သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ်ပင်လယ်တွင်း တရုတ်ရေနံတူးစင်ကိစ္စ အမေရိကန်စိုးရိမ်

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
ဗီယက်နမ်နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက ရေနံတူးစင်တခု တည်ဆောက်တဲ့ကိစ္စကို အမေရိကန် ပြည်ထောင်စုအနေနဲ့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းမှု တိုးမြှင့်ဖို့နဲ့ ရေကြောင်းတင်းမာမှု လျှော့ချဖို့ အားထုတ်တဲ့အနေနဲ့ တရုတ်နိုင်ငံ စစ်တပ်အကြီးအကဲရဲ့ အမေရိကန်ခရီးစဉ် စတင်ချိန်မှာ ဂျွန်ကယ်ရီ က ဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံပိုင် ရေနံတူးစင်ကို စတင်တည်ဆောက်လိုက်တဲ့ ဧပြီလကစပြီး ဒီနေရာမှာ တရုတ်နဲ့ဗီယက်နမ်သင်္ဘောတွေ ထိပ်တိုက်တွေ့ပြီး မီးသတ်ပိုက်တွေနဲ့ အပြန်အလှန် တိုက်ခိုက်လာကြတာဖြစ်ပါတယ်။

ဒါဟာ ရန်စကျူးကျော်တဲ့ အပြုအမူဖြစ်တယ်လို့ ဂျွန်ကယ်ရီက တရုတ်နိုင်ငံခြားရေး ၀န်ကြီးကို ပြောကြားကြောင်း အမေရိကန် နိုင်ငံခြားရေး ပြောခွင့်ရ ဂျင်ပတ်စကီ (Jen Psaki) က ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း ဂျွန်ကယ်ရီအနေနဲ့ အပြောအဆို အပြုအမူတွေကို ဆင်ခြင်ဖို့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ပြောတဲ့ဆိုတဲ့အခါမှာ မျှမျှတတ ရှုမြင်ဖို့ တိုက်တွန်းလိုက်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG