သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ရန်စမှု အခြေအနေ အမေရိကန် စောင့်ကြည့်


သြစတြေးလျကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
သြစတြေးလျကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။

တောင်တရုတ်ပင်လယ်ပြင်ထဲ အငြင်းပွားနေတဲ့ Spratlys နဲ့ Paracel ကျွန်းစုနေရာတွေမှာ အငြင်းပွားနေတဲ့ ပိုင်နက်နယ်မြေတွေ အပြောင်းအလဲဖြစ်စေတဲ့ လုပ်ရပ် လက္ခဏာတွေ ရှိသလားဆိုတာကို စောင့်ကြည့်သွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။

အဲဒီအနီးတဝိုက် သန္တာကျောက်တန်းတွေ၊ ကျောက်တုံးကျောက်ခဲတွေ သဲသောင်ထွန်းမှုတွေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ သြစတြေးလျနိုင်ငံမှာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ရောက်လာစဉ်မှာ အမေရိကန်ပြောခွင့်ရသူက ပြောသွားတာဖြစ်ပါတယ်။

အဲဒီဒေသတွင်း ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့ဆိုပြီး အမေရိကန်ဖက်က တောင်းဆိုခဲ့တဲ့နောက်တော့ အမေရိကန်ဟာ တင်းမာမှုတွေ ဖြစ်လာအောင် လုပ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က စွပ်စွဲခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း ဘရူနိုင်း၊ မလေးရှား ဗီယက်နမ် ဖိလစ်ပိုင်တို့နဲ့ ရေပိုင်နက်အငြင်းပွားမှုမှာ စစ်ရေးအရ လုပ်ဆောင်မှုရှိတယ်ဆိုပြီး အမေရိကန်ဖက်ကလည်း တရုတ်ကို စွပ်စွဲထားပါတယ်။ တရုတ်နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်ပြင်မှာဆိုရင် ဂျပန်နဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတာပါ။

XS
SM
MD
LG