သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားရောက် ဝန်ကြီးကယ်ရီ ဥတုရာသီအရေး ဦးစားပေး


အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ရဲ့ အာရှခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံမှာ
ရောက်ရှိနေပါတယ်။ တရုတ်နိုင်ငံကနေ ဝန်ကြီး Kerry ဟာ ဒီကနေ့ စနေနေ့မှာ ဂျကာတာမြို့တော်ကို ရောက်သွားတာဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ အရေးကြီး မိန့်ခွန်းတခုကို ဂျကာတာမြို့တော်မှာ ဝန်ကြီး John Kerry ပြောကြားဖို့ ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာတုန်းက သမ္မတ ရှီဂျင်ပင်း (Xi Jinping ) နဲ့ တွေ့ဆုံခဲ့ပြီး ရာသီဥတုပူနွေးမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေးကိစ္စအပြင် အရှေ့တရုတ်ပင်လယ်ထဲမှာ သူတို့ ပိုင်နက်ဖြစ်တယ်ဆိုတာ ပြတဲ့အနေနဲ့ တရုတ်က လေကြောင်းရန် ကာကွယ်ရေးဇုံ တရုတ်ကသတ်မှတ်တယ်လို့ အမေရိကန်ဘက်က မြင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရေပိုင်နက်အငြင်းပွားမှုကိစ္စနဲ့ ပတ်သက်လို့ ထိပ်တိုက်ရင်ဆိုင်တဲ့ အခြေအနေမျိုး သိပ်မဖြစ်အောင် လုပ်ဖို့ ဝန်ကြီး Kerry က တရုတ်အစိုးရကို တိုက်တွန်းခဲ့ ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တော့ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေးမှုကို ဦးစားပေးပေမယ့် အချုပ်အခြာပိုင်ဆိုင်မှုကို ထိပါးလာရင်တော့ ကာကွယ်ဖို့ တွန့်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Nuclear ဆွေးနွေးပွဲစားပွဲဆီ မြောက်ကိုရီးယားတို့ ပြန်လာရေး ဖိအားပေးဖို့ တရုတ်အစိုးရက အာမခံချက်ပေးတဲ့ အပေါ် ကျေနပ်အားရတယ်လို့ တရုတ်သမ္မတနဲ့ သောကြာနေ့က တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG