သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်အကြမ်းဖက်သမား ကမ္ဘာကဝိုင်းတိုက်ဖို့ ကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။

အီရတ်နိုင်ငံက ISIS အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းသွားပါတယ်။

ဒီကနေ့ထုတ် နယူးယောက်ခ် တိုင်းမ်စ် သတင်းစာကဆောင်းပါးမှာ မစ္စတာကယ်ရီက ISIS အကြမ်းဖက်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားတွေမှာသာမက အမေရိကန်ပြည်ထောင်စုအပါအဝင် လုံခြုံရေးအဖွဲ့တွေ မရိပ်မိအောင် သူတို့သွားရောက်နိုင်တဲ့ ဘယ်နေရာအတွက်မဆို ပိုပြီးတော့ အန္တရာယ်ကြီး လာတယ်လို့ ပြောပါတယ်။ ISIS တိုက်ခိုက်ရေးသမားတွေဟာ တကယ့်ကို ရွံလျာစရာကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်ကြပေမယ့်လည်း အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီးတော့ ကမ္ဘာ့နိုင်ငံတွေ အကျယ်ပြန့်ဆုံး ပူးပေါင်းဆောင်ရွက်ကြရင်တော့ သူတို့ကို နှိမ်နင်းနိုင်မှာပါလို့ မစ္စတာကယ်ရီက ဆိုပါတယ်။

အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားကတော့ လောလောဆယ်မှာ ISIS အဖွဲ့ကိုနှိမ်နင်းဖို့ သူ့မှာ ဘာဗျူဟာမှ မရှိဘူးလို့ ပြောပေမယ့်လည်း မစ္စတာ ကယ်ရီကတော့ ISIS သူပုန်တွေကို နှိမ်နင်းရေးအစီအစဉ်တရပ်ကို စက်တင်ဘာမှာကျင်းပမယ့် အထွေထွေညီလာခံအတွင်းမှာ အမေရိကန်က တင်ပြမှာ ဖြစ်တယ်လို့ ဒီကနေ့ ဆောင်းပါးမှာ ပြောထားပါတယ်။

အစွန်းရောက်သမားတွေကို တာဝန်သိတဲ့တိုင်းပြည်တွေနဲ့ နိုင်ငံသားတွေ စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်ခြင်းအားဖြင့် အောင်နိုင် နိုင်ပါတယ်လို့ မစ္စတာကယ်ရီက ပြောပြီးတော့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

XS
SM
MD
LG