သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီထောင်မှူး ထောင်ဒဏ် တစ်သက်ကျ


ခမာနီထောင်မှူး ထောင်ဒဏ် တစ်သက်ကျ
ခမာနီထောင်မှူး ထောင်ဒဏ် တစ်သက်ကျ

ခမာနီအစိုးရလက်ထက် ထောင်အကြီးအကဲကို လူ့သမိုင်းမှာ အဆုံးရွားဆုံးပြစ်မှုတွေကို ကျူလွန်ခဲ့တဲ့အတွက် ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက စစ် ရာဇဝတ်ခုံရုံးက ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။ အောက်တရားရုံးက ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့တာမှာ အစိုးရရှေ့နေတွေက သက်ညှာလွန်းတဲ့အမိန့်လို့ ဆိုပြီး ပြန်လည် လျှောက်တင်ခဲ့တာကြောင့် အခုနောက်ဆုံး ထောင်ဒဏ်တစ်သက် တိုးမြှင်ချမှတ်ခဲ့တာပါ။

တရားရုံးရဲ့ ဥက္ကဋ္ဌ Kong Srim က ဒွိုက် လို့လူသိများတဲ့ Kaing Guek Eav အတွက် အမိန့်စာကို ဖတ်ကြားခဲ့တာမှာ ဒွိုက်ဟာ အံ့သြတုန်လှုပ်စရာ၊ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ သူ၊ အမြင့်ဆုံး ပြစ်ဒဏ်နဲ့ ထိုက်တန်တဲ့သူ လို့ ပြောသွားခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေက ကြောက်စရာကောင်းလှတဲ့ Tuol Sleng အကျဉ်းထောင်တွင်း ခန့်မှန်းချေ လူပေါင်း တစ်သောင်းလေးထောင် လောက် အသတ်ခံခဲ့ရတဲ့ သတ်ဖြတ်မှုတွေကို ဒွိုက်က ကြီးကြပ်ခဲ့တယ်လို့ ခုံရုံးက ဆိုပါတယ်။ သူ့အတွက် ပြစ်ဒဏ်ကို ဖတ်ကြားနေချိန်မှာ အသက် ၆၉ နှစ်အရွယ် ဒွိုက်ဟာ ခံစားမှု သိပ်ရှိပုံ မပြခဲ့ပါဘူး။

အခု ထုတ်ပြန်လိုက်တဲ့အမိန့်ဟာ နောက်ထပ် အယူခံတင်နိုင်တဲ့ ဘယ်လို အခွင့်အလမ်းမှ ရှိတော့မှာမဟုတ်တဲ့ နောက်ဆုံး စီရင်ချက်ပဲ ဖြစ်ပါတယ်။ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ဒွိုက်ကိုယ်တိုင်က ဝန်ခံခဲ့တာပါ။ ဒါပေမဲ့ တင်းကျပ်တဲ့ ခမာနီခေါင်းဆောင်တွေရဲ့ အမိန့်ကို လိုက်နာဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကို ခွင့်လွှတ်ဖို့ တောင်းခံခဲ့ပါတယ်။

XS
SM
MD
LG