သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အရေး အိန္ဒိယ ပိုတာဝန်ယူဖို့ အမေရိကန် တိုက်တွန်း


အိန္ဒိယ နည်းပညာတက္ကသိုလ် IIT မှာ ဝန်ကြီးကယ်ရီ မိန့်ခွန်းပြော
အိန္ဒိယ နည်းပညာတက္ကသိုလ် IIT မှာ ဝန်ကြီးကယ်ရီ မိန့်ခွန်းပြော

အိန္ဒိယနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဇာတ်ခုံမှာ ပိုပြီးကြီးမားတဲ့ တာဝန်ကိုယူဖို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန် ကယ်ရီက ဒီကနေ့ တိုက်တွန်း ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အတော်ဆုံးကျောင်းသားတွေထဲက တချို့ကို နယူးဒေလီမြို့တော်က အိန္ဒိယ နည်းပညာတက္ကသိုလ် IIT မှာ မိန့်ခွန်းပြောတဲ့ထဲ ဝန်ကြီးကယ်ရီက အဲဒီလိုပြောသွားတာပါ။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာကြီးတခုလုံးပေါ် သက်ရောက်စေတဲ့ ကိစ္စရပ်တွေမှာ တာဝန်ယူ လုပ်ဆောင်မှုနဲ့အတူ အသိအမှတ်ပြုခံထား ရပြီးသား အင်အားကြီးနိုင်ငံတခုဖြစ်တယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

အကြမ်းဖက်ဝါဒကနေ ရာသီဥတု ပြောင်းလဲမှုအထိ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ရင်ဆိုင်တာမှာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံနှစ်ခုအကြား နောက်ထပ် ပူးပေါင်းဆောင်ရွက်မှု ဟာ မရှိမဖြစ်လိုအပ်တယ်လို့ မစ္စတာကယ်ရီကဆိုပါတယ်။ ဦးဆောင်နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံကိုကျော်လွန်ပြီး ရှိနေတဲ့ ခြိမ်း ခြောက်မှုတွေကို အလွယ်တကူ လျစ်လျူရှုထားလို့ မရတဲ့ အကြောင်း၊ ဘာကြောင့်လည်းဆိုတော့ အပြန်အလှန် ချိတ်ဆက် လွှမ်းခြုံနေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ အဲဒီအန္တရာယ်တွေဟာ နယ်စပ်တွေကိုဖြတ်ပြီး မလွှဲမရှောင်သာ ရောက်လာမှာပဲဖြစ်ကြောင်း၊ ဒါကြောင့်မို့ အဲဒီအန္တရာယ်တွေကို အတူတကွ ရင်ဆိုင်ရပါ မယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

အိန္ဒိယ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရးဟာ ဘယ်တုန်းကမှ မရောက်ဖူးသေးတဲ့အဆင့်မှာ ရှိနေပြီလို့ မစ္စတာကယ်ရီက ပြော ပေမဲ့ ရေရှည်ခိုင်မာတဲ့ငြိမ်းချမ်းရေး ရဖို့အတွက် အားကောင်းတဲ့ သံခင်းတမန်ခင်း လိုအပ်တယ်လို့ ပြောပါတယ်။ ဝန်ကြီးကယ်ရီ ဟာ အမေရိကန်-အိန္ဒိယ မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ဒုတိယအကြိမ်ဆွေးနွေးပွဲအတွက် အိန္ဒိယမှာရောက်နေတာပါ။ ဒီကနေ့ နှောင်းပိုင်းမှာတော့ အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီနဲ့ နယူးဒေလီမြို့တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG