သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ စစ်သွေးကြွအပေါ် ကင်ညာ လေကြောင်းထိုးစစ်ဆင်


ကင်ညာတိုက်လေယာဉ် F5
ကင်ညာတိုက်လေယာဉ် F5

အိမ်နီးချင်း ဆိုမာလီယာနိုင်ငံအတွင်းမှာရှိတဲ့ al-Shabab အစ္စလာမ် စစ်သွေးကြွအဖွဲ့ရဲ့ပစ်မှတ်တွေကို ကင်ညာအစိုးရက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ကင်ညာနိုင်ငံအတွင်းက တက္ကသိုလ်တခုကို ဆိုမာလီယာအခြေစိုက် al-Shabab အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် လူပေါင်း ၁၄၈ ဦးသေဆုံးပြီး ရက်ပိုင်းအကြာမှာ အခုလို တိုက်ခိုက်ခြင်းလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆိုမာလီယာနိုင်ငံတောင်ပိုင်း Gedo ဒေသမှာရှိတဲ့ al-Shabab အဖွဲ့ စခန်းနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကင်ညာ ကာကွယ်ရေးဌာနက ပြောပါတယ်။

အဲဒီ စခန်းနှစ်ခုစလုံး ပျက်စီးသွားကြောင်း ကင်ညာကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် David Obonyo က တနင်္လာနေ့မှာ ပြောပေမယ့် အသေအပျောက်စာရင်းကိုတော့ ထုတ်ဖော် ပြောဆိုခြင်းမရှိပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိရစ္ဆာန်တွေသေဆုံးပြီး အိမ်တွေ ပျက်စီးသွားပေမယ့် လူတွေ သေဆုံးတာတော့မတွေ့ရကြောင်း Gandon Dhawe ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

ကင်ညာနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Garissa တက္ကသိုလ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ al-Shabab အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို လက်စားခြေ တိုက်ခိုက်မယ်လို့ ကင်ညာသမ္မတ Uhuru Kenyatta က သံန္နိဌာန် ချထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG