သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာအရာရှိကြီးတဦးရဲ့သား ဂါရစ်ဆာ တိုက်ခိုက်မှုမှာပါဝင်


ကင်ညာနိုင်ငံ၊ Garissa က အီစတာ ဝတ်ပြုဆုတောင်းပွဲကျင်းပနေတဲ့ မြင်ကွင်း။ (ဧပြီ ၅၊၂၀၁၅)
ကင်ညာနိုင်ငံ၊ Garissa က အီစတာ ဝတ်ပြုဆုတောင်းပွဲကျင်းပနေတဲ့ မြင်ကွင်း။ (ဧပြီ ၅၊၂၀၁၅)

ကင်ညာနိုင်ငံကတက္ကသိုလ်တခုမှာ Al-Shabab စစ်သွေးကြွတွေ သတ်ဖြတ်ခဲ့သူ ၁၄၈ ယောက်အတွက်ရည်စူးပြီး ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့ Easter Sunday နေ့ကို ဆင်နွဲနေကြပါတယ်။ ကင်ညာနိုင်ငံတဝှမ်း Garissa တက္ကသိုလ်မှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပနေတာလည်းဖြစ်ပါတယ်။

ကြာသပတေးနေ့တုန်းက Garrisa တက္ကသိုလ်မှာ အကြမ်းဖက်တိုက်ခိုက်ပြီး သေဆုံးခဲ့တဲ့ သေနတ်သမားလေးဦးထဲမှာ အစိုးရအရာရှိတဦးရဲ့သား တယောက်ဖြစ်တဲ့ Abdirahim Mohammed Abdullahi လည်းပါဝင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Mwenda Njoka က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ သူဟာ Mandera ဒေသ အစိုးရအဖွဲ့အကြီးအကဲရဲ့သားဖြစ်ပါတယ်။ အဲဒီအရာရှိက သူ့သားပျောက်ဆုံးနေကြောင်း အသိပေးတိုင်တန်းခဲ့တယ်ဆိုတာကိုလည်း ပြောခွင့်ရ Njoka က ဆိုပါတယ်။

ဒီအတောအတွင်း ကင်ညာ လုံခြုံရေးဆိုင်ရာအကြီးအကဲက စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုအပေါ် လုံခြုံရေးတွေရဲ့တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုပါတယ်။ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကိုရောက်ဖို့ မြို့တော် နိုင်ရိုဘီကနေလာရာမှာ အနည်းဆုံး ၇ နာရီလောက် ကြာပြီးမှ ရောက်ခဲ့တယ်လို့ ပြင်သစ် နယူးအေဂျင်စီတခုက အစီရင်ခံပါတယ်။ ဒါဟာ တခြားလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ စစ်သွေးကြွတွေ အပြန်အလှန် ပစ်ခတ်အပြီး နာရီအတော်ကြာမှ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

အကွာအဝေးတူ မိုင် ၂၂ဝ လောက်ကနေ ကားနဲ့မောင်းလာတဲ့ သတင်းထောက်တွေဟာဆိုရင်လည်းအထူးတပ်ဖွဲ့ဝင်တွေထက် ကြိုရောက်နေခဲ့တာပါ။ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် ကင်ညာသတင်းစာတွေမှာလည်း အစိုးရရဲ့ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် အကြီးအကျယ် ဝေဖန်ရေးသားနေကြပါတယ်။ မနေ့တုန်းကတော့ သမ္မတ Uhuru Kenyatta က ခရစ်ယာန်အများစုအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့al-Shabab တွေရဲ့တိုက်ခိုက်မှုအပြီး အားလုံး ညီညွတ်ကြဖို့ကို တောင်းဆိုခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG