သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေး ဝန်ကြီး လာအို၊ ကမ္ဘောဒီးယား၊ တရုတ် ခရီးစဉ်ထွက်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry အာရှခရီးစဉ်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry အာရှခရီးစဉ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ဟာ အာရှခရီးစဉ်ကို သွားရောက်နေပြီး လာအို၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။ အာရှခရီးစဉ် အတွင်း ပထမဆုံး အဖြစ် လာအိုနိုင်ငံကို ၂ ရက်ကြာ ဝင်ရောက်မှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် အတွင်း တရုတ်နိုင်ငံက လူလုပ်ကျွန်းတွေ တည်ဆောက်နေပြီး အလုံးစုံ ပိုင်ဆိုင်တယ်လို့ တိုးပြီး ပြောဆိုနေတဲ့ အပေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အဖွဲ့ဝင်တွေကြား စိုးရိမ်နေကြတာပါ။ အာဆီယံနိုင်ငံများအသင်းရဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်တို့ အစည်းအဝေးကိုတော့ နောက်လ အတွင်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ သမ္မတ ဘရက်ခ် အိုဘားမား ကျင်းပမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုမှာ အာဆီယံ အဖွဲ့ကြီး အနေနဲ့ တညီတညွတ်တည်း ရပ်တည်ရေး အရေးကြီးတယ်ဆိုတာကို ဝန်ကြီး ကယ်ရီက လာအို ခရီးစဉ် အတွင်း တိုက်တွန်းမယ်လို့လည်း ခန့်မှန်းရပါတယ်။

တောင်တရုတ် ပင်လယ်ပြင် အတွင်း တရုတ်ဘက်က ဆောင်ရွက်နေမှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ တောင်တရုတ် ပင်လယ်ပြင် အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နိုင်ငံတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တနလာၤနေ့ ညပိုင်းမှာတော့ ဝန်ကြီး ကယ်ရီက ကမ္ဘောဒီးယား နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အာရှဒေသရဲ့ ဝန်ကြီးချုပ် သက်တမ်း အရှည်ဆုံး ရယူထားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ သွားရောက်မှာ ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှု အပေါ် တရုတ်နိုင်ငံဘက်က ပိုပြီး ထိန်းချုပ် ဟန့်တားရေး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ဖိအားပေး ပြောဆိုဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG