သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး Kerry အိန္ဒိယသွားမည်


အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ကမကထလုပ်ပြီး လက်ခံကျင်းပပေးမယ့် ကမ္ဘာတဝှမ်းက ရင်းနှီးမြှုပ်နှံသူများ ညီလာခံကို တက်ရောက်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ စနေနေ့မှာ အိန္ဒိယနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဝန်ကြီး Kerry ဟာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ တီထွင်ဖန်တီးသူတွေနဲ့အတူ အဲဒီညီလာခံကို တက်ရောက်မှာဖြစ်ပြီး၊ အမေရိကန်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အရည်အသွေးတွေက အိန္ဒိယနဲ့ အင်ဒို-ပစိဖိတ် ဒေသတခွင်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ဆက်လက် ဖြစ်ပေါ်နေစေရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို မီးမောင်းထိုး ပြသလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

Virbrant Gujarat ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများ ညီလာခံကို အိန္ဒိယနိုင်ငံ Ahmedabad မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဒီညီလာခံကို ပူးတွဲမိတ်ဖက် နိုင်ငံတနိုင်ငံအဖြစ်နဲ့ ပါဝင်တက်ရောက်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။

XS
SM
MD
LG