သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆီးရီးယားကို ကယ်ရီ တိုက်တွန်း


ဂျော်ဒန်နိုင်ငံ Amman မှာ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် ( ၂၂ မေ ၂၀၁၃)
ဂျော်ဒန်နိုင်ငံ Amman မှာ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် ( ၂၂ မေ ၂၀၁၃)
ဆီးရီးယားနိုင်ငံတွင်း ငြိမ်းချမ်းရေး ရဖို့အတွက် ပိုင်းဖြတ်ချက် ရှိရှိ ဆောင်ရွက်သွားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆပ် (Bashar al-Assad) ကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

ဂျော်ဒန်နိုင်ငံ Amman မှာ ပြုလုပ်တဲ့ ဆီးရီးယား မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး မကျင်းပခင်မှာ မစ္စတာ ကယ်ရီ က အခုလို ပြောဆိုသွားတာပါ။ ဂျော်ဒန်နိုင်ငံမှာ လုပ်တဲ့ ဆီးရီးယား မိတ်ဆွေနိုင်ငံများ အစည်းအဝေးဟာ နောက်လ လုပ်ဖို့ မှန်းထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဖို့ ဆီးရီးယားအရေး စိတ်ဝင်စားတဲ့ နိုင်ငံတွေက သံတမန်တွေ စုဝေး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ရုရှားက ကမကထ လုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ သောင်းနဲ့ချီ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေတဲ့ ဆီးရီးယား ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောပါတယ်။

ဒါပေမဲ့ ဒီဆီးရီးယား အစိုးရဘက်ရော အတိုက်အခံသူပုန်ဘက်ကပါ ဒီဆွေးနွေးပွဲကို တက်မလား ဆိုတာ ထုတ်ဖော် မပြောကြသေးပါဘူး။ ရုရှားဘက်ကတော့ အီရန်ကိုပါ ဒီ ဆွေးနွေးပွဲကို တက်စေချင်ပါတယ်။ ဒါပေမဲ့လည်း အီရန်နိုင်ငံဟာ ဒီပြည်တွင်းစစ် ဖြစ်လာအောင် ကူညီ အားပေးသူအဖြစ် မစ္စတာ ကယ်ရီ က စွပ်စွဲခဲ့ပါတယ်။
XS
SM
MD
LG