သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာ ထိမ်းသိမ်းရေး စခန်းက ထိုင်ဝမ်သား တွေ ပြန်ပို့မည်


ကင်ညာနိုင်ငံမှာထိန်းသိမ်းထားတဲ့ ထိုင်ဝမ်သားတွေကို နေရပ်ပြန်ပို့စဉ် (၂၀၀၇ နိုဝင်ဘာ ၁၄ ရက်နေ့)
ကင်ညာနိုင်ငံမှာထိန်းသိမ်းထားတဲ့ ထိုင်ဝမ်သားတွေကို နေရပ်ပြန်ပို့စဉ် (၂၀၀၇ နိုဝင်ဘာ ၁၄ ရက်နေ့)

ကင်ညာနိုင်ငံမှာထိန်းသိမ်းထားတဲ့ ထိုင်ဝမ်သား နောက်တသုတ်ကို တရုတ်နိုင်ငံကို ပြန်ပို့ဖို့ ကင်ညာအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။ အရင်တုန်းကလည်း အခုလို အလားတူ ထိုင်ဝမ်သားတချို့ကို တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တာရှိသလို၊ ဒါဟာ တရုတ်အစိုးရက ထိုင်ဝမ်သားတွေကို ပြန်ပေးဆွဲတာဖြစ်တယ်ဆိုပြီး ထိုင်ဝမ်ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်သား ၃၇ ယောက်ကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကနေ တရုတ်ပြည်ပကြီးကို ထွက်ခွာမယ့် လေယာဉ်ပေါ်ကို အာဏာပိုင်တွေက အတင်း တင်ခဲ့ကြတယ်လို့ အနောက်အာရှနဲ့ အာဖရိကရေးရာ ထိုင်ဝမ်နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Antonio Chen က ပြောပါတယ်။ သူတို့ကို ထိန်းသိမ်းထားတဲ့ ရဲစခန်းကနေ လေဆိပ်ကို ထွက်ခွာဖို့ သူတို့ထဲက ၁၅ ယောက်က ငြင်းဆန်ခဲ့တာမှာ ကင်ညာရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး အချုပ်ခန်းထဲကနေ သူတို့ကို အတင်း နှင်ထုတ်ခဲ့တယ်လို့လည်း Chen က ပြောပါတယ်။

ဒီလူ ၃၇ ယောက်ကိုတော့ အစောပိုင်းတုန်းက အကျဉ်းထောင်ကနေ ပြန်လွှတ်ထားတဲ့ တခြား ထိုင်ဝမ်သား ၈ ယောက်နဲ့အတူဒီကနေ့ အင်္ဂါနေ့မှာ တရုတ်ပြည်ကို ပြန်ပို့ဖို့ စီစဉ်ထားတာပါ။

တခြား ၈ ယောက်ကတော့ ၂၀၁၄ ခုနှစ်တုန်းက ဖမ်ဆီးခံရပြီး အင်တာနက်ဆိုက်ဘာ ထိုးဖောက်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ စွပ်စွဲထားခဲ့ရတဲ့သူတွေပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့အပေါ် စွဲချက်တွေကို ကင်ညာတရားရုံး တခုက ပယ်ဖျက်ပေးခဲ့ပြီး ၂၁ ရက်အတွင်း ကင်ညာနိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG