သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ်ဒုံးကျည် မစမ်းသပ်ဖို့ မြောက်ကိုရီးယားကို ဂျွန်ကယ်ရီ သတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ တွေ့ဆုံစဉ်။ ( ဧပြီ ၁၂၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ တွေ့ဆုံစဉ်။ ( ဧပြီ ၁၂၊ ၂၀၁၃)
မြောက်ကိုရီးယားအနေနဲ့ ပြောထားတဲ့အတိုင်း ဒုံးကျည် စမ်းသပ် ပစ်လွှတ် မှု ပြုလုပ်မယ်ဆိုရင် အဲဒီလိုလုပ်ရပ်ဟာ မဟာအမှားဖြစ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အဲဒီ ဒုံးကျည် စမ်းသပ်ပစ်လွတ်မှုကို မကြာခင် အချိန် အတွင်း အချိန်မရွေး ပြုလုပ်နိုင်တယ်လို့ ယူဆထားကြတာ ပါ။ နျူကလီယား လက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံအဖြစ် နိုင်ငံတကာအသိုင်းဝိုင်းက လက်ခံမှာမဟုတ်ဘူးလို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က ထပ်လောင်း ပြောကြားလိုက်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာတွေမှာ ဖော်ပြထားတာနဲ့ ဆန့်ကျင်ပြီး မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်ထိပ်ဖူးမှာ နျူကလီယားလက်နက် တပ်ဆင် ပစ်လွှတ်နိုင်တဲ့အဆင့် မရှိသေးဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ အမေရိကန်တို့က တုံ့ပြန် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။

အမေရိကန်ပြည်မကြီးအပါအဝင် ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေ ကို နျူကလီယားလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယား ဘက်က အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုနေတာပါ။ ဒါ့အပြင် မြောက် ကိုရီးယား အနေနဲ့ နျူကလီယားထိပ်ဖူးပါတဲ့ ဒုံးကျည်ကို ပစ်လွှတ်နိုင်တယ် ဆိုတာကို ပြသမယ့် စမ်းသပ် ပစ်လွှတ်မှု လုပ်ဆောင်ဖို့ နောက်ဆုံးအဆင့် ကို ရောက်နေပြီလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

အခုလို ခြိမ်းချောက် ပြောဆိုနေမှုတွေကို ဝန်ကြီးကယ်ရီက ဝေဖန်ပြောဆို လိုက်ပြီး မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ဒုံးကျည် ပစ်လွတ်တာထက် စားနပ်ရိက္ခာကို အရေးတကြီး လိုအပ်နေပြီး ခေါင်းဆောင်တွေက အာဏာပြ တာထက် တခြား အခွင့်အရေးတွေကို လိုချင်နေကြတာလို့ ဆိုပါတယ်။

အမေရိကန်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်တာအပြင် မဟာမိတ်တွေ ကိုလည်း အကာကွယ်ပေးသွားဖို့ ဝန်လေးမှာမဟုတ်ဘူး လို့ တောင်ကိုရီး ယားနိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ကယ်ရီက ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ခြိမ်းချောက် ပြောဆိုမှုတွေကို ရပ်တန့်ပြီး သူ့ရဲ့ နျူကလီယားအစီအစဉ် ရပ်တန့်ရေးကို ဦးတည်မယ့် တွေ့ ဆုံ ဆွေးနွေးရေး စကားဝိုင်းကို ပြန်လာဖို့ တိုက်တွန်းလိုက်ပါတယ်။
XS
SM
MD
LG