သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အီရတ် တရက်တာ ခရီး


ကန်ဝန်ကြီးကယ်ရီနဲ့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi တွေ့ဆုံ။ (ဧပြီ ၈၊ ၂၀၁၆)
ကန်ဝန်ကြီးကယ်ရီနဲ့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi တွေ့ဆုံ။ (ဧပြီ ၈၊ ၂၀၁၆)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီဟာ ကြိုတင်ကြေညာမထားဘဲ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ ရောက်နေပြီး ဒါဟာဖြင့် ၂၀၁၄ ခုနှစ်ထဲကဆိုရင် သူ့ရဲ့ အီရတ်နိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ဝန်ကြီးကယ်ရီဟာ ဘာရိန်းကနေ အီရတ်ကို ဒီကနေ့ ခရီးဆက်သွားတာဖြစ်ပြီး အီရတ်ဝန်ကြီးချုပ် Haider al-Abadi ၊ ကာ့ဒ် ဒေသဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးချုပ် Nechrivan Barzani တို့အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။

အီရတ်အစိုးရအနေနဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအပြောင်းအလဲဆိုင်ရာ အရေးပါတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနေ တာနဲ့အမျှ အမေရိကန်ပြည်ထောင်စု ရဲ့ ခိုင်မာတဲ့ထောက်ခံမှုကို နိုင်ငံခြားရေးဝန်ကြီးက အထူးဖော်ပြပြောဆိုမယ်လို့ နိုင်ငံခြားရေး ဌာနပြောခွင့်ရ John Kirby ကပြောပါတယ်။

IS အစွန်းရောက်အဖွဲ့ကို အီရတ်နိုင်ငံက ဦးဆောင်ပြီး နှိမ်နင်းနေတာမှာ နိုင်ငံစုံ ပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့က ဆက်ပြီး ပံ့ပိုး ကူညီပေး သွားရေးကိစ္စကိုလည်း မစ္စတာကယ်ရီဆွေးနွေးမယ်လို့ ပြောခွင့်ရ Kirby ရဲ့ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်မှာ IS စစ်သွေးကြွတွေလက်ထဲကျသွားတဲ့ မြောက်ပိုင်းက Mosul မြို့ကိုပြန်ရဖို့ အီရတ်ဦးဆောင်တဲ့တပ်ဖွဲ့တွေ ထိုးစစ် ဆင်နေတဲ့အချိန်မှာပဲ ဝန်ကြီးကယ်ရီ သွားရောက်တာပါ။

မိုဆူးလ်မြို့သိမ်းတိုက်ပွဲအတွက် အမေရိကန်က နောက်ထပ် အကူအညီတွေပေးဖို့ ရှိနိုင်ပါတယ်။ အီရတ်မှာ နောက်ထပ် စစ်ဘက် အခြေစိုက်စခန်းငယ်တခုဖွင့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောထားပါတယ်။

XS
SM
MD
LG