သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားပဋိပက္ခ အဆုံးသတ်ရေး သမ္မတအာဆဒ်နဲ့ ညှိဖို့လိုကြောင်း ကန်ဝန်ကြီးကယ်ရီပြော


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို Sharm el-Sheikh မြို့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (မတ်လ ၁၄၊ ၂၀၁၅)

ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတာ ၅ နှစ်ထဲဝင်ရောက်တော့မှာနဲ့အတူ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာနိုင်ဖို့နဲ့ ပြည်သူ ထောင်နဲ့ချီသေဆုံးနေရတဲ့ ပဋိပက္ခတွေရပ်စဲသွားစေဖို့ ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ အမေရိကန်တို့ နောက်ဆုံးမှာ ညှိနှိုင်းသဘောတူရလိမ့်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားခဲ့ပါတယ်။ CBS ရုပ်သံရဲ့ Face the Nationဆွေးနွေးခန်းအစီအစဉ်မှာ ဝန်ကြီး Kerry က ပဋိပက္ခတွေကို သံတမန်ရေးနည်းနဲ့ အဖြေရှာဖို့ သမ္မတ al-Assad ကို တိုက်တွန်းခဲ့ပါတယ်။ ဆီးရီးယားသမ္မတနဲ့ ဘယ်လို သတောတူညီချက် ရအောင်လုပ်မှာလဲ ဆိုတာကိုတော့ ဝန်ကြီး Kerry က အသေးစိတ်ပြောကြားခြင်း မရှိပါဘူး။
လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဆီးရီးယားသမ္မတဟာ ပြည်တွင်းမှာရော နိုင်ငံတကာကပါ ဖိအားတွေ ပေးခံနေရပါတယ်။
ဆီရီးယားအစိုးရတပ်တွေနဲ့ အစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား စစ်ပွဲဖြစ်နေတာ ၄ နှစ်ရှိနေပြီဖြစ်တာနဲ့အတူ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ IS စစ်သွေးကြွတွေရဲ့အကြမ်းဖက်မှုတွေကြောင့် ဆီးရီးယားပြည်သူ ၂ သိန်းကျော်သေဆုံးခဲ့သလို သန်းနဲ့ချီ အိုးအိမ်ပစ် ထွက်ပြေးနေကြရပါတယ်။

နိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ တော်တော်များများလည်း ထိခိုက်ပျက်စီးနေပါတယ်။ ၂၀၁၄ တုန်းက ဆီးရီးယားအစိုးရနဲ့ အတိုက်အခံအဖွဲ့တွေကြား အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂကတဆင့် ကြားဝင်ဖြေရှင်းဖို့ အမေရိကန်ထောက်ခံတဲ့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပါဘူး။

ဆီးရီးယားနိုင်ငံရဲ့ အာဏာကို Assad မိသားစုက နှစ်ပေါင်း ၄၀ ကြာထိန်းချုပ်ထားတဲ့အပေါ် ၂၀၁၁ ခုနှစ်တုန်းက ဆန့်ကျင်ဆန္ဒပြခဲ့ကြတာကို အစိုးရက အင်အားသုံး တုံ့ပြန်ခဲ့ရာက ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG