သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာတရားရေးစနစ်ပြင်ဆင်ရေး သမ္မတကန်ညာတာစဉ်းစား


ကင်ညာသမ္မတ Uhuru Kenyatta (စက်တင်ဘာ ၂၀၁၇)
ကင်ညာသမ္မတ Uhuru Kenyatta (စက်တင်ဘာ ၂၀၁၇)

ကင်ညာနိုင်ငံရဲ့ တရားရုံးချုပ်က - သမ္မတ Uhuru Kenyatta အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီးတဲ့နောက်၊ ကင်ညာနိုင်ငံရဲ့ တရားရေးစနစ်ကို ပြင်ဆင်ဖို့စဉ်းစားသွားမယ်လို့ ကင်ညာသမ္မတ ကန်ညက်တာက ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ကင်ညာတရားရုံးချုပ်ဟာ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်လိုက်တာဖြစ်တယ်လို့ သမ္မတကန်ညက်တာက ၂ ရက်အတွင်း ဒုတိယအကြိမ်စွပ်စွဲခဲ့တာဖြစ်ပါတယ်။

ကျနော်တို့မှာ ပြဿနာရှိနေပြီး၊ ဒါကို ပြုပြင်သွားရမှာဖြစ်တယ်လို့ သမ္မတ ကန်ညက်တာက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က အစိုးရအိမ်တော်ကနေ ရုပ်သံကတဆင့်ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ နဲ့ တရားမဝင်မှုတွေကို ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့က ကျူးလွန်ခဲ့တာကြောင့် ၊ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ တရားရုံးချုပ်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် Raila Odinga က ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးဖို့ တရားရုံးချုပ်ကို တရားဝင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ သူ့ အနေနဲ့ မစ္စတာ Kenyatta ကို မဲအရေအတွက် ၁.၄ သန်းနဲ့ ရှုံးတယ်ဆိုတဲ့ မဲစာရင်းရလဒ်ဟာ မှားယွင်တယ်လို့ Odinga ကက ပြောပါတယ်။

ကင်ညာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အခုချိန်ကစပြီး ရွေးကောက်ပွဲအသစ်တွေကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံညွှန့်ပေါင်းအဖွဲ့ NASA ကတော့ ရွေးကောက်ပွဲ မဲပေးတဲ့စနစ်ဟာ ခိုးဝင်ဖောက်ထွင်းခံလိုက်ရတယ်လို့ ရွေးကောက်ပွဲနေ့ကတည်းက ပြောခဲ့တာဖြစ်ပါတယ်။

ကင်ညာအစိုးရက ရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၄၈၃ သန်း ခွဲဝေသုံးစွဲခဲ့ဖို့ သတ်မှတ်ခဲ့ပြီး၊ အဲဒီထဲကမှ IEBC လို့ခေါ်တဲ့ ကင်ညာရွေးကောက်ပွဲကော်မရှင်ကို ၄၁၅ သန်း ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG