သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆိုမာလီယား သွားရောက်


အမေရိကန်နိုင်ငံခြားရေး John Kerry ဟာ ဆိုမာလီယားနိုင်ငံကို သမိုင်းဝင်ခရီးစဉ်အဖြစ် အင်္ဂါနေ့မှာ ရောက်ရှိသွားပါတယ်။ သူဟာဆိုရင် စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံကို ရောက်ရှိသွားတဲ့ အဆင့်အမြင့်ဆုံး အမေရိကန်သံတမန် ဖြစ်ပါတယ်။

မစ္စတာကယ်ရီနဲ့အတူ လိုက်ပါသွားတဲ့ ဗွီအိုအေသတင်းထောက် Pam Dockins ပေးပို့တဲ့ သတင်းအရ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဟာ မိုဂါဒစ်ရှုးလေဆိပ်မှာ ၃ နာရီခွဲကြာနေခဲ့ပြီး အဲဒီမှာ ဆိုမာလီယားနိုင်ငံ သမ္မတ Hassan Sheiks Mohamud, ဝန်ကြီးချုပ် အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆိုမာလီယားနိုင်ငံဟာ တဆစ်ချိုး ပြောင်းလဲနေပြီး စီးပွားရေးလုပ်ငန်းတွေ ပွင့်လင်းလာနေပြီဆိုတာကို အခု မစ္စတာ ကယ်ရီရဲ့ ခရီးစဉ်က ပြသနေတယ်လို့ ဆိုမာလီယား နိုင်ငံခြားရေးဝန်ကြီး Abdisalam Hadliye Omer က ဗွီအိုအေ ဆိုမာလီယားဌာနကို ပြောကြားခဲ့ပါတယ်။

ဆိုမာလီယားနိုင်ငံဟာ နှစ်ပေါင်း ၂၀ လောက် ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ တည်ငြိမ်မှုအနည်းငယ် ရရှိလာခဲ့တာပါ။ ဒါပေမဲ့ ဆိုမာလီယားအစိုးရဟာ အခုချိန်အထိ al-Qaida အဖွဲ့နဲ့ ဆက်စပ်နေတဲ့ al-Shabab စစ်သွေးကြွအဖွဲ့ရဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဆိုမာလီယားနိုင်ငံအနေနဲ့ တိုးတက်မှုတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ နောက်တကြိမ် လာတဲ့အခါ မြို့ထဲကို ကျနော်တို့အတူ လမ်းလျှောက်သွားကြမယ်လို့ ဝန်ကြီးကယ်ရီက မိုဂါဒစ်ရှုး လေဆိပ်မှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG