သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရှိ ရုရှားတပ်ရုပ်သိမ်းမှု ပူတင်နဲ့ ကယ်ရီ ဆွေးနွေးမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ရှေ့အပတ်မှာ မော်စကိုမြို့ကို သွားရောက်ပြီး ရုရှား သမ္မတ ဗလာ ဒီမီယာ ပူတင်နဲ့ တွေ့ဆုံမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

ပူတင်နဲ့ တွေ့ဆုံပြီး ရုရှားတပ်ဖွဲ့တွေ ဆီးရီးယားကနေ ရုပ်သိမ်းပြီး၊ စစ်ဘေးဒဏ်ခံနေရတဲ့ နိုင်ငံမှာ ငြိမ်းချမ်းရေး လမ်းစ ဖော်ဆောင်နိုင်ဖို့အတွက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ မစ္စတာ ကယ်ရီက ပြောပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့နဲ့ တွေ့ဆုံပြီး၊ ဘယ်လိုနည်းလမ်းနဲ့ နိုင်ငံရေးအရ ရှေ့ဆက်ဖို့ ဖော်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးသွားမယ်လို့ ကယ်ရီက ပြောပါတယ်။

ဂျနီဗာမြို့မှာ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေပြီး၊ ဆီးရီးယားကနေ ပထမဆုံး ပြန်လာတဲ့ ရုရှားစစ်သားတွေကို လူထုက ကြိုဆိုဂုဏ်ပြုတာတွေ ပြုလုပ်နေချိန်မှာ အခုလို ဂျွန်ကာယ်ရီရဲ့ မော်စကို ခရီးစဉ် သတင်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG