိ Willis Ombai ကတော့ ပုံမှန်အစိုးရ ဖြန့်ဝေတဲ့ ရေပိုက်တွေ ရေတွင်းတွေရဲ့ အနည်းဆုံး ၄၂ ရာခိုင်နှုန်းလောက်ဟာ ပိုက်ပေါက်တာ ဒါမှမဟုတ် အခိုးခံရတာနဲ့ ရင်ဆိုင်နေရတယ်လို့ VOA ကိုပြောပါတယ်။

''ရေပေးတာကို အနှောင့်အယှက်ပေးသလို ရေပိုသန့်အောင်လုပ်ကြတဲ့အတွက် တခါတလေ ကိုယ်ပေးလိုက်တဲ့ရေက လမ်းမှာတင် ပိုက်ပေါက်တာကြောင့်ဖြစ်စေ၊ စီးပွါးဖြစ်လုပ်နေတဲ့သူတွေကြောင့်ဖြစ်စေ၊ ရောက်ရမယ့် ပြည်သူတွေဆီ မရောက်တော့တာမျိုး ကြုံရပါတယ်။ ကိုယ့်ကုမ္ပဏီ အမြတ်အစွန်းရဖို့ လိမ်လည်တဲ့သူတွေ ဒါမှမဟုတ် စီးပွါးရေးသမားတွေက စီးပွါးဖြစ်လုပ်ကြပါတယ်။”

ကင်ညာလွှတ်တော်အမတ်တွေကတော့ နိုင်ငံ့ရဲ့ ရေအရင်းအမြစ်ဆိုင်ရာအတွက် ရင်းနှီးမြှုပ်နှံလာဖို့ မျှော်လင့်ပြီး ရေရရှိရေးကဏ္ဍကို ပုဂ္ဂလိက လက်ထဲလွှဲပေးမယ့် ဥပဒေထုတ်ပြန်ရေးကို စဉ်းစားနေကြ သလို တချိန်တည်းမှာပဲ Majik Water လို နည်းပညာသုံး ကုမ္ပဏီတွေကနေ ပြည်သူတွေ ရေသန့်ပိုရအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေကြတာပါ။

ကင်ညာမှာသုံးနေတဲ့ ရေထုတ်စက်
please wait

No media source currently available

0:00 0:03:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG